ထိပ်တန်းသတင်းများ
နောက်ဆုံးသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
နောက်ဆုံးရသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
အင်္ဂလိပ်လို Tatoo ၊ မြန်မာလို " ဆေးမင်ကြောင်" ဆိုသည်မှာ လူ၏ ကိုယ်အရေပြားပေါ်တွင်စွဲမြဲစွာ ထင် နေစေရန်တုတ်၊ဆူးချွန် အစရှိသော အရာများဖြင့်ဆေးရောင်သွင်းကာ အရုပ် များ၊ အမှတ်အသားနှင့် ပန်းကနုတ် စသောအလှအပများ ထိုးနှံခြင်းကို ခေါ်သည်။
ဆေးမင်ကြောင် ဘယ်ကစ
ဆေးမင်ကြောင်ဓလေ့သည် ပိုလီနီးရှန်း (Polynesian) လူမျိုး များကစတင်သည်ဟုဆိုကြသည်များ လည်းရှိ သည်။ ဗြိတိန်ကျွန်းမြောက် ပိုင်းတွင် "အရုပ်ခြယ်လူများ" (The Painted People) များ နေထိုင်ကျက်စားခဲ့သည် ဟုလည်းဆို ကြသည်။ ဥရောပနိုင်ငံများသို့ ဆေးမင်ကြောင် (Tatoo) ဟူသော ဝေါဟာရစတင်ဆောင် ကြဉ်း လာသူမှာ နယ်မြေသစ်ရှာဖွေသူ ဂျိမ်းစ်ကွတ် (James Cook) ဖြစ်ပြီး ၁၇၇၁ ခုနှစ်တွင်ဖြစ်သည်။
ဆေးမင် ကြောင် မြတ်နိုးသူများက "အရေပြားအနုပညာ" (Skin Art)၊ ဆေးမင်ကြောင် အနုပညာ(Tatoo Art) စသဖြင့်လည်း ခေါ်ဆိုကြသည်။
ရှေးမြန်မာတို့က ထိုးကွင်းမင်ကြောင်ကို မင်သေ့၊ ကော်၊ ကော်ရစ်၊ မင်ကော်ရစ်ဟူ၍ခေါ်ခဲ့ကြသည်။ မင်သေ့ ထိုးနှံခြင်းဓလေ့ကို ပုဂံခေတ်က စတင်ခဲ့သည်ဟုယူဆကြသည်။ အင်းဝခေတ်ဆင်ဖြူရှင်သီဟသူ(၇၈၃- ၇၈၇ ) မင်သေ့ထိုးခြင်းကိုမြတ်နိုးပုံကိုမဏိ ရတနာပုံကျမ်းတွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံ ဖူးခက်မြို့ ကိုကက်အို ရပ်ကွက်ရှိ ပန်းရံလုပ်ငန်းခွင်မှ
အလုပ်ထုတ်ခံရသော ကျန်းမာရေး မကောင်းသည့် မီးဖွားပြီးစ မိခင် အပါအဝင်
မိသားစု ငါးဦးမှာ နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေသောကြောင့် အကူအညီ
အပူတပြင်း လိုအပ်နေကြောင်း လေးဝတီရခိုင် လူမူရေး အသင်း(ဖူးခက်)
ဥက္ကဌဦးခိုင်အတ က ပြောကြားသည်။
မွန်ပြည်နယ် မော်လမြိုင် ဇေယျာသိရီ
(၂) ရပ်ကွက်တွင် နေထိုင်သော အသက် ၃၀ အရွယ် ဦးနိုင်စိုး ၊ အသက် ၂၃နှစ်
အရွယ် မညိုနှင့် ၎င်းတို့ ၏ လူမမယ်ကလေးနှစ်ဦးနှင့်အတူ
ပန်းရံလုပ်ငန်းခွင်တွင် အလုပ်လုပ် ကိုင်ကာ နေထိုင်ကြောင်း၊ ယင်းနောက်
မညိုမှာ လုပ်ငန်းခွင်တွင် တတိယမြောက် သားငယ် ကို မွေးဖွားခဲ့ပြီး ချက်ကြိုးမှ
တဆင့် မေးခိုင် ပိုးဝင်ရာမှ ကျန်းမာရေးမကောင်းသူ မိခင်မှာ ဆေးရုံတွင်
ဆေး ကုသ မှုခံယူရန် ဆေးဖိုးစရိတ်မ တတ်နိုင်သဖြင့် နယ်မြေခံဘာသာရေး
အဖွဲ့တစ်ခုဖြစ်သော DASICသို့ ဆက်သွယ် အကူညီတောင်းခံခဲ့ရာ အဆိုပါအဖွဲ့မှ
တဆင့် လေးဝတီရခိုင်လူမူရေး အသင်း(ဖူကတ်)နှင့် ဆက်သွယ်အကူညီ တောင်းခံကာ
