Friday, December 14, 2018

နေရပ်ပြန် ကမ္ဘောဒီးယား နိုင်ငံသားများစီးလာသည့်ကား လမ်းဘေးသစ်ပင်ဝင်တိုက်



စာကဲဟိုခရိုင် မီ(င်)နယ်မြေ စခွမ်ရပ်ကွက်အနီးရှိ စာကဲဟို-ခေါင်ဟီစွန့်အဝေးပြေးလမ်းမကြီးပေါ်တွင် ယနေ့(၁၄.၁၂.၂၀၁၈)နံနက်၉နာရီ၄၀မိနစ်အချိန်၌ နေရပ်ပြန်ကမ္ဘောဒီးယားအလုပ်သမား(၉)ဦးလိုက်ပါလာသည့် လွတ်တုကားသည် လမ်းဘေးသစ်ပင်ကိုအရှိန်ပြင်းစွာဝင်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကားမောင်းသူထိုင်းနိုင်ငံသား(၁)ဦးနှင့်ကမ္ဘောဒီးယားအလုပ်သမား(၁)တို့သည်အခင်းဖြစ်ပွားသည့်နေရာ၌သေဆုံးခဲ့ပြီး ကမ္ဘောဒီးယားအလုပ်သမား(၈)ဦးဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်နေစဉ် အလုပ်သမား(၁)ဦးထပ်မံသေဆုံးခဲ့သဖြင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ(၃)ဦးအထိဖြစ်ခဲ့ကြောင်းသိရသည်။

Wednesday, December 12, 2018

မြန်မာအလုပ်သမားနှစ်ဦးနေရပ်ပြန်ပို့ရေးအလုပ်သမားသံအရာရှိရုံးနှင့်LPNအဖွဲ့ပူးပေါင်းဆောင်ရွက်




ယနေ့(၁၂.၁၂.၂၀၁၈)ရက်နေ့ နံနက်အချိန်တွင် အလုပ်သမား သံအရာရုံးသို့ မဟာချိုင်မြို့အခြေစိုက် LPN Foundationအဖွဲ့မှ လာရောက်ကာ ကိုယ်အင်္ဂါထိခိုက်ထိခိုက်ဒဏ်ရာရရှိထားသည့် မြန်မာအလုပ်
သမားနှစ်ဦးအား နေရပ်ပြန်ပို့ရာတွင်လိုအပ်သည့် အကူညီများလာရောက်တောင်းခံခြင်းဖြစ်ကြောင်းသိ
ရသည်။

“အလုပ်သမားသံအရာရှိရုံးကနေ ကျနော်တို့ အဆင်ပြေပြေ နဲ့နေရပ်ပြန်နိုင်ရေးအတွက် ကူညီဆောင်
ရွက်ပေးသလို အသုံးစရိတ်ပါထုတ်ပေးလို့ ကျေးဇူးတင်ပါတယ်”လို့ဦးမြင့်စိုး(၄၁နှစ်)ကပြောသည်။


Monday, December 10, 2018

အလုပ်သမား သံအရာရှိကို လာဘ်ပေးရသည်ဆိုသည့် ကိစ္စ မမှန်ကန်ကြောင်း Popularland ကုမ္ပဏီမှ ဒါရိုက်တာရှင်းပြီ


၁၀.၁၂.၂၀၁၈ ဘန်ကောက်

အလုပ်ခေါ်စာ တစောင်လက်မှတ်ရေးထိုးမှုအတွက် အေဂျင်စီမှ အလုပ်သမားသံအရာရှိအားဘတ်၅၀၀ ပေးခဲ့ရကြောင်း ယမန်နေ့က လူမှုကွန်ယက်ပေါ်တွင် liveလွှင့်ပြီးတင်ပြခဲ့သည့်ကိစ္စသည် မှန်ကန်ခြင်းမရှိကြောင်း သက်ဆိုင်ရာအေဂျင်စီမှ တရားဝင်ငြင်းဆိုခဲ့သည်။

popularland အေဂျင်စီမှ ဖြေရှင်းရာတွင် ထိုင်းနိုင်ငံ Apk property & Deploment Construction ကုမ္ပဏီသို့ ကျား၃၀ဦးနှင့် မ၂၀ဦး၏ အလုပ်ခေါ်စာအား ၁၃.၁၁.၂၀၁၈တွင် အလုပ်သမားသံအရာရှိရုံးသို့ တင်ပြခဲ့ကြောင်း၊ သို့သော် စာရွက်စာတမ်းမပြည့်စုံမှုကြောင့် ခွင့်ပြုခြင်းမရှိခဲ့ကြောင်း၊ ထိုင်းအေဂျင်စီထံသို့ လိုအပ်သော အထောက်အထားများပြန်လည်တောင်းခံခဲ့ပြီး ပြီးပြည့်စုံအောင် စီစဉ်ပြီးမှ ၁.၁၂.၂၀၁၈နေ့တွင် အလုပ်သမားသံအရာရှိထံသို့ ဒါရိုက်တာ ဦးအောင်မြင့်စိန်ကိုယ်တိုင် မှတ်ပုံတင်တင်စာရင်းသွင်း၍သွားရောက်တင်ပြခဲ့ကြောင်း၊ အလုပ်သမားသံအရာရှိမှ စနစ်တကျ စစ်ဆေးပြီးမှသာ ခွင့်ပြုခဲ့ကြောင်း၊ ယင်းကိစ္စအတွက် အလုပ်သမားသံအရာရှိမှ မည်သည့်ငွေကြေးမှတောင်းခံခဲ့ခြင်းမရှိသလို Popularland အေဂျင်စီဘက်မှလည်း ပေးဆောင်ခဲ့ရခြင်းမရှိကြောင်း ပြန်လည် ဖြေရှင်းခဲ့သည်။


