Saturday, June 25, 2016

မဇ္ဈိမပဋိပဋာ အလယ်ကျသော တူရှုလမ်း




နိုင်ငံရပ်ခြား စကားပုံတစ်ခုရှိသည်။ လေပြင်းမုန်တိုင်း မည်မျှပင် တိုက် တိုက် နွဲ့နှောင်းပျော့ပျောင်းသော သစ်ပင် သစ်ကိုင်း၊ နွယ်မြက်တို့သည် အဆိုပါလေ မုန်တိုင်းနှင့် လိုက်ဖက်ညီ ပြုမူလှုပ်ရှား သည်ဖြစ်၍ မုန်တိုင်း အထပ်ထပ်၏ ဒဏ်ရာဒဏ်ချက်များ၌ပင် ရှင်သန်ရပ်တည်နိုင်သည်ဟု ဆိုထားသည်။

စကားပုံတွင် ထိုသို့ဆိုသဖြင့် အလိုက်သင့်အလျားသင့် ပြုမူနေထိုင်ခြင်းဟု သဘောပေါက်သည်။ တစ်နည်းဆိုပါလျှင် မီးစဉ်ကြည့်ကရမည်ဟုလည်း နားလည်နိုင်သည်။ နှစ်ဖက်ရင်ဆိုင်မှုတစ်ခုတွင် မီးစဉ်ကြည့် ကရမည်ဟူသော အစွန်းတရားကတစ်ဖက်၊ မိမိသဘောတရားအပေါ်တွင် ခိုင်မာပြတ်သားပြီး မိမိ၏မူဝါဒအပေါ် ထိပါးလာသူမှန်သမျှရန်သူကဲ့သို့သဘောထားကာ တုံ့ပြန်မည်ဟူသော အစွန်းတရားက တစ်ဖက် ဤအစွန်းတရား နှစ်ပါး ၏ သွေဖည်ရာ နှစ်ရပ်အကြားရှိတူရူလမ်းကိုသာ ရွေးချယ်တတ်ရန်လိုပေသည်။

ထိုအစွန်းတရားနှစ်ပါး၏ သွေဖည်ရာနှစ်ရပ်ကြား တူရူလမ်းမှာ မဇ္ဈိမပဋိပဋာအလယ် ကျသောတူရူလမ်း
ဖြစ်ပေသည်။


Friday, June 24, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နှင့် တွေ့ဆုံစဉ် မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး အဓိကထားဆွေးနွေး



ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသား များနှင့်တန်းတူ ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုများပေး ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန် အိုချာ(ငြိမ်း)နှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နှင့် ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ တွေ့ဆုံစဉ် ထိုသို့ပြောကြား လိုက်ခြင်းဖြစ်ပြီး ယင်းအပေါ် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်က ပညာရေးအတွက် ဘတ်သန်း ၅၀၀၊ ကျန်းမာရေးကဏ္ဍအတွက် ဘတ်သန်း ၅၀၀ အစိုးရက ချမှတ်ပေးထားပါကြောင်း၊ မြန်မာအလုပ်သမားများ သည်လည်း ထိုင်း အလုပ်သမားများကဲ့သို့ တန်းတူအခွင့်အရေးရရှိရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။


ထိုင်းရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းအစိုးရ တာဝန်ရှိသူများအား နားလည်သည်းခံပေးရန် နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်


မဟာချိုင်မြို့ ထမထန်းငါးဈေး ခန်းမဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန်
စောင့်ဆိုင်းခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့သည့် ထိုင်းရောက် မြန်မာနိုင်ငံသားများ အနေဖြင့်
ထိုင်းအစိုးရ တာဝန်ရှိသူများအား နားလည်သည်းခံပေးကြရန် နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့သည်။