ဖူးခက်ဆေးရုံတွင် ဆေးကုသခွင့် ရရှိခဲ့ကြောင်း ယင်းအသင်းထံမှ သိရှိရသည်။
ဆာ့ခ်ဗဟာ ဒူးရွိုင်း (ကြည်း ၀၁၉၁၄) သည် အောင်ဆန်းသူရိယဘွဲ့ ရရှိသော ဂေါ်ရခါးလူမျိုး စစ်သည်တော် တစ်ဦး ဖြစ်သည်။ သူသည် တာချီလိတ် အဝေးပြေး လမ်းမပေါ်တွင် တရုတ်ဖြူ ကူမင်တန်တို့နှင့် တိုက်ခိုက်ရာတွင် မိမိ အသက်ကို ပဓာန မထားဘဲ အသက်စွန့် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်၏ အမြင့်မားဆုံးသော ဘွဲ့တံဆိပ် တစ်ခု ဖြစ်သည့် အောင်ဆန်း သူရိယ ဘွဲ့ဖြင့် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။
ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း၁၉၅၀ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့က ခြေလျင်တပ်ရင်း ၄-မှ “ဒီ” ကုမ္ပဏီတပ်ခွဲကို ရှေ့သို့ချီတက်ရန် အမိန့်ပေးသည့်အတိုင်း ရှမ်းပြည်နယ် ကျိုင်းတုံအပိုင်း တာလေးမှ ပန်ခိဟက်သို့ ချီတက်သည်။ ပန်ခိဟက်သို့ ရောက်သောအခါ တရုတ်အမျိုးသား (ချန်ကေရှိတ်အစိုးရ၏ တရုတ်ဖြူစစ်တပ်) စစ်တပ်သားတို့၏ ဝိုင်းဝန်းခြင်းကို ခံရသည်။ ကုမ္ပဏီတပ်ခွဲဗိုလ်သည် မိမိတပ်ရင်းမှ တပ်သားများကို ခေါ်ရန်ပြန်လာစဉ် လမ်းခရီးတွင် များပြားသော ရန်သူတို့က ချောင်းမြောင်း၍ ပစ်ခတ်သဖြင့် အသက်လွတ်ရုံ ခက်ခဲစွာနှင့် လွတ်မြောက်လာသည်။ “ဒီ” ကုမ္ပဏီတပ်ခွဲမှာ တပ်ရင်းနှင့် အဆက်ပြတ်သော အခြေအနေသို့ ဆိုက်ရောက်ရသည်။
ထိုင်းနိုင်ငံ ၊ မဟာချိုင်မြို့ရှိ ဝေလရပ်ကွက်ရှိ မြန်မာ့ ဂုဏ်ဆောင် အခြေခံပညာ မူလတန်း ကျောင်း တွင် ဖေဖော်ဝါရီလ ၂၁ရက် နံနက်ပိုင်းက မြန်မာ အလုပ်သမများကို အမျိုးသမီး အခွင့်အရေး ဆိုင်ရာများ သင်တန်းကို ပို့ချပေးခဲ့ကြောင်း ယင်းကျောင်းမှ ကျောင်းဆရာမ ဒေါ်ခင်သန္တာစိုးက ပြောကြားသည်။
မြန်မာ အလုပ်သမများ အိမ်တွင်း အကြမ်းဖက် ခံရမှုများ မဖြစ်ပွားစေရေးနှင့် အမျိုးသမီးများ၏အခွင့်အရေး ဆိုင်ရာများကို သိရှိစေရန် ရည်ရွယ်ကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် အလုပ်သမား ကူညီရေးအဖွဲ့ဖြစ်သော MAP (Migrant Assistance Program) Foundation မှ အမျိုးသမီးအခွင့်ရေးနှင့် အလုပ် သမားကူညီရေး တက်ကြွလှုပ်ရှားသူ သင်တန်းနည်းပြများက ပို့ချခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး အခွင့်အရေးဆိုင် ရာ သင်တန်းကို မြန်မာ အလုပ်သမ အယောက် ၂၀ ခန့်က တက်ရောက် ဆွေးနွေး ခဲ့ကြောင်း ယင်းသင် တန်းနည်းပြများထံမှ သိရှိရသည်။
(က)
နိုင်ငံရေးဆိုသည်ကတော့ အများနှင့်ပတ်သက်သော အနက်ရသည်ကို လူတိုင်းသိကြသည်။ တယောက် တည်း မဟုတ်၊ တကိုယ်တည်း မဟုတ်၊ အများနှင့်ပတ်သက်ခြင်း။ တယောက် ကောင်းစားခြင်း မဟုတ်၊ အများး ကောင်းစားခြင်း။
