Saturday, July 20, 2013

ကြိုက်ရာရွေးပါ


၁။ လူနတ်ချမ်းသာ, လိုချင်ရှာ, ပြုပါ ဒါန-သာ။
၂။ အနာရောဂါ, ကင်းချင်ရှာ, စောင့်ပါ သီလ-သာ။
၃။ စိတ်ဆင်းရဲတာ, လွတ်ချင်ရှာ, လုပ်ပါ သမထ-သာ။
၎။ နိဗ္ဗာန်ချမ်းသာ, လိုချင်ရှာ, ရှုပါ ၀ိပဿနာ။
၅။ ထိုလေးမျိုးမှာ, ဆွေသဟာ, ကြိုက်ရာရွေးချယ်ပါ။

သတ္တိ



"Courage is not being fearless. It is being fearful but doing it anyway."

     စာဖတ်ရင်းနဲ့ ဒီစာသားလေးသွားတွေ့လိုက်တယ်။ စဉ်းစားလေလေ အဓိပ္ပါယ်ရှိလေလေပဲ။ လူတော်တော်များများထင်တာက လုပ်ရဲကိုင်ရဲ သတ်ရဲဖြတ်ရဲတာ သတ္တိလို့ထင်တယ်။ တကယ်တော့အဲတာ သတ္တိအစစ်မဟုတ်ပါဘူး၊ အကြောက်အလန့်မရှိတာ သတ္တိမဟုတ်ဘူး။

သတ္တိရှိတယ်ဆိုတာ မကောင်းမှုလုပ်ရမှာတော့ကြောက်တယ် ဒါပေမယ့် အမှန်တရားအတွက် အများအကြို အတွက်ဆို ဘာပဲဖြစ်ဖြစ်၊သေပဲသေသေ နောက်မဆုတ်ဘူး မဖြစ်ဖြစ်အောက် လုပ်မယ်ဆိုတဲ့စိတ်ဟာ သတ္တိ အစစ်ပါပဲ။ အမှန်တရားဆိုလက်ပိုက်မကြည့်၊ အများအတွက်ဆို လက်မနှေးသူ သာလျှင်တကဲ့သူရဲကောင်း၊ သတ္တိရှိသူလို့ကျန်ုပ်တော့ထင်တယ်။

Wednesday, July 17, 2013

ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့် အလွယ်နည်းတွေ



(၁) လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း အားလုံးဟာ ကိုယ်အလေးချိန် လျော့ကျ စေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဝမ်းဗိုက် အဆီကျအောင် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီး အုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေ ကသာ ဝမ်းဗိုက်အဆီ လျော့ကျမှု ရှိခဲ့တာကို တွေ့ရပါတယ်။ စွမ်းအားမြှင့် လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။


(၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ

ဗိုက်ကို တုန်ခါစေတဲ့စက်နဲ့ အဆီချပေးတာက ထိုင်-ထ လေ့ကျင့်ခန်း လုပ်သလို ခြောက်လ အတွင်းမှာ ဝမ်းဗိုက်အဆီကို သိသိသာသာ လျော့ကျစေတာကိုတွေ့ရပါတယ်။

(၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ

စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှု ရှိတာက ဝမ်းဗိုက် အဆီတိုးတာနဲ့ ဆက်စပ်မှု ရှိပါတယ်။ ညဘက်မှာ ကော်တီဆော ဟော်မုန်းအဆင့် လျော့ကျအောင် အိပ်ရာ မဝင်ခင် တစ်နာရီအလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အနားယူပေးဖို့ လိုပါတယ်။

ကွန်ပျူတာကို ညဉ့်နက်တဲ့ အထိ အသုံးပြုတာကို ရှောင်သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျပါလိမ့်မယ်။

(၄) စောစော အိပ်ရာဝင်ပါ

တစ်ညမှာ ၅-၆ နာရီခန့်ပဲ အိပ်တဲ့သူတွေက တစ်ညမှာ ၇-၈ နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာတစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ တွေ့ရှိရပါတယ်။ “အိပ်ရေး ပျက်တာက ဆာလောင်မှု တိုးစေတဲ့ Ghrelin ဟော်မုန်းကို အထွက်တိုးစေပြီး ဆာလောင်မှုကို ဟန့်တားပေးတဲ့ Leptin ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ်” လို့ အိပ်စက်မှု ဆိုင်ရာ ပညာရှင် ဒေါက်တာ စတန်လေက ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်းနယ်တဲ့ အခါ သကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်အစာကို များများ စားမိတာကြောင့် ဗိုက်ပူလာရတာ ဖြစ်ပါတယ်။

(၅) ရှာလကာရည် သောက်ပါ

တစ်နေ့မှာ ရှာလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းသောက်တဲ့ အဝလွန်သူတွေက အချဉ်ရှောင်တဲ့ တခြားသူတွေထက် ဗိုက်ပူတာ ငါးရာခိုင်နှုန်း လျော့ကျမှု ရှိစေတယ်လို့ ဂျပန် သုတေသီတွေက လေ့လာ တွေ့ရှိခဲ့ပါတယ်။ ရှာလကာရည်မှာ အဓိက ပါဝင်တဲ့ Acetic Acid ဟာ ခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်။

