ထိပ်တန်းသတင်းများ
နောက်ဆုံးသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
နောက်ဆုံးရသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
ကန်ချနဘူရီခရိုင် ထာ့မကာမြို့နယ် ဥလုံးစီမီ(င်)ရပ်ကွက်ရှိ မြန်မာအလုပ်သမားများဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည့် ကြက်သားစက်ရုံသို့ ယမန်နေ့(၂၂.၁၁.၂၀၁၈)က ကန်ချနဘူရီခရိုင်ဝင်မှုကြီးကြပ်ရေးဌာန၊ရဲတပ်ဖွဲ့၊ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊အပါဝင်ဌာနဆိုင်ရာတာဝန်ရှိသူ ၄၀ဦးခန့်တို့ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
၁၁.၁၁.၂၀၁၈၊ ထာ့စိုင်၊ အလုပ်သမားဟစ်တိုင်
စမွတ်ဆာခွန်နယ်မြေ၊ ထာ့စိုင် အမှတ်(၈)ရပ်ကွက် ခလွန်ခလုဘုန်းကြီးကျောင်းလမ်း၌ မြန်မာအလုပ်သမား(၁) ဦးဓားထိုးအသတ်ခံရကြောင်း ယမန်နေ့(၁၀.၁၁.၂၀၁၈)ည (၁၀)နာရီအချိန်တွင် သတင်း
ရရှိသဖြင့် စမွတ်ဆာခွန် ခရိုင်ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။
အသက်ခံရသူ အမည်မသိ အသက်(၄၅)နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ဘယ်ဘက်ရင်အုံတွင် ထိုးသွင်းဓားဒဏ်ရာတစ်ချက်ရရှိပြီး လဲကျနေသည်ကို ရပ်ကွက်နေ သူများက တွေ့ရှိသဖြင့် အရေးပေါ်ကယ်ဆယ်ရေးဌာနနှင့်ရဲဌာနသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၁၀.၁၁.၂၀၁၈၊ မဟာချိုင်၊အလုပ်သမားဟစ်တိုင်
မဟာချိုင်မြို့ ထာ့ချလုံရပ်ကွက်ရှိ နေအိမ်တန်းလျား အခန်းနံပါတ်(၁၈)တွင် နေထိုင်သည့် အသက်(၄၅)နှစ်အရွယ်ရှိ မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦး အသက်ခံထားရကြောင်းသတင်းရကြောင်း ယနေ့(၁၀.၁၁. ၂၀၁၈) နံနက် ၁၁အချိန်က သတင်းရရှိသဖြင့် စမွတ်ဆာခွန်ခရိုင်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့
ကြောင်းသိရသည်။
အသက်ခံရသည့် မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ မအေးမူ(အသက်-၄၅နှစ်)သည် ပက်လက်အနေထား
ဖြင့် အိပ်ယာထဲ၌ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ညီမတော်စပ်သူ မချိုမူ(၃၅နှစ်)က စတင်တွေ့ရှိ
ခြင်းဖြစ်ကြောင်းသိရသည်။
ယမန်နေ့(၈.၁၁.၂၀၁၈)ရက် နံနက် ၆နာရီ၃၀အချိန်ခန့်က
မြန်မာနဲ့ထိုင်းနှစ်နိုင်ငံနယ်စပ် အနီးရှိ ကန်ချနဘူရီခရိုင်
မီ(င်)ရာမြို့နယ်၊ပါ့က်ဖလဲရပ်ကွက်သို့ ကန်ချနဘူရီခရိုင် ထိုင်း
အလုပ်ကိုင်ရှာဖွေရေးဌာန၊ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့၊
ထိုင်းရဲတပ်ဖွဲ့၊နယ်ခြာစောင့်ရဲတပ်ဖွဲ့၊ ထိုင်းစစ်တပ်တို့ဝင်ရောက် စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။