Sunday, December 09, 2018

မြက်များဖြင့်ဖုံအပ်ကာခေါ်ဆောင်လာသည့် တရားမ၀င်မြန်မာအလုပ်သမား၅ဦးအဖမ်းခံရ



ထိုင်းနိုင်ငံ ပကျွတ်ခီးလီခန်ခရိုင် မီ(င်)မြို့နယ် စစ်ခွန်(Sing Khon)ဂိတ်တွင် ထိုင်းနိုင်ငံသို့တရား
ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား၅ဦးကို ယမန်နေ့(၈.၁၂.၂၀၁၈) နံနက် ၈နာရီအချိန်က
ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနဖြစ်သည့် စနုတ်(sanook)သတင်းဌာနဖော်ပြချက်အရသည်။




ပြင်းထန်စွာကန့်ကွက်ခြင်း



(၈.၁၂.၂၀၁၈)ရက်နေ့ ည ၁၉နာရီ ၄၂မိနစ်အချိန်ခန့်တွင် မဟာချိုင်မြို့အခြေစိုက်
AACအဖွဲ့ ဥက္ကဌဆိုသူ ထိုင်းနိုင်ငံသားကတ်ကိုင်ဆောင်ထားသည့် ခိုင်ကြီး(ခ)လှခိုင်
သည် ၎င်း၏ FaceBookအကောင့်တွင် အလုပ်သမားဟစ်တိုင်မီဒီယာပိုင်ရှင်ဖြစ်သူ
ကိုစောမောင်အားဂုဏ်သိက္ခာကျဆင်းစေရန်အခြေမြစ်မရှိလုပ်ကြံလီဆယ်ကာတိုက်ခိုက်
ပြောဆိုခဲ့သည်ကို ပြင်းထန်စွာကန့်ကွက်သည်။

AACအဖွဲ့ ဥက္ကဌဆိုသူ ထိုင်းနိုင်ငံသားကတ်ကိုင်ဆောင်ထားသည့် ခိုင်ကြီး(ခ)လှခိုင်
(မြန်မာစကားကောင်းမွန်စွာတတ်သူ)သည်

ပထမအကြိမ် #ည၁၉နာရီ ၄၂မိနစ်Liveလွှင့်ပြောကြားရာတွင် ကိုစောမောင်သည်
ပီပဲ(လ်)ဒလေရှင်အေဂျင်စီထံမှငွေယူသည်ဟုပြောဆိုခဲ့ပြီး မကြာမီ မိနစ်အနည်းငယ်တွင်
အေဂျင်စီအမည်မှားယွင်းကြောင်း ယင်းLiveမှာပဲပြင်ဆင်ရေးသာခဲ့သည်ကိုတွေ့ရှိရခြင်း၊

Friday, November 23, 2018

ကန်ချဘူရီခရိုင်ရှိ ကြက်သားစက်ရုံသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်ရောက်စစ်ဆေး




ကန်ချနဘူရီခရိုင် ထာ့မကာမြို့နယ် ဥလုံးစီမီ(င်)ရပ်ကွက်ရှိ မြန်မာအလုပ်သမားများဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည့် ကြက်သားစက်ရုံသို့ ယမန်နေ့(၂၂.၁၁.၂၀၁၈)က ကန်ချနဘူရီခရိုင်ဝင်မှုကြီးကြပ်ရေးဌာန၊ရဲတပ်ဖွဲ့၊ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊အပါဝင်ဌာနဆိုင်ရာတာဝန်ရှိသူ ၄၀ဦးခန့်တို့ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။


Sunday, November 11, 2018

မယားပါသားက ပထွေးဖြစ်သူကိုဓားနဲ့ထိုးသတ်



၁၁.၁၁.၂၀၁၈၊ ထာ့စိုင်၊ အလုပ်သမားဟစ်တိုင်

စမွတ်ဆာခွန်နယ်မြေ၊ ထာ့စိုင် အမှတ်(၈)ရပ်ကွက် ခလွန်ခလုဘုန်းကြီးကျောင်းလမ်း၌ မြန်မာအလုပ်သမား(၁) ဦးဓားထိုးအသတ်ခံရကြောင်း ယမန်နေ့(၁၀.၁၁.၂၀၁၈)ည (၁၀)နာရီအချိန်တွင် သတင်း
ရရှိသဖြင့် စမွတ်ဆာခွန် ခရိုင်ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။

အသက်ခံရသူ အမည်မသိ အသက်(၄၅)နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ဘယ်ဘက်ရင်အုံတွင် ထိုးသွင်းဓားဒဏ်ရာတစ်ချက်ရရှိပြီး လဲကျနေသည်ကို ရပ်ကွက်နေ သူများက တွေ့ရှိသဖြင့် အရေးပေါ်ကယ်ဆယ်ရေးဌာနနှင့်ရဲဌာနသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။