Tuesday, June 21, 2016

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တွေ့ဆုံခြင်း



    Tuesday, 21 June 2016  The Voice

ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်
 ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၂၃ ရက်နေ့မှ စတင်၍ သုံးရက်ကြာ လာရောက်ကာ ထိုင်းရောက်
 မြန်မာရွှေ့ပြောင်း လုပ်သားများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်သည်။ ယင်းခရီးစဉ် အပါအဝင် ထိုင်းရောက် မြန်မာများအရေးတို့နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကို The Voice က ဆက်သွယ်မေးမြန်း ထားသည်များကို ဖော်ပြအပ်ပါသည်။

Voice : ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်မှာ ဘာတွေလုပ်မလဲ။ ဘယ်သူတွေနဲ့ တွေ့မလဲ။

UWM : ဒါကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တရားဝင် ခရီးစဉ်ပါ။ လာတဲ့အခါမှာ ထိုင်းအစိုးရ တာဝန် ရှိသူတွေနဲ့ တွေ့မှာပေါ့နော်။ တွေ့ပြီးတော့ ထုံးစံအတိုင်းပဲ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးတွေဆွေးနွေးမှာပေါ့
နော်။ ပြီးရင် မြန်မာအလုပ်သမားတွေနဲ့ မဟာချိုင်မှာ တွေ့မယ်။ ရာသီဥတု ကောင်းရင်တော့ဒုက္ခသည် စခန်း သွားဖို့ ရှိတာပေါ့နော်။ ဒီမှာ ရာသီဥတုက မိုးရွာနေတယ်။ ရာသီဥတု ကောင်းရင်တော့ သွားမှာပါ။

Voice : ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့မှာဆိုတော့ ဘယ်သူတွေနဲ့ တွေ့မလဲ။ ထိုင်းဘုရင်နဲ့ရော တွေ့မလား။

UWM : နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရားဝင် ခရီးစဉ်လာတာ ဖြစ်တဲ့အတွက် State Level မှာ တွေ့သင့်တဲ့သူတွေ အကုန်တွေ့မှာပါ။ State Level နဲ့ပဲ ရှိပါတယ်။ အစိုးရအဖွဲ့နဲ့ တွေ့ဖို့ အစီအစဉ် ရှိပါတယ်။


Friday, June 17, 2016

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း


     
အပိုဒ် (၁) လူသားတိုင်းသည် လွတ်လပ်၍ တန်းတူညီသောဂုဏ်သိက္ခာနှင့်အခွင့်အရေး များဖြင့် မွေးဖွား လာသူများ ဖြစ်သည်။ ထိုလူသားတို့သည် ဆင်ခြင်တုံတရားနှင့် ကျင့်ဝတ်ကို တာဝန် သိတတ်သောစိတ်တို့ရှိကြ၍ တစ်ဦးနှင့်တစ်ဦး ညီရင်းအကို၊ မောင်ရင်းနှမစိတ်ဖြင့် ဆက်ဆံသင့်သည်။ ရှင်းလင်းချက်။ ။ လူတိုင်း လွတ်လပ်မှုရှိကြပြီး တန်းတူညီမှုရှိသည်။

