Saturday, August 16, 2014

ပြည်ပရောက် မြန်မာအလုပ်သမားများနှင့် ဥပဒေ အကာအကွယ်မဲ့မှု ပြဿနာ


အလုပ်သမားတွေက စက်ရုံတွေထဲမှာ၊ ဆန္ဒပြတာပဲ ဖြစ်ဖြစ်၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာပဲ ဖြစ်ဖြစ်၊ သံရုံးကို လှမ်းတိုင်တာပဲ ဖြစ်ဖြစ် အဲဒီသံရုံးတွေမှာ ဖုန်းနံပါတ်တွေ၊ အီးမေးလ်တွေပဲ ပေးထားတာ… တကယ်တိုင်ရင် ထိထိရောက်ရောက် ကိုင်တွယ်တာ မရှိဘူး …

အယ်လ်ဂျာဇီးယား သတင်းဌာနမှ Mr. Micheal Malay က Buy a Discount maid at Singapore’s Mall အမည်ဖြင့် သတင်းဆောင်းပါးတွင် ဖော်ပြထားသော သတင်းဓာတ်ပုံ


ရန်ကုန်၊ ဇွန် ၃၀

ပြည်ပသို့ သွားရောက် လုပ်ကိုင်လျက်ရှိသည့် တရားဝင်၊ တရားမ၀င် အလုပ်သမား များ၏ ရပိုင်ခွင့်၊ ဥပဒေအရ ကာကွယ်ခွင့် ရရှိရေးနှင့် ပတ်သက်၍ လွှတ်တော်သို့ အ ဆိုတင်သွင်း ခဲ့သော်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ပယ်ချခဲ့ခြင်း အပေါ်   ပြည်တွင်း ပြည်ပ အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက် နေသူများနှင့် လွှတ်တော် ကိုယ်စားလှယ် တချို့က ဝေဖန်လျက်ရှိသည်။

ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်ပရောက် အိမ်အကူ အလုပ်သမများ အပါအ၀င် နိုင်ငံခြားရောက် အလုပ်သမားများဆိုင်ရာ အထူး ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန်အတွက် သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်   ဦးသိန်းညွန့်က အဆို တင်သွင်း ခဲ့သော်လည်း ထောက်ခံသူ လေးဦးသာ ရှိပြီး အာဏာရပါတီ ကြံ့ခိုင်ရေးနှင့် တပ်မတော်သား ကိုယ်စားလှယ်များက မထောက်ခံ ခဲ့သည့် အတွက် လွှတ်တော်မှ ပယ်ချခဲ့သည်။ လက်ရှိတွင် ပြည်ပနိုင်ငံရောက် မြန်မာ အလုပ်သမားများမှာ ဖိနှိပ်ခံရမှုများ ရှိနေသည်ကို အထင်အရှား တွေ့မြင်ရ၍ ယခုအ ဆိုကို တင်သွင်းရခြင်း ဖြစ်ကြောင်း လွှတ်တော်အပြီး ၌လည်း မီဒီယာများသို့ ဦးသိန်းညွန့်က ပြောဆိုခဲ့သည်။


ဘာတွေပြောင်းလဲသွားပြီလဲ –

အစိုးရအဖွဲ့သစ် တက်လာခါစက ဆင်ဖမ်းမည်၊ ကျားဖမ်းမည်ဟု ကြုံးဝါးလာသော် လည်း နိုင်ငံခြားသို့ အိမ်အကူခေါ် အိမ်ဖော်များ ရောင်းထုတ်နေရဆဲ ဖြစ်ပါ သည်။ နိုင်ငံခြားသို့ အိမ်ဖော်ပို့ပြီး နိုင်ငံခြားငွေ ရှာနေရသည်မှာ ရှက်စရာပင် . . .


၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲကြီး ကျင်းပခဲ့ပြီးနောက် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် က ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်မည်၊ ဒီမိုကရေစီ ဖော်ဆောင်ရေး ကို လည်း ဦးဆောင်မည်ဟု ကြွေးကြော်သံဖြင့် လူထု၏ ထောက်ခံမှု ရအောင် ကြိုးစား ခဲ့သည်မှာ ယခုဆို ၄ နှစ်ပင် ရှိပေပြီ။ နောက်တစ်နှစ်သာ ကျန်တော့ပြီ။ ဦးသိန်းစိန် အရွေးခံ၊ မခံမှာ သူ့အပြောသာရှိပြီး နောက်နှစ် ဦးသိန်းစိန် ပြန်လည် အရွေးခံရ၊ မရကိုကား ပြည်သူများက သူ့လုပ်ဆောင်ချက်ကို ကြည့်ပြီး ဆုံးဖြတ် ကြပေလိမ့်မည်။ လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်း ကလည်း သမ္မတအဖြစ် အရွေးခံမည်ဟု ဆိုလေ သည်။


Tuesday, August 12, 2014

မေ့ပင်

 


မေ့ပင်တစ်ပင်ရှိတယ်။ တစ်ခါတုန်းက မေ့တတ်တဲ့လူတစ်ယောက်ဟာ သစ်ပင်တစ်ပင်ကို စိုက်ခဲ့တယ်။ သူစိုက်ခဲ့တဲ့အပင်ကို သူမေ့ပြီး အဝေးကို ထွက်ခွာသွားတယ်။ ကျန်ရစ်ခဲ့တဲ့အပင်ဟာ သူ့ဘာသာ ရှင်သန်လာခဲ့တယ်။ အဲဒီအပင်ဟာ မေ့ပင်ပေါ့။ မေ့ပင်ဟာ မေ့သီးတွေသီးဖို့ မေ့နေတယ်။ ဒါပေမဲ့ သူဟာ ရှင်သန်နေလျက်ပဲ။ လူတစ်ယောက်ဟာ မေ့ပင်အောက်ကို ရောက်လာရင် မေ့သွားတော့တယ်။ သူ ဘယ်က လာတယ်။ သူဘယ်ကို သွားရမယ်ဆိုတာတွေကို မေ့သွားသတဲ့။ 

တစ်ခါတုန်းက လူငယ်လေးတစ်ယောက်ဟာ အဝေးကချစ်သူဆီကို ခရီးထွက်လာသတဲ့။ ခရီးထွက်လာရင်း သူဟာ မေ့ပင်အောက်မှာ တစ်ထောက် ဝင်နားမိလေတယ်။ သူဟာ သူ့ချစ်သူကို မေ့သွားရောတဲ့။ ကံဆိုးရှာတဲ့ လူငယ်လေးရဲ့ ချစ်သူမိန်းကလေးဟာ တစ်နေ့လာနိုး တစ်နေ့လာနိုးနဲ့ သူ့ကို မျှော်နေခဲ့တယ်။ 

Monday, August 11, 2014

စိတ်ကောင်းရှိဖို့က ပထမ


“စိတ်ကောင်းရှိဖို့က ပထမ” ဆိုတဲ့ နံပါတ် (၁)က ဤကျောင်းတိုက်မှာ နေလိုရင် “အကြီးက အငယ်ကို နှိမ်, အငယ်က အကြီးကို မရိုသေဆိုတဲ့ စိတ်မျိုး, ကိုယ့်ထက်သာသူကို မနာလိုတဲ့ ဣဿာစိတ်, ဉာဏ်ဝီရိယကောင်းတဲ့သူကို တိုးတက်မှာစိုးတဲ့ မစ္ဆရိယစိတ်, အလွန်ထင်ရှားသိသာတဲ့ တဏှာရာဂစိတ်, ဂုဏ်နဲ့လာဘ်ကို အလွန်လိုလားတဲ့ လောဘစိတ်, ပြင်းထန်တဲ့ ဒေါသစိတ်, မာန်မာနစိတ် စတဲ့စိတ်မျိုးတွေ မဖြစ်စေဘဲ ဆရာပီပီ တပည့်ပီပီ ရိုသေလေးစားတဲ့ မေတ္တာစိတ်, မကျန်းမာသူကို သနားတဲ့ ကရုဏာစိတ်, သူတပါး ပညာတတ်သည် လာဘ်ပေါသည်ကို ဝမ်းမြောက်တဲ့ မုဒိတာစိတ်, ဘုရားဝေယာဝစ္စကို စိတ်ပါလက်ပါ ပြုလုပ်လိုတဲ့စိတ်, သဒ္ဓါတရားကောင်းတဲ့စိတ်, ပျော့ပျောင်းနူးညံ့တဲ့စိတ်, အပါယ်လေးပါး ကြောက်တဲ့စိတ်, မဂ်ဖိုလ်နိဗ္ဗာန်လိုလားတဲ့စိတ် စတဲ့စိတ်မျိုးတွေ ရှိရမယ်” လို့ဆိုလိုပါတယ်။


