Saturday, December 19, 2015

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ


အခန်း(၁)
အမည်၊ စီရင်ပိုင်ခွင့်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဟု ခေါ်တွင်စေရမည်။

၂။ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို မည်သူမဆို ပြည်တွင်းတွင် (သို့မဟုတ်)
မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေအရ မှတ်ပုံတင်ထားသောရေယာဉ်နှင့် လေယာဉ်တစ်ခုခုပေါ် တွင် ကျူးလွန် လျှင်ဖြစ်၊မြန်မာနိုင်ငံသား (သို့မဟုတ်) မြန်မာနိုင်ငံတွင် အမြဲတမ်းနေ ထိုင်သည့် နိုင်ငံခြားသားကပြည်ပ တွင် ကျူးလွန်လျှင်ဖြစ်စေ ဤဥပဒေအရ စီရင်ပိုင်ခွင့်ရှိစေရမည်။

၃။ဤ ဥပဒေတွင်ပါရှိသော စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) လူကုန်ကူးမှုဆိုသည်မှာ - ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူ တစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ခေါင်းပုံဖြက်ခြင်း၊ပြုရန် အလို့ငှာ အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ပြီး လူများကို သိမ်းသွင်းစုဆောင်းခြင်း၊သယ်ယူ ပို့ဆောင်ခြင်း၊လွှဲပြောင်းခြင်း ၊ရောင်း ချခြင်း၊၀ယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ခိုလှုံခွင့်ပေးခြင်း (သို့မဟုတ်) လက်ခံခြင်းကိုဆိုသည်။




"လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအခြေအနေ"ထိုင်းရောက်မြန်မာလုပ်သားနှစ်ဦးဖမ်းဆီးခံထားရသော ဗြိတိန်နိုင်ငံသားနှစ်ဦးအသတ်ခံရသည့် လိပ်ကျွန်းလူသတ်မှုကို ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ်အမိန့်ချမည်ဖြစ်သည်။ ဗြိတိန်နိုင်ငံသား ဒေးဗစ်မီ လာ (၂၄)နှစ်နှင့် ဟန်နာဝစ်သာ ရစ်ခ်ျ (၂၃)နှစ်တို့သည် ၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညဥ့်သန်းခေါင်တွင် လိပ်ကျွန်း၌ အသတ်ခံ ခဲ့ရခြင်း ဖြစ်သည်။ (7Day ရုပ်သံတင်ဆက်မှု)
Posted by 7Day News Journal on Friday, December 18, 2015

Friday, December 18, 2015

အလုပ်သမား အခွင့်အရေး ဘန်ကောက်မှာ ဆန္ဒပြ


ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့ မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာပါ။ ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်လုပ်ခွင့်ဗီဇာ သက်တမ်း ထပ်မံတိုးပေးရေး ကိစ္စနဲ့ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) နဲ့ လာတဲ့ အလုပ်သမားတွေအရေး မြန်မာ သံရုံးဘက်က လျစ်လျူရှု့ထားတယ် လို့ အလုပ်သမားတွေဘက်က ယူဆတဲ့ အတွက် ရင်ဆိုင်နေရတာတွေ ကို ဖြေရှင်းပေးဖို့အတွက် အခုလို မြန်မာသံရုံးရှေ့မှာ အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ပြဿနာတွေ ကို ပြေလည်အောင် ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Sunday, December 13, 2015

နေရပ်ပြန်မြန်မာအလုပ်သမားများအတွက် ထိုင်းအစိုးရ မူဝါဒအသစ်ချမှတ်



နယ်စပ်မြို့များမှ တဆင့် မြန်မာနိုင်ငံပြန်သည့် အလုပ်သမားများထိုင်းနိုင်ငံသို့ပြန်ဝင်လာကြရာ အလုပ်ရှင်ဖြစ်သူ၏ ခရီးသွားလာခွင့်ထောက်ခံစာမပြုလုပ်ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ခွင့်ပြုမည်မဟုတ်
ကြောင်း ဘန်ကောက်မြို့နေ မြန်မာအလုပ်သမားရေး ဆောင်းရွက်နေသူ ကိုဝင်းနိုင်မှ ပြောသည်။


“အလုပ်ရှင်မှ ခရီးသွားလာခွင့်ပြုသည် စာရွက်မပါလို့ ပြန်ဝင်မရဖြစ်နေတဲ့အလုပ်သမတစ်ယောက်အကူညီတောင်းလာလို့ သူ့အလုပ်ရှင်ထံ မနက်သွားပြီး ထောက်ခံစားလုပ်ပေးရအုန်းမယ်“ ဖြစ်ကြောင်း ကိုဝင်းနိုင်မှ ပြောသည်။


