Thursday, June 30, 2016

ဗိုလ်ချုပ်အောင်ဆန်း ကျင့်သုံးခဲ့သော အစဉ်အလာနှင့် ထိုင်း-မြန်မာ ဆက်ဆံရေး



ဧရာဝတီ
“ကျနော်တို့ အနာဂတ်နဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ အပြန်အလှန် အကျိုးစီးပွားနဲ့ အတိတ်အတွေ့အကြုံအရ အတူတကွ ရပ်တည်သင့်တယ်။ ကျနော်တို့ကြားမှာ မည်သည့် နားလည်မှုလွဲမှားခြင်း အတွက်မျှ အချိန် မရှိ
စေဘဲ ကျနော်တို့ နှစ်နိုင်ငံကြားမှာ ပိုမိုကောင်းမွန်နီးကပ်တဲ့ ဆက်ဆံရေး ထူထောင်ဖို့ မည့်သည့် အားထုတ် မှုကိုမျှ ချန်လှပ်မထားသင့်ဘူး။ အဲဒီလို ဆက်ဆံရေးကို ရင်းနှီးတဲ့ ပုံမှန် ထိတွေ့မှုတွေနဲ့သာ ထိန်းသိမ်းထား
နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

၁၉၄၇ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းက ရန်ကုန်တွင် ဖရာရာ အနူမန်ရာဂျဟွန် ဦးဆောင်သည့် ထိုင်းကိုယ်စားလှယ် အဖွဲ့ကို ထိုသို့ ပြောကြားခဲ့သည်။ ထိုစဉ်က ဆိုင်ယမ်နှင့် ဘားမားဟု
ခေါ်သော နှစ်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေး မရှိကြပေ။ သို့သော် နှစ်နိုင်ငံရှိ ဘာသာရေး ကိုယ်စား လှယ်များနှင့် ပညာရှင်များမှာမူ မကြာခဏ ထိတွေ့ဆက်ဆံမှု ရှိကြသည်။

မကြာသေးမီက ထိုင်းနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ်တခုလုံးတွင် အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ဆယ်စုနှစ် ၇ ခုနီးပါးက ထုတ်ဖော်ပြောကြားခဲ့သည့် ဖခင်ဖြစ်သူ၏ ထိုင်း-မြန်မာ ဆက်ဆံရေး အမြင်ကို ဆက်လက် ပဲ့တင်ထပ်ခဲ့သည်။ မဟာချိုင်တွင် ခရီးတထောက် ရပ်နားစဉ် နိုင်ငံခြာရေး ဝန်ကြီးဌာနတွင် အထူး ဟောပြော ပို့ချမှုတခု ပြုလုပ်ခဲ့သည်။ အစိုးရအိမ်တော် နှစ်နိုင်ငံဆွေးပွဲနှင့် သတင်းရှင်းလင်းပွဲ များတွင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်နိုင်ငံ ဆက်ဆံရေး လက်ရှိ အခြေအနေကို ယခင်မကြုံဖူးသော အခြေအနေဟု ပြုံးပြုံးရွှင်ရွှင်ပြောပြီး သက်တောင့်သက်သာ ရှိလှသည်။


မြန်မာနှင့် ဂုဏ်သိက္ခာ


ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာကိစ္စတွေမှာ ဂုဏ် သိက္ခာဆိုတာ အင်မတန်အရေး ကြီးပါတယ်။
 မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးမရှိဘူး။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ များပြားတယ်လို့ လူ သိများပါတယ်။ အဲဒီလို ငြိမ်းချမ်း မှုမရှိခြင်း၊ ပဋိပက္ခတွေများပြားရ ခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းအချက်များစွာ ရှိနိုင်ပါ တယ်။ အ များကတော့ အလွယ်ပဲမြန်မာနိုင် ငံမှာ ပဋိပက္ခများကြီးမားခြင်းရဲ့ နောက်ကွယ်က အကြောင်း တရား က မြန်မာနိုင်ငံဟာ နှစ်ပေါင်းများ စွာ အာဏာရှင်စနစ်အောက်မှာ ကျရောက်ခဲ့ရလို့လို့ဆိုတတ်ကြပါ တယ်။ အဲဒါက အမှန်တရားပါ။ ငြင်းဆန်လို့ မရပါဘူး။ သို့သော် တစ်ချိန်လုံး အဲဒီအမှောင်ခေတ်ကို ပဲ အပြစ် တင်နေလို့ ဘာမှဖြစ်လာ မှာမဟုတ်ပါဘူး။ မြန်မာ့ယခင် ပြဿနာ၊ ယခုပြဿနာနဲ့ နောက် လာမယ့်
 ပြဿနာ များကို အရင်း စစ်ချင့်တွက်ကြည့်ရင် အကြောင်းအချက်တစ်ခုက ဒီနိုင်ငံမှာ ဂုဏ် သိက္ခာနည်း ပါးခြင်း ဆိုတာကို တွေ့ရပါလိမ့်မယ်။