Sunday, August 03, 2014

“ရွှေ့ေ့ပြာင်းအလုပ်သမားတွေဟာ တကယ်ကော လုံခြုံတဲ့အကာအကွယ်ပေး ခံရမှုတွေရှိနေပြီလား”


“ရွှေ့ပြောင်းအလုပ်သမားတွေအရေးလုပ်ကိုင်ရာမှာ တခြားနိုင်ငံတွေရဲ့ ဥပဒေ ကိုလေးစား ရတယ်။ တဖက်နိုင်ငံရဲ့ ဥပဒေတွေ၊ အစိုးရတွေနဲ့ ပူးပေါင်းလုပ်ကိုင် ရတာတွေ ရှိတယ်”
ဦးမျိုးအောင်(ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန

“When we deal with migrant workers’ affairs, we also have to respect the law in other countries. We have to cooperate with other countries’ law and governments.”
U Myo Aung (Director General , Ministry of Labour)

Friday, July 25, 2014

အလုပ်သမားများ ရပိုင်ခွင့်နှင့် တာဝန်များ(၂)


(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေ BE2541နှင့် အညီ အလုပ်ရှင်နှင့် အလုပ်သမား တို့၏ ရပိုင်ခွင့်များနှင့် တာဝန်များ) 

၅။ခွင့်
နာမကျန်းခွင့်
အလုပ်သမားသည် အမှတ်တကယ် မကျန်းမာသောရက်များအားလုံး အမှန်တကယ် ကျန်းမာသည့်နေ့အထိ နာမကျန်းခွင့် ခံစားပိုင်ခွင့်ရှိသည်။ (၃)ရက်နှင့်(၄)ရက် ထက် ကျော်လွန်သော နာမကျန် ခွင့်ယူသူ အလုပ် သမားကို သတ်မှတ်ထားသော   ဆေးရုံ၊ ဆေးခန်းမှ ဆေးလက်မှတ် သို့မဟုတ် ပထမတန်းအဆင့်ရှိ ပါရဂူ ဆရာဝန် ထံမှ ဆေးလက်မှတ်ကို အလုပ်ရှင်မှ ဆောင်းဆိုရယူနိုင်သည်။ အကယ်၍ သတ်မှတ်ထားသော ဆေးလက်မှတ်ကို မတင်ပြပါက အလုပ်သမားသည် အလုပ်ရှင်အား လိုအပ်သော ရှင်းလင်းတင်ပြချက်ကို ပြု လုပ်ပေးရမည်။

     တစ်ရက်တာနာမကျန်းခြင်းနှင့် ထိခိုက်ဒဏ်ရာရှိခြင်း တို့ကြောင်း အလုပ်ငန်းပျက် ကွက်ခြင်းနှင့် သားဖွားခွင့်ယူထားသော အလုပ်သမားများအား နာမကျန်းခွင့် အဖြစ် မသက်မှတ်ရ။

Thursday, July 24, 2014

အလုပ်သမားများ ရပိုင်ခွင့်နှင့် တာဝန်များ(အပိုင်း-၁)



(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေ BE2541နှင့် အညီ အလုပ်ရှင်နှင့်အလုပ်သမား တို့ ၏ ရပိုင်ခွင့်များနှင့် တာဝန်များ)


၁။ သာမန်အလုပ်ချိန်

သာမန်အလုပ်ချိန်သည် တစ်ရက်လျှင်(၈)နာရီထက် မကျော်လွန်စေရ သို့မဟုတ် အလုပ်ရှင်နှင့် အလုပ် သမားတို့၏သဘောတူညီမှုအရဖြစ်နိုင်သော်လည်း ရက်သတ္တ ပတ်လျှင်(၄၈)နာရီထက် မကျော်လွန်စေရ။

တစ်ရက်လျှင်(၇)နာရီထက်မကျော်လွန်သော သို့မဟုတ် ရက်သတ္တပတ်လျှင်(၄၂) နာရီထက်မကျော် လွန်သော အလုပ်ချိန်ကို အလုပ်သမားကျန်းမာရေးထိခိုက်နိုင် မှုနှင့် ဘေးအန္တရာယ်ရှိသော လုပ်ငန်းမျိုး တို့အတွက် ခွင့်ပြုသည်။