Tuesday, September 13, 2022

အဆင်း နဲ့ အတက် ဘယ်ဟာများလဲ

 


အဆင်းဆိုတာ 

အကုသိုလ်တရားကိုပြောတာ၊

အတက်ဆိုတာ

ကုသိုလ်တရားကိုပြောတာ။


လမ်းနှစ်လမ်းပေါ်မှာသွားနေတဲ့ သတ္တဝါ

တွေကိုနှိုင်းယှဉ်ကြည့်လိုက်တော့ အဆင်း

လမ်းကသွားကြတာက ပိုများနေတယ်၊၊

သူကသွားလို့လွယ်တယ်၊

လျောချလိုက်ရုံလေးပဲ၊အတက်လမ်းကို

သွားတဲ့ပုဂ္ဂိုလ်သတ္တဝါကသိပ်နည်းတယ်၊

သူက  ကြိုးကြိုးစားစား  တက်ရတာ  ဆို

တော့ စိတ်မနိုင်သူတွေများတယ်။

ဗုဒ္ဓဘာသာတစ်ဦး၏ အခြေခံသိရမယ့်အချက်များ

 


◉ ဗုဒ္ဓဘာသာတစ်ဦး၏ အခြေခံသိရမယ့်အချက်များကို ပြောပြပါဘုရား။


ဗုဒ္ဓဘာသာတစ်ဦးဖြစ်ပြီဆိုရင် အခြေခံအားဖြင့် သိသင့်သိထိုက်တာကတော့

(၁) ကံတရားနဲ့ ကံတရားရဲ့ အကျိုးကို ယုံကြည်လက်ခံမှု၊ ဒါကို ကမ္မဿကတာ သမ္မာဒိဋ္ဌိ လို့ခေါ်တယ်။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ်။ ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ ရှိတယ်၊ responsible ပေါ့။ ကိုယ်လုပ်တာ ကိုယ် တာဝန်ယူတယ်ဆိုတဲ့အမြင်မျိုး ရှိရမယ်။ ဗုဒ္ဓဘာသာမှာ ဒါ အခြေခံအနေနဲ့ ရှိရမယ်။

သေခါနီး_စည်း_၃_တန်


ဝေဒနာ ပြင်းထန်လာပြီး ..ဝေဒနာက အချိန်နဲ့အမျှ ရှေ့ကိုသာ တိုးတယ်။

နောက်ကို ပြန်မဆုတ်ဘူး၊

ဒါဆို ကိုယ့်ကိုယ်ကိုယ် သေရမှာ လူတိုင်းသိတယ်။


ပြောရရင်တော့ ..

ဒီတောင် မကျော်နိုင်တော့ဘူး ... ကိုယ့်ကိုယ်ကိုယ် သိတယ်။

Wednesday, September 07, 2022

စေတနာအားလျော်စွာ ကံတရား၏ အကျိုးပေးမှု

 


 ကိုယ့်ရှိတာကို လှူတဲ့ပုဂ္ဂိုလ်ဟာ လှူခြင်းကြောင့် ဖြစ်လေရာဘ၀မှာ ဘာဖြစ်လို့တုန်းဆိုတော့ ကံရဲ့သဘောတရားကို တုန့်ပြန်မှုလို့ ခေါ်တယ်။

★ ကိုယ်လုပ်တဲ့ကံဟာ ကိုယ့်ဆီ တုန့်ပြန်လာတာပဲ။ ကိုယ်လုပ်တဲ့ကံက သူတစ်ပါးကို ရစေတာဖြစ်လို့ သူတစ်ပါးကို ရစေတဲ့ဒါနကောင်းမှုသည် ကိုယ့်ကို ပြန်ရစေတယ်ဆိုတဲ့ အကျိုး တုန့်ပြန်ပေးတယ်။

★ သူတစ်ပါးကို "လာပါ၊ လှူကြရအောင်၊ လှူပါ" တိုက်တွန်းတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုယ်က တိုက်တွန်းလို့ အခြားသူတစ်ယောက် ကုသိုလ်ကောင်းမှု လုပ်ဖြစ်သွားတယ်။ 

Thursday, September 01, 2022

သေနည်းကောင်း

သေခါနီးကြလျှင် ဟိုအရေး၊ သည်အရေးတွေ ပြန်တွေးမနေနဲ့၊ ငယ်ငယ်တုန်းက မသိလို့မိုက်ခဲ့မိတာတွေ၊အကုသိုလ်လုပ်ခဲ့မိတာတွေ ပြန်မတွေးမိစေနဲ့။ ကုသိုလ်တွေ လုပ်ရမယ့်ဟာ မလုပ်ခဲ့ရသေးပါ သလားလို့လည်း ပြန်မတွေးမိစေနဲ့။ အားလုံးကို ဖြုတ်ချ။ တရား အားထုတ်နေတဲ့အခါဖြစ်စေ၊ တရားအားမထုတ်ဘဲနဲ့ နေတဲ့အခါမှာဖြစ်စေ ဘယ်တော့မှ ပြန်တွေးမနေပါနဲ့၊ အဲဒါတွေ ဖျောက်ပစ်။ အဲသလို တွေးတာဟာ ဥဒ္ဓစ္စခေါ်တယ်။ အဲ့ဒါ ပျံ့လွင့်တာ။ ကုက္ကုစ္စခေါ်တဲ့ နောင်တရတာ၊ ပူလောင်တာ၊ စိုးရိမ်းတာ။ အဲသလိုတွေ ပြန်တွေးတော့ အဟောင်းတွေက အသစ်ဖြစ်ပြီး အာသန္နကံဖြစ်သွားလို့ရှိရင် အပါယ်ကို တန်းကျလိမ့်မယ်။ 