ပါ့က်ဖလဲရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမား ၂၄ဦး ၀င်ရောက်
အလုပ်လုပ်ကိုင်နေသည့် မိုဟီအမည်ရှိ ကျောက်စက်ရုံနှင့်ရေခဲ စက်ရုံတို့ကို
ဝင်ရောက်စစ်ဆေးခဲ့ရာ ဗီဇာသက်တမ်းကုန်ဆုံးနေသူ ၁ဦး၊ဧည့်စာရင်းမတိုင်းကြာသူ
၆ဦးတို့ကိုစိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။
၂၅.၁၀.၂၀၁၈၊ ကထူးဘင်၊အလုပ်သမားဟစ်တိုင်
စမွတ်ဆာခွန်ခရိုင် ကထူးဘင်မြို့နယ်၊ ခလွန်မာဒီယာရပ်ကွက်ရှိ မြန်မာအလုပ်သမားများနေထိုင်ရာ
ဘန်းလောင်(၀်)ကွန်ဒိုတိုတ်ခန်းများအား ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ထိုင်းလ၀က၊ထိုင်းရဲတပ်ဖွဲ့နှင့်
ထိုင်းစစ်တပ်အပါဝင်တာဝန်ရှိသူများသည် ယနေ့(၂၅.၁၀.၂၀၁၈) နံနက် ၆နာရီအချိန်ခန့်က ၀င်
ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။
၂၄.၁၀.၂၀၁၈၊လယောင်၊အလုပ်သမားဟစ်တိုင်
မြန်မာအလုပ်သမား (၁၃၉၇)ဦး ၀င်ရောက်အလုပ်လုပ်ကိုင်နေသည့်
ထိုင်းနိုင်ငံ ချွတ်ပူရီခရိုင် လယောင်မြိှု့ရှိ Bangkok Master Wood Co,LTDသို့ ယမန်နေ့(၂၃.၁၀.၂၀၁၈) ညနေ (၃)နာရီအချိန်ခန့်က ထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ထိုင်းလူဝင်မှုကြီးကြပ်ဌာန၊ထိုင်းရဲတပ်ဖွဲ့၊ထိုင်းစစ်တပ်၊မြို့နယ်မှူးအပါဝင်တာဝန်ရှိသူများ ၀င်ရောက်စစ်ဆေးခဲ့ကြကြောင်းsanookသတင်းဌာန၏ ဖော်ပြချက်အရသိရသည်။
ထို့သို့ဝင်ရောက်စစ်ဆေးရာတွင် ၀ပ်ပါမစ်နှင့်အလုပ်နေရာကွဲလွဲသူ (၃၁)ဦး၊ဧည့်စာရင်းတိုင်ကြားမှုမရှိသူ(၉)ဦး၊ဗီဇာသက်တမ်းကုန်ဆုံးနေသူ (၁)ဦးနှင့်ဝပ်ပါမစ်မရှိသူ(၂၁)ဦးတို့ကိုဖမ်းဆီးရမိကြောင်း
သတင်းရရှိပါသည်။
ခင်ရတနာ
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြီးမှူး၍ ပြည်ပအလုပ် အကိုင် လမ်းညွှန်သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ် ပေးလျက်ရှိပြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်)နှင့် (မန္တလေး)တို့တွင် သင်တန်းကြေးအခမဲ့ဖြင့် လက်ခံသင်ကြားပေးလျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စိတ်ပါဝင်စားသူ များနှင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ အတွက် ရည်ရွယ်၍ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ကောင်းမွန်သင့်တော်သောအလုပ်အကိုင် များ ရရှိရန်၊ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာရေးဖြစ်ရန်၊ မှတ်ပုံတင်ထားသော အေဂျင်စီများဖြင့်သာ ချိတ်ဆက်သွား ရောက်နိုင်ရန်၊ တရားမဝင်ပွဲစားများ ပပျောက်ရန်၊ အလုပ်သမား များအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။