Tuesday, March 18, 2014

ပန်းကလေးများ ပွင့်ပါစေ၊ ပွင့်သောပန်းများ မွှေးပါစေ၊ မွှေးသောပန်းတိုင်း လန်း ပါစေ.........



ဒီကလေးမလေးက ထိုင်းနိုင်ငံ မဟာချိုင်မြို့ လူစည်ကားတဲ့ ရေထွက် ပစ္စည်း ရောင်းဝယ်တဲ့ဈေး
 ဒေသအခေါ် ဖယ်ဆိုတဲ့ လုပ်ငန်းတစ်ခုမှာနေ့တိုင်း တွေ့ရတတ်ပါတယ်။ အသား ခပ်လတ်လတ် မျက်လုံး ဝိုင်းဝိုင်း မျက်ခုံးကောင်းကောင်း နှုတ်ခမ်းပါးပါးလေးနဲ့ ကောင်မလေးပါ။ သနပ်ခါး ပါးကွက်ကြား လိမ်းထားတဲ့ အသက် ၁၄နှစ် ကလေးမလေးက ဂုတ်ထောက်နေတဲ့ ဆံပင်လေးကို ကြက်တောင်စည်းလေး စီးထားပါတယ်။

သူ့အရှေ့မှာတော့ ဝယ်သူမရှိတော့တဲ့ ပုစွန်တွေကို ကီလိုစားဖြင့် အခွံခွားထားတဲ့ ပုစွန်ပုံ ရှိနေပါတယ်။ သူ့ရဲ့ ပိန်လှီလှီ လက်ကလေးတွေနဲ့ ပုဇွန်တွေကို တစ်ကောင်ပြီးတစ်ကောင် လူကြီးတွေနှင့်အပြိုင် ကီလိုများများရဖို့ အတွက် အလုအယက် ခွာနေပြီး အလုပ်ဦးစီး ဝဏ္ဏဆီကနေ ပုစွန်တွေ ထပ်တောင်းနေပါတယ်။

သူ့က မရွှေဇင် ၊ဘ၀ပေးအခြေအနေနဲ့ နာမည်နဲ့ ကတော့ ပြောင်းပြန်ပါ။ တစ်ခါတလေမှာတော့ သူကို မဟာချိုင်က ဈေးတွေမှာ ပလတ်စတစ် ခုံပုလေးနဲ့ မုန့်တွေ ရောင်းနေတာ တွေ့ရသလို၊ အလုပ်ရုံကနေ အလုပ်သမားတွေ ပြန်ချိန်မှာလည်း အစ်ကိုတို့ အစ်မတို့ရေ အကြော် စုံတွေ ရမယ်လို့ အော်ရောင်းနေ တာမျိုးလည်း တွေ့နိုင်ပါတယ်။



Sunday, March 16, 2014

မနာလိုစိတ်နှင့် အားကျသောစိတ်

ပထမဆုံး ကျွန်တော်တို့ပုထုစဉ်လူသားများရဲ့ စိတ်သဏ္ဌာန်မှာ မနာလိုစိတ်လေးတွေ အနည်းနဲ့အများ ကိုယ်စီကိုယ်စီ ရှိနေတယ်ဆိုတာကိုတော့ လက်ခံရမယ့်အချက်ပါပဲ။ မနာလိုစိတ်(ဣဿာ) ကိုတော့   ထွေထွေ ထူးထူး ပြောနေစရာလိုမယ်မထင်ဘူး။ ဘုရားဟော အဘိဓမ္မာတော်ပါ အကုသိုလ်စေတသိတ် များထဲက တစ်ပါးဖြစ်လို့ မကောင်းတဲ့စိတ်ထားဆိုတာ အထင်အရှားသိနိုင်ပြီ။

လူလောကမှာ အချို့သောလူတွေဟာ အောင်မြင်ကြပြီး အချို့လူများက မအောင်မြင်ကြ၊ အချို့လူများ က အလုပ်အကိုင်အဆင်ပြေပြီး အချို့လူများက ဒုက္ခရောက်ကြတာ၊ အချို့လူများက ကံကောင်းကြပြီး အချို့ မှာ တော့ ကံအကျိုးမပေးကြတာတွေဟာ လောကသဘာဝအတိုင်း မညီမညာရှိနေကြတာချည်း ပဲဖြစ် ပါတယ်။ 

ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းမည်

ဤလောကကြီးတွင် ခေါင်းဆောင်ဟူသည် နေရာတိုင်းတွင်ရှိမြဲဖြစ်၏။ အိမ်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်
စေ၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင် တိုင်း၊ နိုင်ငံတွင်ဖြစ်စေ ခေါင်းဆောင်ဟူ၍ ရှိနေမြဲပင်ဖြစ်ပေသည်။ အသင်းအဖွဲ့ အမျိုးမျိုးတွင်လည်း ခေါင်းဆောင်ဟူ၍ ရှိရ၏။ ယုတ်စွအဆုံး ခေတ္တယာယီပြုလုပ်ကျင်းပသော အခမ်းအနားမျိုးတွင်ပင်လျှင် ခေါင်းဆောင်ဆိုသူကို ထားရှိမြဲဖြစ်၏။ထိုကဲ့သို့ ခေါင်းဆောင်ထားရှိခြင်း သည်   လောကအစဉ်အလာဖြစ်ချေ၏။ ရှိသင့်ရှိထိုက်၊ ကျင့်သင့်ကျင့်ထိုက်သည့်အစဉ်အလာလည်း ဖြစ်ချေ သည်။

