Friday, May 01, 2015

ဇရာ...


ပျိုရွယ်စဉ်ခါ၊ လိုရာပါလျက်
ငါတကြွကြွ။


အိုကာလ၌၊ ထလည်းမနိုင်၊
ထိုင်လည်းမကောင်း၊ လျောင်းလဲမသာ၊
လိုမပါဘူး။

ဇရာဤ၀ဋ်၊ ကင်းမလွတ်နိုင်၊
မချွတ်သေအောင် ၊အမြဲဆောင်၏။

Tuesday, April 28, 2015

နိုင်ငံရေး အခြေခံသည် ပညာဖြစ်သည်


ပြည်အုပ်ချုပ်ရေး စနစ်များအနက် ဒီမိုကရေစီ စနစ်သည် အခက်ဆုံး ဖြစ်လေသည်။ ဒီမိုကရေစီ အောင်မြင် ရန် ပြည်သူ ပြည်သားတို့သည် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား လုံလောက်အောင် ရှိကြရမည်။ အသိဉာဏ် ကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီ စနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်။

ထို့ကြောင့် မဲဆန္ဒရှင်တိုင်းသည် ပညာတတ်ကြရမည်။ ဆင်ခြင်တုံတရားကို သုံးနိုင်ကြ ရမည်။ ပညာသည် နိုင်ငံရေး အခြေခံကြီး အစစ်ဖြစ်၏။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်” ( ၁၉၄၅ )

Friday, April 24, 2015

ဝါဒဖြန်ချီ့ခြင်း


ယနေ့ ‘ဝါဒဖြန့်ခြင်း’ ဆိုတဲ့စကားလုံးကို မုသာဝါဒ လိမ်ညာမှှုတွေ ဖြန့်ဖြူးလိုတဲ့ အခါမှာ မကြာခဏ အသုံးပြု တတ်ကြ ပါတယ်။ သို့သော် အဲဒီ ဝါဒဖြန့်ခြင်း (propaganda) ဝေါဟာရကို အမှန်တရား ပြန့်နှံ့စေဖို့ ရည်ရွယ်ချက်နဲ့ ရောမကက်သလစ်ကျောင်းတော်က ဟိုးနှစ်ပေါင်းများစွာက စပြီး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ပညာရပ်ဝေါဟာရအရဆိုရရင် ဝါဒဖြန့်ခြင်းဆိုတာ လူထုရဲ့ အတွေးအမြင်စိတ်ကူး ရှှုထောင့်တွေ
 ပြောင်းလဲပစ်ဖို့ ရည်ရွယ်ချက် နဲ့ ရေးထား၊ ပြောထား၊ ဓါတ်ပုံရိုက်ထား၊ ဗွီဒီယိုမှတ်တမ်းတင်ထားတဲ့ အရာရာကို ဖြန့်ေ၀ ထုတ်လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဝါဒဖြန့်လုပ်ငန်းကို စစ်ပွဲတွေနဲ့  စစ်ပွဲလို အခြေ အနေတွေမှာ လက်နက်ကရိယာသဖွယ် အသုံးပြုကြပါတယ်။ တစ်နည်းဆိုရရင် ‘စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ’ (the war of the mind)၊ စိတ်ဓာတ်စစ်ဆင်ရေး(psychological warfare)တို့ရဲ့ လုပ်ငန်း အစိတ် အပိုင်းပါပဲ။

ထပ်ကြိုးစားလိုက်စမ်းပါ...



လူဆိုသည်မှာ ကြိုးစားရန် အခွင့်အရေးကို ရတိုင်း ကြိုးစား၍ နေရလေသည်၊ မကြိုးစားလျှင် ဘာမှမဖြစ်၊ ကြိုးစားလျှင်သော်မှ ဖြစ်ချစ်ဖြစ်မည်၊ မဖြစ်ချင်နေမည်။

Wednesday, April 22, 2015

ဝန်ထမ်းဆိုတာ...


ဝန်ထမ်းဆိုတာ... အောင်မြင်တဲ့ Company တခုဖြစ်ဖို့ အရေးကြီတဲ့ Resource ဖြစ်လို့ သူတို့ကို အမြဲ Active ဖြစ်ဖို့ HR က သင့်တော်တဲ့တာဝန်ခွဲဝေမှုတွေ၊ ထိုက်တန်တဲ့ခံစားခွင်တွေနဲ့ Motivate လုပ်ဖို့လိုအပ်ပါတယ်...

