ဦးဆုံး မလေ့လာ၊ မသင်ယူဘဲ၊ ဦးဆောင်မှုမခံပဲ သင် ခေါင်းဆောင်တစ်ဦး ဖြစ်မလာနိုင်ပါ။
(Tiorio)
၁။စံပြနည်းလမ်းကောင်း
ခေါင်ဆောင်များသည် ကောင်းသော အခြေခံစည်မျဉ်းများကို
ချမှတ်ရမည်။အများနှင့်သက်ဆိုင်သော (ကိုယ် စားလှယ်များ၊လုပ်ဖော်ကိုင်ဖက်များ၊ရောင်းရင်များ၊ဖောက်သည်များ)ရည်မှန်ချက်
ပေါက်မြောက်အောင်
ဆောင်ရွက်ရမည်။ကောင်းမွန်အဆင့်မြင့်သော
စံနှုန်းများကိုဖန်တီးရပြီး အခြားသူများလိုက်ပါနိုင်အောင်စံပြ
တစ်ဦးဖြစ်ရမည်။ ခက်ခဲ ရှုပ် ထွေသော
အပြောင်း အလဲတစ်ရပ်သည်အများ အပေါ်သက်ရောက်မှု တစ်ခု ရှိပြီး ရေတိုစီမံကိန်းများ
ချမှတ်ကာ အောင်မြင်မှု ငယ် များမှ တစ်ဆင့်ပို၍ကြီးမားသော
ရည်မှန်ချက် ကိုရောက် ရှိစေရမည်။ခေါင်းဆောင်များက အများတွက်
မှန်ကန်သောဦးတည်ရာလမ်းကြောင်းကို ချမှတ်ပေး ရမည်ဖြစ်ပြီး
မရေရာခြင်းများမှတစ်ဆင့် အခွင့်အလမ်းများကို
ဖန်တီးကာအောင်နိုင် မှုကိုရယူ ရမည်။