ဘန်ကောက်မြို့နယ်တွင် မြန်မာအလုပ်သမားများစွာနေထိုင်သည် ဘန်ခွန်ထီယမ်နယ်မြေတွင် ကူးစက် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းကျန်းမာရေးဝန်ထမ်းများသည် Biosafety Mobile Unit ယာဉ်နှင့်အတူ ဘန်ခွန်ထီယမ် ( ၁၄ )လမ်းရှိ ၌ အခမဲ့ကိုဗစ်ရောဂါပိုးစစ်ဆေးပေးခြင်းကို ယနေ့တွင်
လာရောက်ဆောင်ရွက်ပေးကြောင်းသိရသည်။
အဆိုပါနယ်မြေရှိ ရပ်ကွက်အကျိုးပြုကျန်းမာရေးစင်တာမှ စေတနာဝန်ထမ်းဖြစ်သူ ကိုအောင်ဇင်ဖြိုးက ကိုဗစ်ရောဂါစစ်ဆေးခြင်းနှင့်ပက်သတ်ပြီး အခုလိုပြောပါတယ်...
'' အနီးတဝှက်မှာနေတဲ့ မြန်မာအလုပ်သမားတွေအပြင် ထိုင်းနိုင်ငံသားတွေပါဆေးလာစစ်တာ အခုဆို ၁၅၀လောက်ရှိပြီးပေါ့ မည်သူမဆို အခမဲ့လာရောက်ဆေးစစ်လို့ရတယ် အကယ်လို့ ပိုးတွေ့သူဆို ရောဂါအခြေနေမဆိုးတဲ့သူဆို home quarantine နေဖို့အတွက် ဆေးတစ်ဗူးနဲ့အစားသောက်ထုပ်တွေပေးတယ် နောက်ပြီး quarantine နေ့စဉ် အစားသောက်တွေစီစဉ်ပေးတယ်ပေါ့"