Friday, September 08, 2017

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ခရီးစဉ်အတွင်း မြန်မာက ဘာတွေရလိုက်သလဲ


အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် မြန်မာသမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ မြန်မာနိုင်ငံသို့ ၃ ရက်ကြာခရီး လာရောက်လည်ပတ်ခဲ့သည်။
စက်တင်ဘာလ ၅ ရက်နေ့တွင် ဝန်ကြီးချုပ်မိုဒီအား သမ္မတဦးထင်ကျော်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် အခမ်အနားဖြင့် ကြိုဆိုပြီး ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
စက်တင်ဘာ ၆ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်များထဲတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက်များအပြင် အိန္ဒိယမှ မြန်မာသို့ အကူအညီများ ဆက်လက်ပံ့ပိုးပေးသွားမည့်အချက်များလည်း ပါဝင်ခဲ့သည်။
ထို့ကြောင့် အိန္ဒိယဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာရရှိခဲ့သည့် အကျိုးရလဒ်များကို အောက်ပါအတိုင်း ပြန်လည်ထုတ်နုတ်တင်ပြလိုက်သည်။


Thursday, September 07, 2017

Wednesday, September 06, 2017

Thursday, August 31, 2017

Sunday, August 13, 2017

လူကုန်ကူးခြင်းခံရသော မြန်မာနိုင်ငံသား ၈ဦးကို အလုပ်သမား သံအရာရှိ ကယ်တင်



ဘန်ကောက် သြဂုတ် ၁၃ ၊ အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင် လေဆိပ်အနီး ဒွန်မောင်ရွာ လမ်းအမှတ် ၁၃ရှိ နေအိမ်တွင် လူကုန်ကူးခံရပြီး ချုပ်နှောင် ခံထားရသော မြန်မာအလုပ်သမား၈ ဦးကို သြဂုတ်လ ၁၃ရက်က မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ကယ်တင် နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

လူကုန်ကူးသည့် ပွဲစားဖြစ်သူ ဦးကျော်စွာ(ခ) သန့်ဇော်က ဧရာဝတီ တိုင်းဒေသကြီး မြန်အောင်မြို့နယ်၊ ညောင်ခုံကျေးရွာသို့ရောက်ရှိလာပြီး မိုးရွှေဇင်အေဂျင်စီမှဖြစ်ပြီး ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင်အလုပ်လုပ် ကိုင်လိုပါက ရေသန့်ဗူး စက်ရုံးတွင် အလုပ်လုပ်ကိုင်ရရှိမည် တစ်ဦးလျှင် မြန်မာငွေ ၅သိန်းပေးရမည်ဟု ပြောဆို စည်းရုံးခဲ့ရာ ဦးအောင်ကျော်မိုး (၄၀နှစ်)အပါ အဝင် မိတ်ဆွေ သူငယ်ချင်းများကလည်း တောင်း သည့်ငွေကိုပေးကာ လာခဲ့ကြောင်း ဦးအောင်ကျော်မိုးက ပြောသည်။

Thursday, August 10, 2017

ပက်စပိုစ့်စာအုပ်အသိမ်းခံထားရသည့် အလုပ်သမတစ်ဦးကို အလုပ်သမားသံအရာရှိကူညီ


 ၁၀.၈.၂၀၁၇၊ ဘန်ကောက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နယ်၊ ဘန်ကပိနယ်မြေ လက်ဖလောင်ရပ်ကွက်၊
လမ်းနံပါတ် ၁၀၁ရှိ နေအိမ်အတွင် အိမ်ရှင်ဖြစ်သူက  အိမ်ဖော်အဖြစ်အလုပ်
လုပ်နေသူ မနန်းအိအိ ကိုင်ဆောင်သည့် ပက်စပိုစ့်ကိုသိမ်းထားပြီး
အလုပ်မှထွက်ခွင့်မပေးသည့်အတွက် အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က
ကူညီပေးခဲ့ကြောင်းသတင်းရှိရပါသည်။

မနန်းအိအိ(အသက် ၂၂နှစ်)သည် အဆိုပါနေအိမ်အတွင် အလုပ်လုပ်ကိုင်
နေသည်မှာ ၁လခန့်ရှိပြီးဖြစ်သော်လည်း အလုပ်ရှင် မိသားစု၏ ဝေယျာဝစ္စ
အ၀၀တို့၏ တာဝန်ဆောင်းရွက်မပေးနိုင်သဖြင့် အလုပ်ထွက်ခွင့်တောင်း
သော်လည်းအလုပ်ရှင်ဖြစ်သူက ထွက်ခွင့်မပေးသည့်အပြင် သူမကိုင်ဆောင်
ထားသည့် ပက်စပိုစ့်ကိုလည်း သိမ်းဆည်းခြင်းခံရကြောင်းသူက ရှင်းပြပါသည်။

“အလုပ်ရှင်မိသားစုရဲ့ဝေယျာဝစ္စတွေတင်မကဘူး သူတို့မွေးထားတဲ့ခွေးကိုပါ
ထိန်းကြောင်းပေးရနဲ့  အဲဒါ ညီမ ဒီအလုပ်မှာဆက်ပြီးမလုပ်နိုင်တော့လို့
ထွက်ခွင့်တောင်းတာ ထွက်ခွင့်မပေးတဲ့အပြင် ပက်စပိုစ့်ပါသိမ်းလိုက်တယ်၊
ပက်စပိုစ့်ကလည်း အခု၈လပိုင်း ၁ရက်နေ့မှာ ရက် ၉၀တုံးထုရတော့မယ်၊
အဲဒါလည်းသူတို့မလုပ်ပေးဘူး နောက်ပြီး သမီးကိစ္စရှိလို့အပြင်သွားလာမယ်ဆိုလည်း
ပက်စပိုစ့်မပေးဘူး ဒီအတိုင်းသွား ဘယ်သူမှမဖမ်းဘူးလို့ပြောတယ်၊ တကယ်တမ်း
ဒုက္ခရောက်ရင်သမီးပဲရောက်မှာ အဲဒါဘယ်လိုပဲတောင်းပန်ပြီးပြောပြော၊မရတော့တာ
နဲ့ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ထံဖုန်းဆက်အကူညီတောင်းခဲ့ရတာပါ”