လူတွေဟာ
အချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာ လိမ်ညာ ဖြီးဖြန်းပြီး ဆက်ဆံနေကြတာ မဟုတ်တာကို အဟုတ်လုပ်ပြော ၊ မြှောက်ပင့်ပြီးလည်းပြောတယ်၊အလုပ်ဖြစ်အောင် ၊
ကိုယ့်အကျိုး ပြီးမြောက်အောင် လှည့်ပတ်ပြောတယ်. . .
လူဟာ ဟန်ဆောင်လည်းကောင်းတယ် ၊ ဟန်လုပ်လည်းပြောတယ်၊ စိတ်ထဲက လိမ်ညာပြီး ဖြီးဖြန်းနေပေ မယ့် အပြင်ဟန်ပန်လေသံတွေက တည်ကြည်တဲ့ လူရိုးလူဖြောင့်လိုလို ၊ သူကောင်းလိုလို ပိပိရိရိ ဟန်ဆောင်တတ်၊ သရုပ်ဆောင်တတ်တယ်။
"မုသားမပါ လင်္ကာမချော" ဆိုတဲ့ အဆိုအမိန့်အတိုင်း လိမ်ညာနေတာကိုပဲ လိမ်ညာနေတယ်လို့ မသိ ရအောင် အဖုံးအကွယ် အလှည့်အချိုးတွေနဲ့ လူလည်တွေဟာ ပြောတတ်ဆိုတတ်တယ်။ မှန်ကန်သော စကားတွေကို ဆိုနေတဲ့ လူမှန်လူဖြောင့် ပုံပေါ်အောင် ဖော်ဆောင်တတ်ကြတယ်။