Saturday, February 29, 2020

ထိုင်းနိုင်ငံ၌ အလည်ဗီဇာဖြင့်လာရောက် အလုပ်လုပ်ကိုင်ခြင်းသည် တရားမဝင်ပါ


ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားအများစုသည် ထိုင်းနိုင်ငံသို့တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုစေ့ငှစွာလေ့လာမှုမရှိဘဲ
ပွဲစားများ၏ပြောစကားအား လက်ခံယုံကြည်ကြပြီး အလည်ဗီဇာသက်တမ်းအမျိုးမျိုး(၃လ) (၁နှစ်)၊ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Border Pass)အပါဝင် တရားမဝင်လမ်းကြောင်းများမှတဆင့်ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည်။


ပွဲစားများ (Broker) ၏စကားကို ယုံကြည်ကြပြီး တရားမဝင်နည်းလမ်းမှတဆင့် ထိုင်းနိုင်ငံသို့ သွားရောက်
အလုပ်ကိုင်ကြသူများအနေဖြင့် အလုပ်သမားအခွင့်ရေး၊လူ့အခွင့်ရေးချိုးဖောက်ခံရခြင်း၊ အဓမ္မလုပ်အား
ခိုင်စေခံရခြင်း၊ လိင်ပိုင်ဆိုင်ရာအမြတ်ထုတ်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်းတို့ကိုမလွဲမသွေတွေ့ကြုံရပါမည်။

Friday, December 20, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား



နေပြည်တော် ဒီဇင်ဘာလ ၁၈

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေနှင့် ဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်း (INGOs) များမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGOs) များမှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။


Thursday, November 21, 2019

ဖူခက်မြို့ရှိ ဆောက်လုပ်ဆဲဓာတ်ဆီဆိုင်ပြိုကျ မှု နောက်ဆက်တွဲသတင်း




ယနေ့ (၂၁.၁၁.၂၀၁၉) နေ့လယ်အချိန်၌ ထိုင်းနိုင်ငံ ဖူခက်ခရိုင် ထလန်နယ်မြေ စီစူထွန်ရပ်ကွက် အုပ်စု(၁)တွင် ဆောက်လုပ်ဆဲ ဓာတ်ဆီဆိုင်ပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ထိုင်းအလုပ်သမား Mr.Chatuchawit Phatasinghaနှင့်မြန်မာအလုပ်သမားမမျိုးမျိုးရီတို့နှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များမှ ထလန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Monday, November 18, 2019

နခွန်ပထုန်ခရိုင်ရှိ အလုပ်ရုံများကို တာဝန်ရှိသူများရှောင်တခင်ဝင်ရောက်စစ်ဆေး


ဘန်ကောက်မြို့အနီး နခွန်ပထုန်ခရိုင် နခွန်ချိုင်စလီနယ်မြေရှိ အလုပ်ရုံ (၃)ခုအားဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေးအထူးအဖွဲ့သည် ယနေ့နံနက် (၉)နာရီအချိန်ခန့်၌ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

ရှေးဦးစွာ အထူးစစ်ဆေးရေအဖွဲ့သည် နခွန်ချိုင်စလီနယ်မြေ ခူကဲဝိုရပ်ကွက် အုပ်စု(၂)ရှိ ဇာထည် လုပ်ငန်းဖြစ်သည့် (Mastex Co.,Ltd )ကို ဝင်ရောက်စစ်ဆေးရာတွင်အလုပ်သမားဦးရေး(၅၅၇)ဦးတို့ကို စစ်ဆေးခဲ့ရာ ထိုင်းအလုပ်သမား ၃၅၃ဦး(ကျား၁၁၀၊မ၂၄၃)၊ကမ္ဘောဒီးယားအလုပ်သမား ၁၁၉ဦး(ကျား၅၂၊မ ၆၇)၊ မြန်မာအလုပ်သမား ၈၅ဦး(ကျား ၄၁၊ မ၄၄) တို့အား လည်းကောင်း၊

Friday, November 15, 2019

ထိုင်းနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေနေ စိုးရိမ်းစရာမရှိကြောင်း အစိုးရတာဝန်ရှိသူများက ရှင်းလင်းပြောကြား


ထိုင်းနိုင်ငံ ၂၀၁၉ခုနှစ်အတွင်း ပိတ်သိမ်းလိုက်သည့် စက်ရုံအလုပ်ရုံထက် အသစ်ဖွင့်လှစ်သည့် စက်ရုံအလုပ်ရုံ ၁၀၇%ခန့်မြင့်တက်လာ


