ပန်းရောင်ဘတ် ကိုင်ဆောင်သော မြန်မာ့ရွှေ့ပြောင်းအလုပ်သမား ၇သိန်းကို မတ်လ ၃ရက်နေ့မှစတင်ကာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် - CI (Certificate Identity) စာအုပ်ကို ထိုင်း နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံ အစိုးရတို့က စတင် ပြုလုပ်ပေးခဲ့သည်။
CIစာအုပ်စတင်ပြုလုပ်ချိန်မှစတင်ကာ ဧပြီလ ၂ရက်နေ့ အထိ ခရိုင်(၆)ခုတွင် ဖွင့်လှစ်ထားသည့် CIစာအုပ် ထုတ်ပေးရေး စင်တာသို့ အလုပ်သမား ခုနှစ်သောင်းခန့် CIစာအုပ် လာရောက် လုပ်ဆောင်ကြသည်။
ယခင်က ပန်းရောင်ဘတ် ကိုင်ဆောင်ထားသော အလုပ်သမားများအနေနှင့် မိမိတို့ကိုင်ဆောင်ထားသော ပန်းရောင်ဘတ်ပြုလုပ်ရာ ခရိုင်မှအပ အခြားနယ်မြေများသို့ ကျန်းမာရေး ၊ လူမှုရေး ကိစ္စရပ်များနှင့် သွားလိုပါက အခက်အခဲများ တွေ့ကြုံရပါသည်။ ပန်းရောင်ဘတ် ပြုလုပ်ထားသောခရိုင်ပြင်ပသို့ သွားရာတွင် နယ်မြေခံ ပုလိပ်၏ ဖမ်းဆီးမှုကို ခံရပြီး ၊ ဘတ်ငွေ ၃၀၀၀မှ ဘတ်ငွေ ၅၀၀၀အထိ တောင်းခံမှုကို လည်း ခံရပါသည်။




