Thursday, May 05, 2016

မြန်မာသံအမတ်များအား ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်



ပြည်ပနိုင်ငံများသို့ တာဝန်ပေးစေလွှတ်မည့် မြန်မာသံအမတ်များကို ၂၂-၄-၂၀၁၆ ရက်နေ့တွင် တွေ့ဆုံစဉ် လမ်းညွှန်မှုပြုသည်။

• မြန်မာသံရုံးများအနေဖြင့် နိုင်ငံသားများအကျိုးကို ကာကွယ်မြှင့် တင်ခြင်းဖြင့် ပြည်ပရှိ မြန်မာနိုင်ငံသားများ ၏ သိက္ခာကို မြှင့်တင်ပေးနိုင်ကြောင်း၊

• ယင်းသို့ကာကွယ်စောင့်ရှောက်ရာတွင် ပြဿနာဖြစ်နေသူများ၊ ရာဇ၀တ် မကင်းသူများကိုပင်လျှင် ၄င်းတို့အား ပစ်ပယ်ထားခြင်း မရှိဟုထင်မြင်သည် အထိ ကူညီမှုများ ပေးရမည်ဖြစ်ကြောင်း ၊


Wednesday, May 04, 2016

ထိုင်းနိုင်ငံအတွင်း မော်တော်ယာဉ်(ကား) တိုက်ခံရမှု့ နှင့် ပတ်သက်ပြီး၊ ထိုင်းနိုင်ငံတွင်း၊ လျှော်ကြေးငွေ ရရှိနိုင်သည့် အခြေအနေများ



(၁) ထိုင်းနိုင်ငံတွင်၊ အလုပ်၊ လုပ်ကိုင်စားသောက်နေသည့်၊ မြန်မာရွေ့ပြောင်းအလုပ်သမားများအနေနှင့်၊ ထိုင်းနိုင်ငံတွင်းတရားဝင်၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရှိပြီး၊ လူမှု့ရေးအထောက်အကူပြုလုပ်မှတ် (Social Security) လုပ်ထားလျှင် အနဲဆုံး အောက် ပါလျှော်ကြေးများခံစားခွင့် ရှိမည်ဖြစ်ပါသည်။

- ထိခိုက်ဒဏ်ရာရပြီးသေဆုံးမှု့ အတွက် ထိုင်းဘတ်ငွေ ၃၀၀၀၀ (သုံးသောင်း) မှ ၁၀၀၀၀၀ (တစ်သိန်း) ထက်မပိုသောလျှော်ကြေးငွေ

- ထိုင်းနိုင်ငံသုံးဘတ်ငွေ ၂၀၀၀၀( နှစ်သောင်း) နှင့် ညီမျှသောနာရေးစရိတ်

- ကော်မီတီ၏ဆုံးဖြတ်ချက်ဖြင့် ထိုင်းဘတ်ငွေ ၃၀၀၀၀ (သုံးသောင်း) ထက်မပိုသောအထွေထွေဆေးကုသမှု့စရိတ်၊ ရရှိမည်ဖြစ်ပါသည်။

Monday, May 02, 2016

ထိုင်းနိုင်ငံရှိ မြန်မာ့ဂုဏ်ဆောင်အခြေခံပညာမူလတန်းကျောင်း ယခုပညာသင်နှစ်တွင် ဆက်လက်ဖွင့်နိုင် ရန် ကူညီထောက်ပံ့ပေးမည့်သူများ လိုအပ်နေ


ထိုင်းနိုင်ငံ ဗန်ကောက်မြို့နယ် ဖလန်ဆောင်၊ ဘန်ဘော၊မူဘန့်ဒီကေ၊ ဆွယ်ဖယာမွန်ထ၊ ယဲ့ ၁၇ ၌ ရှိသော မြန်မာအလုပ်သမားများ၏ သားသမီးကလေးငယ်တို့အား မြန်မာပညာရေးစနစ်အတိုင်း သင်ကြား
ပေးနေသည့် မြန်မာ့ဂုဏ်ဆောင်အခြေခံပညာမူလတန်းကျောင်းမှာ ဆက်လက်ဖွင့်လှစ်ရန် ငွေကြေး အ ခက်ခဲများရှိနေသောကြောင့် ပညာရေးအလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးများ အားလုံးကျောင်းနေရေးအစီအစဉ် ကို နိုင်ငံတော်မှ နှစ်စဉ် စီမံဆောင်ရွက်ပေးခဲ့သည့်အတွက် အနယ်နယ်အရပ်ရပ်မှ အသက်ငါးနှစ်ပြည့်ကလေးအများစု ကျောင်း တက်လာနိုင်ကြပြီဖြစ်သော်လည်း အခြေအနေအကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းရှိ အချို့ ကလေးမိဘများမှာ ရေကြည်ရာမြက်နုရှာရင်း ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ကြရန် ရောက်ရှိလာကြ ရာ မိဘများနှင့်အတူ ၎င်းတို့ ၏ ၁၀နှစ်အောက်ကလေးငယ်များမှာလည်း ထိုင်းနိုင်ငံသို့ဝင်ရောက်ခဲ့ကြပြီး အဆိုပါကလေးအုပ်စုများအား ခွဲခြားစမ်းစစ်ကြည့်ပါက ကျောင်းနေခဲ့သော်လည်း မူလတန်းပညာ
ရေး မပြီးဆုံးကြသူများ၊အခြေအနေအရ ကျောင်းစောစောထွက်ခဲ့ကြရသူများနှင့် ကျောင်း လုံးဝမနေဖူး
သေးသောကလေးငယ်များလည်းရှိကြောင်း သိရသည်။