အဲဒီဂုဏ်သိက္ခာဆိုတဲ့အရာ ဟာ တိုက်တွေ၊ ကားတွေ၊ လမ်း တံတားတွေလို လက်ဆုပ်လက် ကိုင်ပြနိုင်တဲ့ အရာမျိုးမဟုတ်လေ တော့ ဂဃနဏမြင်သိတိုင်းတာ နိုင်ဖို့ကတော့ ခဲယဉ်းတတ်ပါ တယ်။ တကယ်တော့
 မြန်မာနိုင်ငံ ဟာ ဂုဏ်သိက္ခာပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ဘာလုပ်လုပ် ဂုဏ်သိက္ခာဝန်း ကျင်နည်းပါးပါတယ်။ တစ်ခုခုဆို လိုက်မေးနေရတယ်။ ဒီနိုင်ငံမှာ လူလူချင်းဆက်ဆံရတဲ့ ကိစ္စတွေ ကများတော့ ပဋိပက္ခတွေက ကြီး တတ်တယ်။ အစိုးရရုံးတွေ သွား ကြည့်၊ ၀န်ထမ်းတွေနဲ့ လူချင်းမ ဆက်ဆံရတဲ့ဌာနဆိုတာ မရှိသ လောက်ပဲ။ ရထားလက်မှတ်၊ ကားလက်မှတ်ဝယ်တာတောင် လူလူချင်း ဆက်ဆံဖို့ လိုတယ်။ တချို့ကတော့ လူလူချင်းမဆက် ဆံရင် ဘယ်သူနဲ့ ဆက်ဆံရမှာတုံးလို့ အငေါ့တူးစရာ ရှိပါတယ်။စက်နဲ့ ဆက်ဆံရမှာပေါ့။ ဟိုးအဝေးက ဂျပန်တို့၊ ကိုရီးယားတို့ မပြောနဲ့။ အိမ်နီးချင်း ထိုင်းတို့၊ မလေးရှားတို့၊ မြန်မာနိုင်ငံနဲ့ နယ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံယူနန်ပြည်နယ်မှာတောင် ၀န်ဆောင်မှုအများ စုက စက်တွေနဲ့ ဖြစ်နေပြီ။ လက်မှတ်ဝယ်တာ၊ အစိုးရရုံးတွေမှာချိန်းဆိုတာတွေကအစစက်တွေအသုံးပြု
နေပြီ။ 

အမယ်ဘုတ်၏ ချည်ခင်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ သုံးရက်ကြာ သွားရောက်ခဲ့သော သတင်းက ပြည်တွင်းပြည်ပရှိ မီဒီယာ မျက်နှာ စာပေါ်တွင် နေရာယူ ခဲ့သည်။ ခေတ်အဆက်ဆက် အောက် ကျနောက်ကျနိုင် ခဲ့သော မြန်မာအလုပ်သမားများ၏ မျှော်လင့်ချက်ရောင်ခြည် က တောက်ပလာခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပရာယုသ်ချန်အို ချာနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ပြု လုပ်သော ပူးတွဲသတင်းစာရှင်း လင်း ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မိမိအနေဖြင့် အချိန်အခါသင့်သောအခါ မြန်မာနိုင်ငံမှ ရွှေ့ ပြောင်း အလုပ် သမားအားလုံးကို နိုင်ငံသို့ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ကတိပြုပြော ဆိုခဲ့သည်။

အကယ်စင်စစ် ပြည်ပသို့သွားရောက်ကာ အလုပ်လုပ်နေကြသော ထိုသို့ များပြားလှသည့် အလုပ်သမား
များသည် ပြည်ပနိုင်ငံ၌ လွယ်လင့် တကူချော မွေ့စွာ နေထိုင်လုပ်ကိုင်ကြရသည်မျိုးမဟုတ်။ အာဏာပိုင် များ၊ အဖွဲ့အစည်းများ၊ အလုပ် ရှင်များက အလုပ်သမားများအပေါ် ကိုယ်ကျိုးရှာအမြတ်ထုတ်မှုမျိုးစုံ ကျူး လွန်ခြင်း များကို လည်း ခံကြရသည်။ ထို့အပြင် မြန်မာအလုပ်သမားများသည် ဥပဒေမဲ့ဗိုလ်ကျစိုးမိုးမှုများ အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ အမှုဆင်ထောင်ချခြင်း၊ သတ်ဖြတ်ခြင်းများကိုလည်းခံနေကြရ သည်။

Wednesday, June 29, 2016

ထိုင်းခရီးစဉ်မှာ အောင်မြင်စွာ လုပ်ဆောင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်


On -Wed, 2016-06-29

ပြီးခဲ့သည့် အပတ်က ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သော မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီး စဉ်သည်အလုပ်ဖြစ် အကျိုးရှိပြီး အောင်မြင် ခဲ့သည်။