      အပိုဒ် (၂) လူသားတိုင်း ဤလူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများ အားလုံး၏ လွတ်လပ်ခွင့်များကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုး၊ အသားအရောင်၊ လိင်၊ ဘာသာစကား၊ ကိုးကွယ်သည့် ဘာသာ၊ နိုင်ငံရေး အယူအဆ (သို့မဟုတ်) အခြားယူဆချက်၊ နိုင်ငံရေး (သို့မဟုတ်) လူမှုရေးဇစ်မြစ်၊ ပစ္စည်းဥစ္စာ၊ မျိုးရိုး ဇာတိ၊ အခြားအဆင်အတန်းအားဖြင့် ခွဲခြားခြင်းမရှိစေရ။ ထို့အပြင် လူသားတစ်ဦးမှီတင်းနေထိုင်ရာ နိုင်ငံ (သို့မဟုတ်) နယ်မြေဒေသသည် လွတ်လပ်သော တိုင်းပြည်သည် အချုပ်အခြာ အာဏာပိုင်သော လွတ်လပ်သောနိုင်ငံ (သို့မဟုတ်) ဒေသဖြစ်စေ၊ အစောင့်ရှောက်ခံနယ်မြေ (သို့မဟုတ်) ဒေသဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးမရှိသောနိုင်ငံ (သို့မဟုတ်) ဒေသဖြစ်စေ (သို့မဟုတ်) အချုပ် အခြာအာဏာနှင့် ပတ်သက်၍ အခြားသော ဘောင်တွင်း ကန့်သတ်ချက်များရှိနေသော နိုင်ငံ (သို့မဟုတ်) ဒေသဖြစ်စေ ယခုလူ့အခွင့်အရေးများနှင့်ပတ်သက်၍ ခွဲခြားမှု လုံးဝမရှိစေရန်။

 ရှင်းလင်းချက်။ ။ အသားအရောင်၊ လိင်၊ ကိုးကွယ်သည့်ဘာသာ၊ ဘာသာစကားတို့ကြောင့် ခွဲခြားခြင်း မရှိစေရ။


Wednesday, June 15, 2016

ဦးမိုးဆွေ(အတွင်းရေးမှူး)နှင့် DVB မေးမြန်းခန်း



“ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပက်သက်တဲ့ ပေါ်လစီတွေ ချမှတ်တဲ့အခါမှာ လူ့အခွင့်အရေး ရှုထောင့်ကနေ Humanities ground ကို လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်ပြီးတော့ အလုပ်သမားရေး ရာ ပေါ်လစီတွေကို ချဖို့အတွက် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံတွေကို MOU တွေထဲမှာ ဖြစ်ဖြစ် ပေါ်လစီတွေ ထဲမှာပဲဖြစ်ဖြစ် အဲ့ဒါတွေကို အဓိကထားပြီးတော့ နောက်တခုက နိုင်ငံတကာ လူ့အခွင့်အရေးစံချိန် စံညွှန်းတွေနဲ့အညီ ပေါ်လစီတွေကို ချမှတ်ဖို့အတွက် တွန်းအားပေးဖို့ ကျနော့်အနေနဲ့ ပြောချင်တယ်”။ (ဆရာ ဦးမိုးဆွေ ရောင်ခြည်ဦးအလုပ် သမားများအဖွဲ့ အထွေထွေအတွင်းရေးမှူး)

Tuesday, June 14, 2016

အရည်အချင်းထက် ဘာကပိုအရေးကြီးသလဲ


အရည်အချင်းအရမ်းအရေးကြီးပါတယ်။ ပညာအရည်အချင်း၊ ကျွမ်းကျင်မူ အရည်အချင်း၊ ဦးဆောင်နိုင်မူ အရည်အချင်း ၊ ဆက်ဆံရေး အရည်အချင်း စသည်ဖြင့်များစွာရှိပါတယ်။ ဒါပေမဲ့ အရည်အချင်းထက် အရေးကြီးတာတွေရှိပါသေးတယ်။ လူတစ်ဦးတစ်ယောက်ကို ကုမ္မဏီဘက်က ( သို့ ) စီမံအုပ်ချုပ်သူဘက်က ဘယ်လိုစဉ်းစားသုံးသပ်ပြီး ဘယ်လိုအကဲဖြတ်ပါသလဲ၊ ကြည့်ကြရအောင်….

၁။ သစ္စာရှိခြင်း
ကုမ္မဏီဘက်ကနေ အမြဲရပ်တည်ပြီး စဉ်းစားတတ်ခြင်း၊ ကုမ္မဏီ အကျိုးကို သစ္စာရှိရှိ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ အမြူအစွယ် အစမ်းအသပ် ခံနိုင်ရည်ရှိခြင်း။