ရဟန်းတော်များ၏ အဖွဲ့အစည်းတွင်လည်းခေါင်းဆောင်ရှိရပါသည်။ လူမှုရေးအဖွဲ့အစည်း၊ ပရဟိတအဖွဲ့ အစည်း၊ နာရေးအဖွဲ့အစည်း သာရေးအဖွဲ့အစည်း၊ နိုင်ငံ့အဖွဲ့အစည်း စသည်ဖြင့် အဖွဲ့အစည်းတိုင်း မှာ   ခေါင်းဆောင်ရှိရသည်သာဖြစ်ချေ၏။ နောက်လိုက်ဖြစ်သူများက ခေါင်းဆောင်ဖြစ်သူကို ရိုသေလေးစားကြ ရ၏။ ယုံကြည်အားထားမှုလည်း ရှိကြရ၏။ ခေါင်းဆောင်ဖြစ်သူက နောက်လိုက်များ ကို စောင့်ရှောက် ထိန်း သိမ်း နိုင်မှုရှိကြရ၏။ ဤနေရာတွင် စောင့်ရှောက်မှုဟူသည်မှာ အမှန်တကယ်လိုအပ်နေ သည်ကို ဖြည့် ဆည်းပေးခြင်းဖြစ်၏။ ထိန်းသိမ်းမှုဆိုသည်မှာ ဆိုးကျိုးဖြစ်ပေါ်လာစေမှုမျိုးကို တရားသောနည်းလမ်းဖြင့် ထိန်းချုပ်ပေးခြင်း ကာကွယ်ပေးခြင်း လမ်းညွှန်မှုပေးခြင်းပင်ဖြစ်ချေ၏။ 

Friday, March 14, 2014

ရောဂါမျိုး၄၀အား သက်သာပျောက်ကင်းစေမည့် ပင်စိမ်းရွက်



(၁) နားကိုက်=ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့်ပေးပါ။

(၂) သွားကိုက်=ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။

(၃) ကလေး ကျောပူ ခေါင်းပူ=ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)

(၄) ခေါင်းတခြမ်းကိုက်=ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကို ယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။

Sunday, March 09, 2014

ရှင်သန်ခြင်း

 နေသည် ပူပြင်းလွန်းလှသည်။ သူ့ ရင်မှ အပူကို မှီမည် မထင်။သားငယ် နှစ်ယောက် ၏ ကျူရှင်လခ မပေးနိုင်ခြင်း အတွက် ကျူရှင် မသွားချင်ဘူးဟု ငြင်းဆို နေသော အသံ များ၊ ဆယ်တန်းကျောင်းသူ သမီးကြီး ၏ အထူးထုတ်ဝယ်ရန် ပူဆာသံ များကို ကြားယောင်မိပြန် သည်။ နောက်ပြီး အထူးထုတ် တစ်အုပ်၏ တန်ဘိုး ……….။


     အလိုက်မသိတတ်ရန်ကောဟုတော့ အပြစ်မမြင်ချင်ပါ။ ရုံးမှ အရာရှိပေါက်စ သူ့  လစာနှင့် အထက်တန်း စာရေး သူ့  အမျိုးသမီး နှစ်ယောက်ပေါင်းလစာတို့ က သား သမီး သုံးယောက်ကို လူတန်းစေ့ ထားနိုင်အောင် မနည်းကြိုးစားရသည်။ အကြွေး စာရင်းတို့ ကို မသိချင်တော့၍ တခါတရံ အတိတ်မေ့ရောဂါပင် ရချင်သည်။

    

လုပ်ငန်းရှင်ဖြစ်လာဖို့ သွားရန် နည်းလမ်း




ဒါကတော့ နိုင်ငံတကာက ပြောတဲ့ Formal Step တွေပေါ့နော်။ မြန်မာပြည်နဲ့ကတော့ ဘယ်တူပါ့မလဲ။ သို့ပေ မယ့် လေ့လာလို့ရအောင် သူတို့ နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။

1. Find a Product (or idea)
ပထမဆုံး ကုန်ပစ္စည်းတစ်ခုကို ရှာဖွေရမယ်။ အိုင်ဒီယာဆိုလည်း အိုင်ဒီယာပေါ့။ အဲဒါက လူသိများကောင်း လူသိများလိမ့်မယ်။ သို့ပေမယ့် ပြီးပြည့်စုံလောက်အောင် မကောင်းသေးတဲ့ အရာတစ်ခု။

2. Buy One and Stuty it
အဲ့ ပစ္စည်းကို ဝယ်ရမယ်။ ပြီးတော့ အသေးစိတ် ကျကျ လေ့လာရမယ်။ အိုင်ဒီယာဆိုရင်လည်း ယင်း အိုင်ဒီယာကို အတွင်းကျကျ လေ့လာရမယ်။ လိုအပ်ရင် ထပ်မံ သင်ယူရအုံးမယ်။

Saturday, March 08, 2014

ခေါင်းဆောင်အင်္ဂါရပ်များ


1. မိမိတာဝန်ယူထားတဲ့လုပ်ငန်းကို ကျွမ်းကျင်အောင်လေ့လာထားပြီး ပြဿနာတစ်ရပ်ရဲ့ဇစ်မြစ်ကို ချက်ချင်းသဘောပေါက်နားလည်နိုင်စွမ်းရှိ၍ အချိန်တိုအတွင်း ဖြေရှင်းနိုင်ရပါမယ်။

2. လက်အောက်များကို အချိန်ဖြုန်းခြင်း၊ တာဝန်ရှောင်လွဲခြင်း၊လူကြီးရဲ့အမိန့် စောင့်နေခြင်းများ မဖြစ်အောင် ကြပ်မတ်ပြီး ဘာ့ကြောင့်ဖြစ်ဖြစ် အလုပ်သမားများရဲ့ အချိန်ကို အကြောင်းမဲ့ မဖြုန်းတီးမိစေဖို့ သတိထားရပါမယ်။