Thursday, January 28, 2016

"နိုင်ငံရေးဆိုတာ ဘာလဲ”



(ဂျပန်ပြည်တွင် ရဲဘော်သုံးကျိပ် စစ်ပညာစတင်သင်ခိုက် တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လရောင်နှင့် ဗိုလ်မင်းခေါင်တို့ တွေ့ဆုံ စကားပြောကြစဉ်)

ဗိုလ်မင်းခေါင်မှ "နိုင်ငံရေးဆိုတာ ဘာလဲ" ဟု ၀င်ထောက်မေးလိုက်ရာ ဗိုလ်ချုပ်က "လူတိုင်းကတော့ တိုင်းရေးပြည်ရေးကိုသာ နိုင်ငံရေးလို့ တွက်ထားကြတယ်။ အမှန်ကတော့ ကိုယ့်ဘ၀ ရပ်တည်ရေးကစပြီး ကိုယ့်အိမ်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်မကြီးတစ်ခုလုံးရဲ့ လူမှုရေးကိစ္စပဲ။
 နိုင်ငံရေးစကားနဲ့ပြောရင်တော့ လူတွေ စားမှု၊သောက်မှု၊ နေမှု၊ ထိုင်မှု အားလုံးဟာ နိုင်ငံရေးပေါ့ကွ" 
ဟု ရှင်းပြပြီး ဆက်လက်၍ နိုင်ငံရေးသမားဟူသည် ဆိုသည့်အကြောင်းအရာကို အခုလို ရှင်းပြခဲ့သည်။


Wednesday, January 27, 2016

ညီမလေးတို့ကိုမနက်တိုင်းေ ရ၂ခွက်ဆင့်သောက်ခိုင်းရတဲ့ အကြောင်း


၁၊၊ ညီမလေးတို့ရဲ့ ဘာမှမရှိသေးတဲ့အစာအိမ်မှာ ရေသောက်ချ လိုက်ခြင်းအားဖြင့် အူမကြီးလမ်းကြောင်း တလျှောက်ကို သန့်စင်စေပါတယ်ရှင်၊၊ကျမတို့အတွက်လိုအပ်တဲ့အဟာရဓာတ်တွေကိုလည်း စုပ် ယူစေ ဖို့လည်းပိုမိုလွယ်ကူစေပါတယ်၊၊

၂၊၊ သွေးနှင့်ကြွက်သား ဆဲလ်တွေ ထုတ်လုပ်အားကိုတိုးစေပါတယ်၊၊

၃၊၊ ညီမလေးတို့ဝိတ်ချနေခြင်းကိုအထောက်အကူဖြစ်စေပြီး မနက်စောစောမှာရေအေး ၁၆ အောင်စ ခန့် သောက်ပေးခြင်းဟာ ဇီဝကမ္မ ဖြစ်စဉ်ကို၂၄% ထိ မြှင့်တင်ပေးပါတယ်ရှင်၊၊

Wednesday, January 06, 2016

လုံးဝမရေးချင်ဘဲ ရေးရတဲ့စာ


|| မြသန်းစံ ||


အရိုးသားဆုံးစိတ်နဲ့ပြောရရင် ကျွန်တော် အခုရေးမယ့်စာမျိုး လုံးဝ မရေးချင်ပါဘူး။ တော်တော်များများလည်း သိကြ ပါတယ်။ ကျွန်တော် ဓမ္မဆိုင်ရာ စာပေနဲ့ပဲမွေ့လျော် မိမိကိုယ်ကိုကောင်းအောင် ဆောက်တည် ရင်း နေလာခဲ့တာ နှစ်အတော်ကြာပါပြီ။

ကျောင်းဆင်းဒုဗိုလ်ဘဝ(၁၉၈၁ခုနှစ်)လောက်က ကြာအင်းဆိပ်ကြီးဒေသရှေ့တန်း စစ်မျက်နှာ မှာသေကောင်ပေါင်းလဲ တိုက်ပွဲဖြစ် ခဲ့ရတဲ့ရန်သူကို ၁၉၉၉ခုနှစ်ရောက်တော့ လက်နက်နဲ့ ငြိမ်းချမ်းရေး လုပ်မယ် လို့ပြောလာတဲ့အချိန်မှာ တာဝန်ပေးချက်အရ ကျွန်တော့်ဘက်က စေတနာပါပေါင်း ထည့်ပေးပြီး
“ငြိမ်းချမ်းရေးပန်းခင်း” ဆိုတဲ့သီချင်းကို ရေးပေးခဲ့ရတဲ့ သူပါ။ အဲဒီတုံးကအဲဒီတိုက်ပွဲမှာ မအူမလည်နဲ့ ကျွန်တော် သာကျဆုံးခဲ့ရင် “ငြိမ်းချမ်းရေးပန်းခင်း” သီချင်းထွက်လာမှာ မဟုတ်သလို ကျွန်တော်လည်း သီချင်းရေးဆရာ တစ်ယောက် လည်းဖြစ် လာမှာ မဟုတ်ပါဘူး။ အခုတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အဲဒီ သီချင်းဖွင့်ပြီး ဆိုကြ ကကြတယ်လို့ ခပ်ဝေးဝေးပဲကြားနေရပါတယ်။