ယဉ်ကျေးမှု ဆိုသည်ကတော့ ႟ရိုင်းရာမှ ယဉ်လာသည် အထိ တိုးတက်လာခြင်း ဟူသော အနက်ထွက်သည် ကို လူတိုင်းသိကြသည်။
ယနေ့ခေတ်သည် နိုင်ငံရေး ယဉ်ကျေးမှု ပျိုးထောင် ဖွဲ့စည်းစ ခေတ်ဖြစ်သည်။ သန်းပေါင်းများစွာသော လူသားတို့ သေကြေပျက်စီး ဆုံးပါးကြပြီးနောက် ပညာရှင်တို့သည် မကောင်းဆိုး႟ရွားဒဏ်ကို နားလည် သိရှိပြီးကာ ငြိမ်းချမ်းရေးရှေ့ရှု့သော စိတ်ဓာတ်များ တိုးပွားလာကြပေသည်။ ပညာရှင်သာမဟုတ်၊ ပညာရှိခြင်းနှင့် ဆက်သွယ်သော နိုင်ငံရေးခေါင်းဆောင်တို့သည် နားလည်သိရှိသော လက္ခဏာဖြစ်သည်ဟု ဆိုရမည်။ ထို့ကြောင်နိုင်ငံရေး ယဉ်ကျေးမှုသည်ြ ငိမ်းချမ်းရေး၊ ထိုမျှသာမက နိုင်ငံရေးသည် အများအတွက်၊
ပြည်သူတို့အတွက် ဖြစ်ပေရာ ဧကဝါဒ တို့နှင့်လည်း ဆန်ကျင် နေပြန်သည်။ ဧကဝါဒနှင့် ဆန့်ကျင်သည် ဆိုလျှင် ဗဟုဝါဒ၏ တဖက်အနက်။ ဗဟုဝါဒဆိုသည်ကလည်း အများနှင့် ပတ်သက်နေသည်။ အများ ဆိုသည်မှာလည်း ပေါင်းစပ်ခြင်း သဘောတရား ဖြစ်သည်။ထို့ကြောင့် နိုင်ငံရေး ယဉ်ကျေးမှုသည် ပေါင်း စပ်ခြင်း သဘောတရား။
(၁) အမျိုးသမီး/ကလေး/ကိုယ်ဝန်ဆောင် များကို
မြေအောက်၊ရေအောက်၊ဥမင်လှိုင်ခေါင်းထဲတွင်လုပ်ရသော
ဓါတ်သတ္တုတူးဖေါ်ရေးလုပ်ငန်းများတွင်စေခိုင်းခြင်းမပြုရ
(၂) ဆောက်လုပ်ရေးတွင်လည်း ၁၀ မီတာ(၃၂)ပေခန့်နှင့်အထက်မြင့်သောငြမ်းစင်များပေါ်တွင် အလုပ် လုပ်ရန်စေခိုင်းခြင်းမပြုရပါ။
(၃) ပေါက်ကွဲမီးလောင်လွယ်ကူသော ပစ္စည်းများကို
ထုတ်လုပ်(သို့)သယ်ယူခိုင်းစေခြင်း၊ တုန်ခါမှုရှိသော စက်ယန္တယားများနှင့် အလုပ်
လုပ်ရသော အလုပ်များစေခိုင်းခြင်းမပြုရပါ။
(၄)
သာမာန်အမျိုးသမီးအတွက် အလေးချိန်၂၅ ကီလိုထက်လေးသောပစ္စည်းများ
ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ၁၅ ကီလိုထက်လေးသောပစ္စည်းများ
ကလေးအလုပ်သမား အမျိုးသမီး(၁၅ နှစ်မှ ၁၈ နှစ်)အထိကို အလေးချိန်၂၀
ကီလိုထက်လေးသောပစ္စည်းများ၊ ကလေးအလုပ်သမားအမျိုးသား (၁၅နှစ်မှ
၁၈နှစ်)ကိုအလေးချိန်၂၅
ကီလိုထက်လေးသောပစ္စည်းများသယ်ပိုးထမ်းရွက်စေခြင်းမပြုလုပ်စေရပါ။
၁။ အလုပ် လုပ်ခွင့်လက်မှတ် ဝါခ်ပါမစ် (ခွင့်ပြုချက်မရှိဘဲ အလုပ် လုပ်ပါက) ပုဒ်မ ၅၁ အရ (၂၀၀၀၀)နှစ်သောင်း ထက်မကျော်သော ဒဏ်ငွေ သော် လည်းကောင်း ထောင်ဒဏ် (45)ရက်သော်လည်းကောင်းကျခံ ရမည်ဖြစ်သည်။
၂။ ပါမစ်ပြုလုပ်ထားသည့် အလုပ်ရုံ မှအခြားသော အလုပ်မျိုးကို လုပ်ဆောင် ပါက ပုဒ်မ ၂၆ အရ ၁၀၀၀၀(တစ်သောင်း)ထက်မကျော်သော ဒဏ်ငွေသော် လည်းကောင်း အချုပ်(၇)သော်လည်းကောင်း ကျခံရမည်ဖြစ်သည်။