စာချုပ်ပါအလုပ်နှင့်ကွဲလွဲကာထမင်းငတ်၍ MOUအလုပ်သမားများမြန်မာ

 ထိုင်းနိုင်ငံတွင် MoU ဖြင့်သွားရောက်လုပ်ကိုင်သည့် မြန်မာ လုပ်သားများ စာချုပ်ပါအလုပ်နှင့်ကွဲလွဲ ကာထမင်းငတ် သည်အထိဖြစ်ခဲ့ရပြီး မြန်မာနိုင်ငံ သို့ပြန်လည်ရောက်ရှိလာ (ရုပ်သံ)

ထိုင်းနိုင်ငံမှာMoUနဲ့အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် အလုပ်ရှာဖွေရေးအေဂျင်စီတွေနဲ့သွား ခဲ့ပေမယ့် စာချုပ်ပါအလုပ်နဲ့ကွဲလွဲမှုရှိတဲ့အပြင် ထမင်းငတ်တဲ့အထိအလုပ်အဆင်မပြေဖြစ်တာကြောင့် အလုပ်သမားအချို့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

Sunday, November 15, 2015

မြင်းထိန်းနှင့် ၀န်မင်း


လက်ဝဲရေကြောင်းဗိုလ်မင်းအိမ်က မြင်းတွေကို ထိန်းပေးနေရတဲ့ ငတာဆိုသူတစ်ယောက်ရှိတယ်။ ကျွန်တော့် ငတာမဟုတ်ဘူး။ မင်းတုန်းမင်းခေတ်က ငတာကိုပြောတာ။ ကျွန်တော့် ငတာက အရူးငတာ။ အဲဒီ ငတာက မြင်းထိန်းငတာ။

မြင်းထိန်းငတာက အလှူတွေ၊ မင်္ဂလာဆောင်တွေရောက်ရင် ရွှေပြည်ဝန်ကြီး (ယောအတွင်းဝန် ဦးဘိုးလှိုင် ) ရေးတဲ့ ကျမ်းကြီးတွေ ဘယ်လောက်ကောင်းတယ်ဆိုတာ အာပေါင်အာရင်းသန်သန်နဲ့ လိုက်ပြောနေတော့ တာပဲ။ 

ဝိမုတ္တိကျမ်းက ဘာဖြစ်တယ်။ ဥတုဘောဇနကျမ်းက ဘာဖြစ်တယ်ဆိုပြီးတော့ ပြောနေတော့ ဘေးလူတွေ နည်းနည်းအမြင်ကပ်လာတယ်။

မြင်းထိန်းတဲ့ကောင်က စကားကြီးစကားကျယ် ကျမ်းရိုးကျမ်းကိုးတွေနဲ့ ပြောနေတာကို ရွှေပြည်ဝန်ကြီးအိမ်မှာ တာဝန်ထမ်းနေတဲ့ စာရေးတစ်ယောက်က နေရာတိုင်းကြားနေရတော့ ၀န်ကြီးကို ပြန်လျှောက်တယ်။
"ငတာတစ်ယောက် ၀န်မင်းရဲ့ ကျမ်းတွေ ဘယ်လောက်ကောင်းကြောင်း၊ ၀န်မင်းဘယ်လောက်တော်
 ကြောင်း လျှောက်ပြောနေပါတယ်ဘုရား" ပေါ့။



ဒီတော့ ၀န်မင်းကလည်း....... "ဟဲ့ .. ဘယ်ကငတာလဲ" လို့မေးလိုက်တယ်။


Wednesday, November 11, 2015

ပျားရည်မက်သူများ


တောအုပ်အတွင်းတွင် ကွက်လပ်တစ်ခုရှိသည်။ ထိုကွက်လပ်၏ အလယ်၌ ထင်းရှူးပင် တစ်ပင် ရှိသည်။ ထိုထင်းရှူးပင်၏ အကိုင်းတစ်ခု၌ ကြိုးတစ်ချောင်း ချည်ထားသည်။ ထိုကြိုး၏ အဖျားတွင် လေးလံသော သစ်တုံးတစ်တုံးကို ချည်ထားသည်။ သစ်တုံး၏ အောက် တည့်တည့် ၌ ပျားရည်များ ထည့်ထားသော သစ်သားပုံး ရှိသည်။

ထိုကွက်လပ်ဆီသို့ ဝက်ဝံများ လာနေကြသည်။ ဝက်ဝံမကြီးက ရှေ့ဆုံးမှ လျှောက်လာ၍ ယင်းနောက်မှ အခါလည်သား ဝက်ဝံလေး တစ်ကောင်နှင့် မွေးကာစ ဝက်ဝံကလေး သုံးကောင် လိုက်ပါလာသည်။ ဝက်ဝံမကြီးသည် ဦးခေါင်းကို မော့ကာ တရှူးရှူး အနံ့ ခံပြီး နောက်က ဝက်ဝံကလေး များကို ရှေ့ဆောင်ကာ ပျားရည်ပုံးကြီး ရှိရာသို့ ရှေးရှု သွားနေသည်။