ထိုင်းနိုင်ငံ၏ စက်မှုဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ ဒေါက်တာKrichanon Aiipanya မှ
လက်ရှိစက်ရုံအလုပ်ရုံးများပိတ်သိမ်းခြင်း အလုပ်ခန့်အပ်ထားခြင်းနှင့်ပတ်သတ်၍ သတင်းဌာနများနှင့်
ယမန်နေ့(၁၄.၁၁.၂၀၁၉)၌ တွေ့ဆုံပြောကြားရာတွင် စက်မှုဝန်ကြီးဌာန၏အချက်အလက်များအရ
၂၀၁၉ ဇန်နဝါရီ (၁)ရက်နေ့မှ နိုဝင်ဘာ(၁၉)ရက်အထိ ပိတ်သိမ်းရန်လျှောက်လွှာတင်ထားသည့်
စက်ရုံပေါင်း (၁၃၉၁) ခု ရှိပြီး စက်ရုံအသစ်ဖွင့်ရန် လျှောက်လွှာတင်သည့် စက်ရုံ စုစုပေါင်း (၂၈၈၉) ခု
ရှိရာ ယင်းအခြေနေကိုနှိုင်းယှဉ်ပါက ပိတ်သိမ်းမည့်စက်ရုံထက်အသစ်ဖွင့်မည့် စက်ရုံပေါင်း (၁၀၇%)
မြင့်တက်လာကြောင်း Thai PBS ၏ ဖော်ပြချက် အရသိရသည်။

Thursday, November 14, 2019

လူဝင်မှူကြီးကြပ်ရေးဌာနမှ နေရပ်ပြန်ပို့မည့် မြန်မာအလုပ်သမားတင်ဆောင်လာသည့်ကား ယာဉ်တိမ်းမှောက်သဖြင့် ၄ ဦးဒဏ်ယာရရှိ




၁၄.၁၁.၂၀၉ အလုပ်သမားဟစ်တိုင် တာ့ခ်

ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်နယ်မြေ ဒန်မဲ့လမောင်ရပ်ကွက် Bang Moso နှင့် ဘန်းဖဝုန်ကြားမိုင်တိုင် ၄၇ မီတာ တွင်  ယနေ့ (၁၄.၁၁.၂၀၁၉)တွင်လူဝင်မှုကြီးကြပ်ရေးဌာနစတေကာဖြင့် ယာဉ်အမှတ် 14-7936 ဘန်ကောက်အဖြူရောင်ဗင်ကားတစ်စီး လမ်းချော်တိမ်းမှောက်ခဲ့ကြောင်းကို ဖဝုန်ရဲစခန်းမှ သတင်းရရှိသဖြင့် တာဝန်ရှိသူများနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကားများ သွားရောက်ခဲ့ကြောင်းသိရသည်။

Monday, November 11, 2019

ရနောင်းကျိန်စာမိခဲ့သူ လူငယ်တစ်ဦး၏ ရေခြားမြေခြားမှ အကျဉ်းစံနေ့စွဲများ



ရနောင်းလူသတ်မှုမှ ပြန်လည်လွတ်မြောက်လာပြီး ရန်ကုန်မြို့တွင် ဆံသပညာ သင်ယူနေသည့် ကိုကျော်စိုးဝင်းအား တွေ့ရစဉ်


ထိုင်းနိုင်ငံ ရနောင်းမြို့သည် မြန်မာနိုင်ငံသား အများအပြား လာရောက် အလုပ်လုပ်ကိုင်ရာ နေရာတစ်ခုဖြစ်သည်။ မျိုးရိုးတစ်ဆက်စာ မျှ နေထိုင်ခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံဘက်မှ လာရောက်သူများ ရှိသကဲ့သို့ ဆယ်စုနှစ်တစ်ခုခန့် သို့မဟုတ် နှစ်အပိုင်းအခြား တစ်ခုခန့် နေထိုင်ပြီးဖြစ်သည့် မြန်မာနိုင်ငံသား များစွာကို တွေ့မြင်နိုင်သည့် မြို့တစ်မြို့လည်းဖြစ်သည်။ အဆိုပါ ထိုင်းမြို့လေးရှိ  မြန်မာနိုင်ငံသားများအတွက် ဝင်ငွေအတော်အသင့် ရနိုင်သည့် အလုပ်များစွာကလည်း ရှိနေပြန်သည်။ မြန်မာနိုင်ငံသားအချို့က စက်ရုံများတွင် အလုပ်လုပ်ကိုင်ကြ သည်။ အချို့ကတော့ အလုပ်ရုံများတွင် လုပ်ကိုင်ကြပြီး မူးယစ်ဆေးဝါး ဖြန့်ချိရောင်းချသည်အထိ လုပ်ကိုင်ကြသူများအထိ တွေ့မြင်နိုင်သည်။ အချို့ကတော့ ငါးဖမ်းလှေများဖြင့် တံငါအလုပ်ကို ပင်လယ်ထဲထွက်၍ လုပ်ကိုင်ကြ၏။