ဝန်ထမ်းတွေ Demotivate ဖြစ်နေပြီဆိုရင် ဘယ်လိုတွေတုံ့ပြန်လာသလဲဆိုတော့...
၁။ သတ်မှတ်ထားတဲ့ အလုပ်အချိန် ထက်နောက်ကျပြီးမှ ရောက်တယ်။
၂။ အလုပ်ဆင်းရမယ့် အချိန်နီးလာရင် နာရီကို လှမ်းကြည့်တတ်တယ်။
၃။ အလုပ်ဆင်းရမယ့် အချိန်ထက်စောပြီး ဆင်းတတ်တယ်။
၎။ စည်းကမ်းတွေကို နည်းမျိုးစုံနဲ့ ဖောက်လာတယ်။
၅။ တာဝန်တွေကို ပေါ့ဆစွာ ထမ်းဆောင် လာကြတယ်။
၆။ တာဝန်ပေးရင် တာဝန်မယူလိုဘဲ နောက်ဆုတ် လာကြတယ်။
၇။ တစ်နေ့တာ အလုပ်တွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးစီးအောင် မလုပ်နိုင် ကြတော့ဘူး။
၈။ အသေးအဖွဲ့ကိစ္စတွေနဲ့ပတ်သက် ပြီးအမြဲလိုလို ညည်းညူလာတတ် ကြတယ်။
၉။ အလုပ်မပြီးတာနဲ့ပတ်သက်ပြီး တစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန် အပြစ်ပုံချ လာတတ်ကြတယ်။

Monday, April 06, 2015

ကံ ကံ၏အကျိုး


လောကတွင် လူတစ်ချို့က ဒုစရိုက်ရှောင်ပြီး ကုသိုလ်ကံတွေ လုပ်ပါတယ်။ ကြိုးစားပါတယ် ၊ ရိုးသားပါတယ်၊ မိဘမျိုးရိုးလည်း ကောင်းပါတယ်၊ ရုပ်ရည်လည်း သန့်ပြန့်ပါတယ်။ဒါပေမယ့် ဘ၀ဟောင်းက ကံအကြောင်း မလှလို့ဘဲ ဆိုရမလား . . .ကံမရှိ ဥာဏ်ရှိတိုင်းမွဲ လို့ပဲ ဆိုရမလားမသိဘူး သူတို့ခမျာ ရွှေငွေမ၀တ်နိုင်၊ အိမ်ပိုင်၊ယာပိုင်၊ မရှိ။

ကားတွေတိုက်တွေ ဆိုတာတော့ ဝေလာဝေးပါ ရှာလိုက်၊ စားလိုက်၊ ပြောင်းလိုက်၊ ရွှေ့လိုက်၊ ကြွေးတင်
လိုက်၊ ပြန်ဆပ်လိုက်၊ ထပ်ချေးလိုက်၊ ထပ်အဆင်မပြေနဲ့သံသရာ လည်နေပါတယ်။

လူတစ်ချို့က ဘာသာရေး အရေးပေးလိုက်စားတယ်၊ ငါးပါးသီလမြဲတယ်၊ သူတစ်ပါး နစ်နာအောင်လည်း ဘယ်တော့မှ မလုပ်ပါဘူး ၊ဒုစရိုက်ရှောင်ပြီး သုစရိုက်ဆောင်ပါတယ်။သူများကို သူကနစ်နာအောင် မလုပ်ပေမယ့် သူများက နစ်နာအောင် လုပ်တာကို ခံကို ခံနေရတယ်။ မကြာခဏ ကြုံကိုကြုံ၊ ဆုံကို ဆုံရတယ်။


Sunday, April 05, 2015

ဟန်


လူတွေဟာ အချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာ လိမ်ညာ ဖြီးဖြန်းပြီး ဆက်ဆံနေကြတာ မဟုတ်တာကို အဟုတ်လုပ်ပြော ၊ မြှောက်ပင့်ပြီးလည်းပြောတယ်၊အလုပ်ဖြစ်အောင် ၊ ကိုယ့်အကျိုး ပြီးမြောက်အောင် လှည့်ပတ်ပြောတယ်. . .

လူဟာ ဟန်ဆောင်လည်းကောင်းတယ် ၊ ဟန်လုပ်လည်းပြောတယ်၊ စိတ်ထဲက လိမ်ညာပြီး ဖြီးဖြန်းနေပေ မယ့် အပြင်ဟန်ပန်လေသံတွေက တည်ကြည်တဲ့ လူရိုးလူဖြောင့်လိုလို ၊ သူကောင်းလိုလို ပိပိရိရိ ဟန်ဆောင်တတ်၊ သရုပ်ဆောင်တတ်တယ်။

"မုသားမပါ လင်္ကာမချော" ဆိုတဲ့ အဆိုအမိန့်အတိုင်း လိမ်ညာနေတာကိုပဲ လိမ်ညာနေတယ်လို့ မသိ ရအောင် အဖုံးအကွယ် အလှည့်အချိုးတွေနဲ့ လူလည်တွေဟာ ပြောတတ်ဆိုတတ်တယ်။ မှန်ကန်သော စကားတွေကို ဆိုနေတဲ့ လူမှန်လူဖြောင့် ပုံပေါ်အောင် ဖော်ဆောင်တတ်ကြတယ်။