Thursday, January 17, 2013

ဆရာတော်ကြီးများ၏မှတ်သားဖွယ် သြ၀ါဒများ




သူတော်ကောင်းဘ၀ရခဲလှ

လူဖြစ်သော ဘ၀တို့ မှာလည်း ဘ၀တစ်ရာတွင် တစ်ဘ၀မျှ သူတော်ကောင်းတရား နှင့်ပြည့်စုံသောဘ၀ကို မရနိုင်။ မိစ္ဆာဒိဋ္ဌိဘ၀၊ ဒုစရိုက်ဘ၀တွေသာများချေ၏။ မကောင်းမှု ဒုစရိုက် မည်သည် တစ်ဘ၀မျှလိုက်စား လျှင်ပင် အပါယ်သို့ ကျရောက်ကြလေရာ ဒုစရိုက် ကံဟောင်းတွေ ဆက်လက်၍နေသည့်အတွက်ကြောင့်
  တစ်ကမ္ဘာလုံးပင်သတ္တ၀ါတွေ အသင်္ချေနှင့် အနတ္တရှိသည်။အပါယ်မှတက်ခွင့်မရပဲငရဲသစ်ငုတ်၊အပါယ် သစ်ငုတ်ဖြစ်၍နေကြသော
(လယ်တီ ဆရာတော်)

တုနှိုင်းမဲ့ မိဘမေတ္တာ ကို သိရှိနိုင်ပါစေ

ချွေးမလုပ်တဲ့သူက “ပေါ့တော့လဲ အရသာမရှိဘူး၊ ငံတော့လဲ မျိုမကျဘူး။ အမေကဘာဖြစ်ချင်တာလဲ?”
အမေက သူ့သားပြန်လာတာမြင်တော့ဘာမှမပြောတော့ဘဲ ထမင်းဟင်းကို ပါးစပ်ထဲသွတ်ထည့် လိုက်တယ် ။ သူမသူ့ကို မျက်စောင်းထိုးပြီး တစ်ချက်ကြည့်လိုက်တယ်။
သားက တစ်လုတ်လောက်မြည်းကြည့်လိုက်တယ်။ ချက်ချင်းပြန်ထွေးထုတ်လိုက်ပြီး “ငါမင်းကို ပြောထား တယ် မဟုတ်ဘူးလား၊ အမေ့မှာ ရောဂါရှိတယ်၊ အငံစားလို့မရဘူးဆိုတာကို”
“ကောင်းပြီလေ၊ ဒါ ရှင့် အမေဘဲ၊ နောက်ကျရင်ရှင်ဘဲချက်တော့” ချွေးမ ကတော့ ဆောင့်အောင့်ပြီး အခန်းထဲဝင်သွားတယ်။

Sunday, January 13, 2013

အားလပ်ချိန်မှာ ပညာရှာ


“ ပညာဟူသမျှ ကို လွတ် လပ် စွာ သင်ယူနိုင်၏”

                အလုပ်လာလျှောက်သူတစ်ဦး အား  အလုပ်ရှင်က မေးတက်သည့် မေးခွန်း တစ်ခုမှာ “ မောင်ရင် ပညာအရည် အချင်း ဘယ်လောက်ရှိလဲ၊ဘာသင်တန်း တွေ တက် ခဲ့ဖူးလဲ “ဟူ ၍ ဖြစ်သည်။
              ပညာအရည်အချင်း မရှိသူနှင့် ပညာအရည်အချင်းရှိသူ တို့၏ ကြားတွင် ကွာဟ ချက် သည် အလွန် ကြီးမား သည်။ ယင်းကွာဟချက်ကြီး ကို ဆက်စပ် ပေါင်းကူး ပေးနိုင်
သည့်  တစ်ခုတည်းသော အရာမှာလည်း ပညာအရည်အချင်း သာဖြစ်သည်။

Saturday, January 12, 2013

အဋ္ဌာရသတစ်ဆယ့်ရှစ်ရပ်


  1. ကပ္ပ - တစ်ခုသောဗေဒင်၏အခက်အလက် သာခါကျမ်း၏ အထူးထူးသောအပိုင်း၌ဆိုအပ်သော မန္တန်နည်းအားဖြင့် သိအပ်သော သာခါတစ်ပါး၌တည်သော မန္တန်တို့အား သုံးစွဲပုံအစီအရင်ကိုပြသော ဗောဓါယနစသော ရသေ့တို့စီရင်အပ်သောကျမ်းအတတ်၊
  2. ဗျာကရဏ ပါဏိနိ စသော သဒ္ဒါကျမ်းအတတ်၊
  3. ဇောတိသတ္ထ- ဂြိုလ် နက္ခတ်တို့၏ အသွားအလာသရုပ် သဏ္ဍန်နှင့်တကွအကောင်းအဆိုးကိုပြဆိုသော ကျမ်းအတတ်၊
  4. သိက္ခာသရဗျည်း ဌာန် ကရိုဏ်း ပယတ်တို့ကိုပြဆိုသော ပါဏိနိ သိက္ခာ နာရဒ သိက္ခာ စသောကျမ်း အတတ်၊

သူတို့စကားတွေ





သူတော်စင် ၀ိဝေကနန္ဒ


တကယ်လို့ နေ့တစ်နေ့အတွင်းမှာ ပြဿနာ တစုံတရာကို သင်မကြုံခဲ့ရသေးဘူး ဆိုရင် သင် လမ်းမှားပေါ် လျှောက် နေပြီဆိုတာ သိပ်သေချာနေပြီ။




ပြဇာတ်ဥသျှောင် ၀ီလျှံ ရှိတ်စပီးယား


အောင်ပွဲရဖို့ဆိုတာ အကြောင်းသုံးချက်ပြည့်စုံရတယ်။

-          တခြားသူတွေထက် ပိုသိရမယ်

-          တခြားသူတွေထက် ပို ကြိုးစားရမယ်

-          အဲ… တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။






မေတ္တာတရား


မျက်စိရှေ့မှာ ရှိနေပေမယ့် စိတ်ထဲမှာ မရှိရင် နီးလျက် ဝေးနေပါတယ်
မျက်စိရှေ့မှာ မရှိပေမယ့် စိတ်ထဲမှာရှိနေရင် ဝေးလျက် နီးနေပါတယ်။
မျက်စိရှေ့မှာ ရှိဖို့ထက် စိတ်ထဲမှာ ရှိဖို့က ပိုအရေးကြီးပါတယ်။
နားလည်မှု အပြည့်ပါတဲ့ မေတ္တာတရားသာရှိရင် စိတ်ထဲမှာ အမြဲရှိနေမှာပါ။

လိုတရနှလုံးသား


ဘုရားဂုဏ်တော်ပွားတယ်ဆိုတာ
ဘုရားရှင်သန္တာမှာရှိတဲ့
ဓာတ်ကောင်းဓာတ်မြတ်တွေကို
ကိုယ့်နှလုံးသားထဲမှာ
မိတ္တူကူးယူတာပါပဲ။