Sunday, July 03, 2022

သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဌ၏ တရားအားထုတ်ပုံ နှင့် တရားထူးရရှိပုံ (၁)


     တရားထိုင်သောအခါ အသက်ရှူသောအသံသည် ခပ်မြန်မြန်လွှဆွဲသံ၊ တံစဉ်းတိုက်သံကဲ့သို့ ညအခါများတွင် ပေ (၂၀၀) အကွာအဝေးမှ ကောင်းစွာကြားနိုင်ပါသည်။ ဝင်လေထွက်လေနှုန်းမှာ ၁-မိနစ်လျှင် ဝင်လေအကြိမ် (၁၀၀)၊ ထွက်လေအကြိမ် (၁၀၀) ဝင်လေထွက်လေ စုစုပေါင်း အကြိမ် (၂၀၀) ခန့် ရှိပါသည်။တစ်ခါတရံ (၂၀၀) ထက်ပိုပါသည်။ အရှူအရှိုက်လျင်မြန်သည်ဟု ဆိုနိုင်ပါသည်။ တရားထိုင်နည်းမှာ ၄င်းနှစ်သက်သလို ထိုင်လိုက်ပါသည်။

( သို့သော် တစ်ခါထိုင်ပြီးလျှင် ဣရိယာပုထ် မပြု ပြင်တော့ပါ။ ) ခြေထောက်နှစ်ချောင်းကို ထပ်ထားလေ့မရှိပါ။ တင်ပျဉ်ခွေ၍ ခန္ဓာကိုယ်ကို မတ်မတ်ထားပါသည်။ လက်နှစ်ဖက် ထပ်ထားပါသည်။ မျက်စိစုံမှိတ်ပြီး ခေါင်းကို အနည်းငယ် အောက်သို့ စိုက်ထားပါသည်။တရားထိုင်ရာမှထပြီး အခြားဣရိယာပုထ်ဖြင့် နေစဉ် ဝင်လေထွက်လေကို အသိမလွှတ်ပါ။ အသိကပ်မြဲ ကပ်ထားပါသည်။

သဲအင်းဂူဆရာတော်ဘုရားကြီးဦးဥက္ကဌ တရားအားထုတ်ပုံ နှင့် တရားထူးရရှိပုံ (၂)

      ဤသို့ အိပ်ချိန်မှအပ ၂၄ နာရီ ဆက်တိုက် သမာ ဓိ ထူထားသောကြောင့် ဓာတ်သဘော ဖောက်ပြန်မှုများကို အမြင်မှန်မြင်သိလာပါ သည်။ ထို့ပြင်

(၁) ဓာတ်လေးပါး စုဝေးရာ ရုပ်တို့မည်သည် သူ့သ ဘောနှင့် အေးရာမှပူ၊ ပူရာမှအေး၊ ကောင်းရာမှနာ၊ နာရာချုပ် အမျိုးမျိုး ဖောက်ပြန်တတ်သော သဘာဝ လက္ခဏာသာ ရှိပါလား၊ သိတတ်တဲ့သဘော မရှိပါလား၊ လူသေကိုမီးရှို့ နေစဉ် လူသေက ပူလှချည့်ဟု ထအော်၊ ခန္ဓာကိုယ် ပြာကျသွားသည့်တိုင်အောင် ခံပါ့လား၊ ရုပ်ချည်းသက်သက် သိတတ်သော သ ဘောမရှိပါလား။

(၂) သူ့သဘောနှင့်သူ ဖောက်ပြန်နေသော ဓာတ်လေးပါး အစုရုပ်ကြီးဟာ ပူသော လက္ခဏာဖြစ်နေစဉ် ပူတယ်လို့ သိနေတဲ့ သိလုံး၊ ကျဉ်နေသောအခါ ကျဉ်တယ်လို့ သိနေတဲ့သိလုံး၊ တစ်ခု သီးခြားရှိပါလား။

(၃) ဖောက်ပြန်နေသော ဓာတ်သဘောကို လည်း ကောင်း၊ ကျဉ်တယ်လို့ သိနေတဲ့သိလုံး တစ်ခုကို လည်းကောင်း၊ ဝိဇ္ဇာဉာဏ်က ဦးစီး၍ သီးခြားသိနေပါသေးလားဟု အပိုင်းသုံးပိုင်း ကွဲပြီးလာပါသည်။