ဇရာ... May 01, 2015 – by Anonymous ပျိုရွယ်စဉ်ခါ၊ လိုရာပါလျက် ငါတကြွကြွ။ အိုကာလ၌၊ ထလည်းမနိုင်၊ ထိုင်လည်းမကောင်း၊ လျောင်းလဲမသာ၊ လိုမပါဘူး။ ဇရာဤ၀ဋ်၊ ကင်းမလွတ်နိုင်၊ မချွတ်သေအောင် ၊အမြဲဆောင်၏။ သားချောင်သွေးခန်း၊ ရွေ့ရွေ့မြန်း၍၊ မလန်းမလူ၊ ဇရာဟူသည်၊ ဆံဖြူသွားကျွတ်၊ တွတွရွတ်လျက်၊ ယွင်းချွတ်ပျက်ပြို၊ နေ့တိုင်းအိုသည်၊ ဤကိုယ်ပျောက်လိမ့် မနှေးတည်း..... (မန်လည်ဆရာတော်) Email ThisBlogThis!Share to XShare to Facebook