ထင်ရှားသိသာစွာပင် သူက ထိုင်းနိုင်ငံကို မြန်မာ၏အနာဂတ်အတွက် အဓိကနိုင်ငံအဖြစ်ထည့် သွင်းစဉ်းစား သည်။ သူသည် အပြုသဘော ဆောင်သော ခြေလှမ်းများကို လှမ်းခဲ့၏။ မြန်မာရွှေ့ ပြောင်းအလုပ်သမား
များ၊ ဒုက္ခသည်များနှင့် စပ်လျဉ်းပြီး သူက အကြံဉာဏ်နှင့် မူဝါဒများကို အဆိုပြုခဲ့သည်။

တစ်ချိန်တည်းမှာပင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ လက်အောက်မှ ထိုင်းစစ်အစိုးရ နှင့် ဆက်သွယ်
ဆောင်ရွက်ရာ တွင် ဒေါ်အောင်ဆန်းစုကြည် က အလွန်ကို ပြတ်သားစွာ၊ ရှင်းလင်းစွာ ဆောင်ရွက်ခဲ့သည်။ သူ ထိုင်း နိုင်ငံ ၌နေစဉ် သုံးရက်အတွင်း စီးပွားရေးကဲ့သို့သော ကိစ္စများကိုဆွေးနွေးရာမှာ အဓိကလိုရင်း ကိုရောက်အောင်ထပ်တလဲလဲ ပြောဆိုခဲ့သည်။

ကြာသပတေးနေ့က စမွတ်စခွန်ခရိုင်သို့ သွားခဲ့သော သူ၏ ခရီးစဉ်မှာ စိတ်ခံစားမှုများဖြစ်ရသည့် အခိုက်အတန့်တစ်ခုဟု ဆိုရမည်။


မဟာချိုင်မှာသာတဲ့လ



အာဏာရှင် အစိုးရအဆက်ဆက်၏ လျစ်လျူရှုခံရသော ထိုင်းရောက်မြန်မာ လုပ်သားများသည် ပထမဆုံး အကြိမ် ပြည်သူ့အစိုးရ၏ စောင့်ရှောက်မှုကို စတင်ခံစားလာရပြီဖြစ်သည်။ပြည်သူ့အစိုးရ စတင် တာဝန် ယူပြီး ၈၄ ရက်အကြာတွင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွှေ့ပြောင်းမြန်မာ လုပ်သား လေးသန်းခန့်ရှိသော ထိုင်းနိုင်ငံသို့ သွားရောက်ကာ မြန်မာလုပ်သားများအား အကာ အကွယ်
ပေးရန် စာချုပ်သုံးခုကို ချုပ်ဆိုခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံအတွင်း သို့ ရောက်ရှိနေသော မြန်မာလုပ်သား များအား တာဝန်ယူကြောင်းနှင့် လျစ်လျူရှုထားမည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ကို နံဘေးတွင်ထား ၍ ပြတ်ပြတ်သားသားပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ၀ုန်ဆူဝန် အား တွေ့ဆုံဆွေးနွေး


နေပြည်တော် ဇွန် ၂၉

အိမ်နီးချင်း နိုင်ငံဖြစ်သည့်အပြင် ယဉ်ကျေးမှု ကိုးကွယ်သည့်ဘာသာ၊ မျိုးနွယ်ချင်း တူညီကြသဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွင် အကောင်းဆုံး အခြေအနေမှာ တစ်ဦးအပေါ် တစ်ဦးယုံကြည်မှုပင် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား လိုက်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်(၁၁)နာရီခွဲတွင် ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်)၀ုန်ဆူဝန် ဦးဆောင်သော အဖွဲ့အား ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၊ ဒုတိယ ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ၀ုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

■ နှစ်နိုင်ငံနယ်နိမိတ်ဆိုသည်မှာ ပိုင်းခြားထားခြင်း မဟုတ်ဘဲ ဖွံ့ဖြိုး တိုး တက်မှု များကို နှစ်ဦးနှစ်ဖက် အတူ တူ မျှဝေခံစားနိုင်ရန် ဖန်တီးပေး ထားခြင်းဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစု ကြည်ပြောကြား ■



နေပြည်တော် ဇွန် ၂၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု သည်
ဒေသတွင်းသာမက နိုင်ငံတကာမျက်နှာစာတွင်ပါ စံပြ အဖြစ် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး မျိုး ဖြစ် လာစေရန် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံနယ်နိမိတ်ဆိုသည်မှာ ပိုင်းခြားထားခြင်း မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှုများကို နှစ်ဦးနှစ်ဖက် အတူတူ မျှဝေခံစားနိုင်ရန် ဖန်တီးပေးထားခြင်းဖြစ်
ကြောင်းပြောကြားလိုက်သည်။

 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံ ၊ ဒုတိယ ၀န်ကြီးချုပ်နှင့် ကာကွယ်
ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ၀ုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်တွေ့ ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။