(၆) ဒိန်ချဉ်စားပါ

နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီယမ် ၁၁၀၀ မီလီဂရမ်လောက် ရနေရင် ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို တင်နက်ဆီး တက္ကသိုလ်မှ လေ့လာ တွေ့ရှိရပါတယ်။ ကယ်လ်စီယမ်ဟာ အဆီကို လောင်ကျွမ်းစေလို့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြားအစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို) နဲ့ မပြည့်ဝဆီ(အခွံမာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး) စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။

(၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ

စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေတာနဲ့ အကြီးအကျယ် ဆက်စပ်မှု ရှိပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှု များနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာလို့ပါ။ ကော်တီဆော အထွက်များတာက အင်ဆူလင် ထွက်နှုန်းတိုးစေပြီး အဆီတွေ စုနေစေပါတယ်။

(၈) ဗီတာမင်ဒီကို ရယူပါ

နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီတာမင်ဒီရအောင် ယူပါ။ ဗီတာမင်ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ ဗီတာမင်ဒီ မလုံလောက်တာကြောင့် အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။

(၉) ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ

ဆေးလိပ် သောက်တာဟာ ဗိုက်ပူစေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကို တိုးစေတာကြောင့် ဗိုက်ပူတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆ ထားပါတယ်။

credit to ;Mg Mandalay

Sunday, July 14, 2013

အလင်းရောင်


ဖယောင်းတိုင်ဂယက်လှိုင်းတစ်ခုကိုအကြောင်းပြု၍ ဘုရားဟောပိဋကတ်တော်မှာ အလင်းရောင်နှင့် ပတ်သက်၍ ရှာဖွေကြည့်မိသည်။ အလင်းရောင်ကို ဘုရားဟောပိဋကတ်မှာ သြဘာသ ဟု  လာသည်။ အလင်းရောင်အကြောင်းကို အဂုၤတ္တရနိကာယ်၊ သြဘာသ သုတ်တော်မှာတွေ့ရသည်။



          ဤသုတ်တော်၌ အလင်းရောင်ကို လေးမျိုးပြထားသည်ကိုတွေ့ရသည်။ အဲဒါတွေကတော့…..

၁။ နေအလင်းရောင်။
၂။ လ အလင်းရောင်။
၃။ မီးအလင်းရောင်။
၄။ ပညာအလင်းရောင် ဆိုတာတွေပါ။



Saturday, July 06, 2013

စာဖတ်နည်း




“ စာပေဟူသည် ခေတ်တစ်ခေတ်၏ ကြေးမုံ ဖြစ်သည်။ “ ထိုကဲ့သို့ အဆို ရှိကြပါတယ်။ အဲဒီတော့ စာပေထဲမှာ ခေတ်၏ သဘော ပါဝင်တယ်လို့ အဓိပ္ပာယ် ရပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့  လက်ဆင့်ကမ်း ပညာအသိအရ စာဖတ်နည်းကို ဖော်ပြ လိုက်ပါတယ်။

Thursday, June 20, 2013

ကဆုန်လပြည့်နေ့တွင် မိဘခြေရာတောင်းယူလိုသူများအတွက်


မိဘခြေရာ ခံယူနည်း
မိဘခြေက္ခဏာ ခံယူပွဲသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ အလေ့အထ တစ်ခုဖြစ်၍ မြန်မာ မိသားစုတိုင်း ခံယူကျင့်သုံးသင့်ပါသည်။ ကျေးဇူးရှင် မင်းကွန်းဆရာတော် ဘုရားကြီးနှင့် ကုံလုံ ဆရာတော် ဘုရားကြီးတို့၏ မိဘခြေရာ တောင်းယူပူဇော်နည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ မိဘခြေရာ တောင်းယူသောနေ့ဟာ မိဘရော သားသမီးတွေပါ မင်္ဂလာရှိသော မွေးနေ့ (သို့မဟုတ်) မွေးရက်နှင့် မှတ်တမ်းအပ်သည့်နေများတွင် ကျင်းပလျှင် ပို၍ကောင်းမွန်၏။ 

Tuesday, February 12, 2013

မှတ်စရာလေးတွေ

whether or not you are satisfied
with yourself,people you have to meet,
the place where you are,
the situation you have got,
you have already started your life
( သင့် ကိုယ်သင်ဖြစ်စေသင်တွေ့ ရတဲ့ လူတွေကိုဖြစ်စေ
သင်ရောက်နေတဲ့ နေရာဒေသကိုဖြစ်စေ
သင်ရရှိနေတဲ့ အခြေအနေတစ်ခုကို ဖြစ်စေ
သင်သဘောကျ ကျေနပ်သည်ဖြစ်စေ
မကျေနပ်သည်ဖြစ်စေ သင်ဟာ
သင့် ရဲ့ ဘ၀ကိုစနှင့် နေပါပြီ )