Sunday, April 24, 2016

ကလေးအလုပ်သမားတစ်သန်းခွဲကျော်ရှိသည့်တိုင်းပြည် ရယ်မှာလား၊ ငိုမှာလား

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဦးရေ အမှန်ပေါ်ထွက်လာခဲ့ပြီ။ ယခင်ကတော့ ကလေးအလုပ်သမားဦးရေကို ခန့်မှန်း၍သာ ပြောခဲ့ကြရသည်။ လေးငါးခြောက်သိန်းတစ်သန်းစသည်ဖြင့်ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ ကြသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ပြည်ထောင်စု အလုပ် အ ကိုင်နှင့်လုပ်ငန်းသန်းခေါင်စာရင်း အစီရင်ခံစာ(အတွဲ ၂-ခ)ကိုမတ် ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကြေညာချက်အရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား(သန်းခေါင်စာရင်း အစီရင်ခံစာတွင် အလုပ် လုပ်နေရသော ကလေးငယ်ဟုသုံးသည်။) စုစုပေါင်းတစ်သန်းငါးသိန်းလေးသောင်းကျော်ရှိကြောင်း သိရ သည်။ နည်းနည်းနောနော မဟုတ်ချေ။ ထိုမျှများပြားနေမှန်း ယခုမှသိရ၍အံ့ဩမိ၏။


Tuesday, March 29, 2016

နွားနို့ကို နနွင်းနဲ့ သောက်ခြင်းရဲ့ကောင်းကျိုး

 



နွားနို့သောက်တဲ့ အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ချောကလက်မှုန့်၊ သကြား၊ ခရင်မ်တွေ ထည့်ပြီးသောက် တာထက် နနွင်း ထည့်သောက် ကြည့်ဖို့ တိုက်တွန်း လိုက်ပါတယ်။ နွားနို့ပူပူထဲကို နနွင်း လက်ဖက်ရည်ဇွန်း ဝက် ဒါမှမဟုတ် လတ်လတ် ဆတ်ဆတ် နနွင်းတက် တစ်လက်မ အရွယ်လောက် ထည့်ပြီး ၁၅ မိနစ် လောက်နေ ရင် သောက်လို့ရပါပြီ။


နနွင်းက သဘာဝဆေးဖက်ဝင် ပစ္စည်းဖြစ်တာ မို့ နွားနို့ နဲ့ရောသောက်ပေးတဲ့ အခါ အအေးမိ၊ ချောင်း ဆိုး ဝေဒနာ အမျိုး မျိုးအတွက် အမြန်ဆုံးပျောက်ကင်းစေဖို့ ထောက်ကူပါတယ်။


Sunday, March 27, 2016

ဒီမိုကရေစီ၏ သွင်ပြင်လက္ခဏာများ



ဒီမိုကရေစီနိုင်ငံ သို့မဟုတ် ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်ရန်အတွက် မည်သည့်အချက်များနှင့် ကိုက်ညီရန် လိုအပ်သနည်း ဟူသည်ကို နိုင်ငံတကာရှိ ပြည်သူများ စဉ်းစားကြ၊ ထုတ်ဖော်တင်ပြကြ၊ အတည်ပြု သတ်မှတ် ကြသည်။ အချို့က သည်အချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲ သို့မဟုတ် အခွင့်အရေးဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း ချက် များထဲမှာပင် တစ်ပါတည်း ထည့်သွင်းကြသည်။