အဲဒီတုံးကအခုလို Mediaတွေသိပ်မထွန်းကားသေးတော့ တလောက ဖြစ်ခဲ့တဲ့ ' လောက်ကိုင်စစ်ပွဲ ‘ပုံရိပ်တွေ လို ပြည်သူတွေ အချိန်နဲ့တပြေးညီ သိခွင့်မရခဲ့ဘူး။ ဒါပေမယ့်ကျွန်တော်ကိုယ်တိုင်မြေမြုပ် အမိန့်ပြန်ခဲ့ရတဲ့ ကျွန်တော့်ရဲဘော်တွေရဲ့ ဓာတ်ပုံတွေ ကတော့ ကျွန်တော့် ရင်ထဲမှာဆေးသားမပျက်ပြယ်သေး ပါဘူး ။လောက်ကိုင် စစ်ပွဲမှာ ကျဆုံး သွားတဲ့ ကလေးတွေရဲ့မိဘတွေကိုကိုယ်ချင်းစာနားလည်စိတ်နဲ့ ခံစားနေရ ချိန်မှာတော့ တချိန်ကကျွန်တော်ကိုယ်တိုင် မျက်ရည်သုတ်ပေးခဲ့ရတဲ့ ကျွန်တော့် ရဲဘော်တွေရဲ့ ဇနီးသား သမီးတွေဟာ အခုတော့ မျက်ရည်တွေခြောက်ခမ်းလို့ ရင့်ကျက်ကုန်ကြ ပါပြီ။


Saturday, December 19, 2015

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ


အခန်း(၁)
အမည်၊ စီရင်ပိုင်ခွင့်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဟု ခေါ်တွင်စေရမည်။

၂။ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို မည်သူမဆို ပြည်တွင်းတွင် (သို့မဟုတ်)
မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေအရ မှတ်ပုံတင်ထားသောရေယာဉ်နှင့် လေယာဉ်တစ်ခုခုပေါ် တွင် ကျူးလွန် လျှင်ဖြစ်၊မြန်မာနိုင်ငံသား (သို့မဟုတ်) မြန်မာနိုင်ငံတွင် အမြဲတမ်းနေ ထိုင်သည့် နိုင်ငံခြားသားကပြည်ပ တွင် ကျူးလွန်လျှင်ဖြစ်စေ ဤဥပဒေအရ စီရင်ပိုင်ခွင့်ရှိစေရမည်။

၃။ဤ ဥပဒေတွင်ပါရှိသော စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) လူကုန်ကူးမှုဆိုသည်မှာ - ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူ တစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ခေါင်းပုံဖြက်ခြင်း၊ပြုရန် အလို့ငှာ အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ပြီး လူများကို သိမ်းသွင်းစုဆောင်းခြင်း၊သယ်ယူ ပို့ဆောင်ခြင်း၊လွှဲပြောင်းခြင်း ၊ရောင်း ချခြင်း၊၀ယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ခိုလှုံခွင့်ပေးခြင်း (သို့မဟုတ်) လက်ခံခြင်းကိုဆိုသည်။




"လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအခြေအနေ"ထိုင်းရောက်မြန်မာလုပ်သားနှစ်ဦးဖမ်းဆီးခံထားရသော ဗြိတိန်နိုင်ငံသားနှစ်ဦးအသတ်ခံရသည့် လိပ်ကျွန်းလူသတ်မှုကို ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ်အမိန့်ချမည်ဖြစ်သည်။ ဗြိတိန်နိုင်ငံသား ဒေးဗစ်မီ လာ (၂၄)နှစ်နှင့် ဟန်နာဝစ်သာ ရစ်ခ်ျ (၂၃)နှစ်တို့သည် ၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညဥ့်သန်းခေါင်တွင် လိပ်ကျွန်း၌ အသတ်ခံ ခဲ့ရခြင်း ဖြစ်သည်။ (7Day ရုပ်သံတင်ဆက်မှု)
Posted by 7Day News Journal on Friday, December 18, 2015

Friday, December 18, 2015

အလုပ်သမား အခွင့်အရေး ဘန်ကောက်မှာ ဆန္ဒပြ


ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့ မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာပါ။ ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်လုပ်ခွင့်ဗီဇာ သက်တမ်း ထပ်မံတိုးပေးရေး ကိစ္စနဲ့ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) နဲ့ လာတဲ့ အလုပ်သမားတွေအရေး မြန်မာ သံရုံးဘက်က လျစ်လျူရှု့ထားတယ် လို့ အလုပ်သမားတွေဘက်က ယူဆတဲ့ အတွက် ရင်ဆိုင်နေရတာတွေ ကို ဖြေရှင်းပေးဖို့အတွက် အခုလို မြန်မာသံရုံးရှေ့မှာ အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ပြဿနာတွေ ကို ပြေလည်အောင် ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Sunday, December 13, 2015

နေရပ်ပြန်မြန်မာအလုပ်သမားများအတွက် ထိုင်းအစိုးရ မူဝါဒအသစ်ချမှတ်



နယ်စပ်မြို့များမှ တဆင့် မြန်မာနိုင်ငံပြန်သည့် အလုပ်သမားများထိုင်းနိုင်ငံသို့ပြန်ဝင်လာကြရာ အလုပ်ရှင်ဖြစ်သူ၏ ခရီးသွားလာခွင့်ထောက်ခံစာမပြုလုပ်ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ခွင့်ပြုမည်မဟုတ်
ကြောင်း ဘန်ကောက်မြို့နေ မြန်မာအလုပ်သမားရေး ဆောင်းရွက်နေသူ ကိုဝင်းနိုင်မှ ပြောသည်။


“အလုပ်ရှင်မှ ခရီးသွားလာခွင့်ပြုသည် စာရွက်မပါလို့ ပြန်ဝင်မရဖြစ်နေတဲ့အလုပ်သမတစ်ယောက်အကူညီတောင်းလာလို့ သူ့အလုပ်ရှင်ထံ မနက်သွားပြီး ထောက်ခံစားလုပ်ပေးရအုန်းမယ်“ ဖြစ်ကြောင်း ကိုဝင်းနိုင်မှ ပြောသည်။