တိုင်းပြည် တစ်ပြည်နှင့်တစ်ပြည် ပကတိအခြေအနေနှင့် ဖြတ်သန်းခဲ့သော ရာဇ၀င်တို့ မတူညီသည့်အလျောက် ဒီမိုကရေစီဟု ဆိုကြသည့် နိုင်ငံချင်း အတူတူမှာပင် ဦးစားပေးအလေးထားမှုများ မတူညီကြသော်လည်း မည်သည့် အရာများသည်ကား ဒီမိုကရေးစီအတွက် ရှိသင့်ရှိအပ်သော အခြေခံမူများ ဖြစ်သည်ဟု မှတ်ယူကြရာ၌ကား ကွဲလွဲမှု မရှိကြပေ။

( ၁ ) နိုင်ငံသားတို့ ပါဝင်ဆောင်ရွက်မှု ( citizen participation )
ဒီမိုကရေစီ နိုင်ငံဖြစ်ကြောင်းဖော်ပြသည့် သိသာထင်ရှားသော လက္ခဏာ တစ်ခုကား နိုင်ငံရေး စီမံခန့်ခွဲမှု တွင် နိုင်ငံသားတို့ ပါဝင်ကြခြင်း ဖြစ်၏။ နိုင်ငံရေးရာ၌ ပါဝင်ဆောင်ရွက်ခြင်းသည် နိုင်ငံသားတို့အတွက် ရပိုင်ခွင့် သာမဟုတ်။ တာဝန်လည်း ဖြစ်၏။ နိုင်ငံသားပါဝင်မှုဆိုင်ရာ၌ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း ၊ ရွေးကောက် ပွဲတွင် မဲပေးခြင်း၊ နိုင်ငံရေးရာများကို သိရှိအောင်လေ့လာမှတ်သားခြင်း၊ ပြဿနာ များကို ဆွေးနွေးဝေဖန်ခြင်း ၊ ရပ်ရွာပြည်သူ့စည်းဝေးပွဲများ သို့ တက်ရောက်ခြင်း၊ အသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက် ခြင်း၊ အကောက်ခွန်များပေးဆောင်ခြင်း၊ လိုအပ်သည့်အခါ မိမိသဘောဆန္ဒကို တင်ပြတောင်းဆို ခြင်း စသည့် အသွင်သဏ္ဌာန်မျိုးစံတို့ အကျုံးဝင်သည်။


Wednesday, March 23, 2016

မျောက်ဥပုသ်


တစ်ခါက မျောက်အုပ်တစ်အုပ်ရဲ့ ခေါင်းဆောင် မျောက်ဟာ သူ့ငယ်သားမျောက်တွေကို စုဝေးစေပြီး တရားဓမ္မ ဟောပြပါသတဲ့။

 သူက

"ငါ မနေ့က လူတွေနေတဲ့ ရွာက ဘုန်းကြီးကျောင်းဘေးက မန်ကျည်းပင်ပေါ်ရောက်ခဲ့တယ်။ ငါမန်ကျည်းသီးစားနေတုန်း ဘုန်းကြီးကျောင်းထဲက ဘုန်းကြီးရဲ့တရားဟာ ငါ့ကို သတိသံဝေဂ ပေးခဲ့တယ်။ အဲဒီတရားကို မင်းတို့ကိုလည်းငါပြန်ဟောပြမယ်"

လို့ပြောရင်း ဘုန်းကြီးရဲ့ဟန်ပန်အတိုင်း ချောင်းဟန့် တင်ပျဉ်ခွေထိုင်ပြီး သူကြားခဲ့ရတဲ့တရားကို ပြန်လည်ဟောပြခဲ့ပါသတဲ့..။

အဲဒီလို မျောက်ခေါင်းဆောင်ရဲ့ တရားကို နာပြီးတဲ့နောက်မှာ မျောက်တွေဟာလည်း လူတွေပြုမူပုံ ပြုမူနည်း အတိုင်း ဥပုသ်သီလ ဆောက်တည်ကြဖို့ သဘောတူကြပါသတဲ့။ အဲဒီအခါ မျောက်ခေါင်းဆောင်က ဒီလိုပြောတယ်......
"ငါတို့ ဥပုသ်စောင့်တာကတော့ ဟုတ်ပါပြီ ဒါပေမယ့် ဥပုသ်ထွက်တဲ့အခါ ဗိုက်ဆာပြီး အားနည်းနေကြမှာပဲ အဲဒီတော့ ဥပုသ်ထွက်တဲ့အခါ စားဖို့အတွက် အစားအစာကို ကြိုတင်ရှာထားကြရင် ကောင်းမယ်"
အဲဒီအခါ မျောက်တွေဟာ ငယ်ရွယ် သန်မာတဲ့မျောက်တွေကို စေလွှတ်ပြီး အစားအစာ ရှာဖွေစေတယ်။