Sunday, September 30, 2018

ဆော်ဒီရောက် ဗီယက်နမ်အိမ်ဖော်များဘဝ

ဆော်ဒီရောက် ဗီယက်နမ်အိမ်ဖော်များဘဝ သီဒေါင်းသည် လူတွေစွန့်ပစ်ထားသော အိမ်တစ်အိမ်တွင် သူ့သမီးဖြစ်သူ အသက် ၇ နှစ်အရွယ် ဟောင်အန်းနှင့်အတူ နေထိုင်သည်။ သူနေထိုင်သည့်နေရာက ဟနွိုင်းမြို့ အနောက်တောင်ဘက်၊ ဟောင်ဘင်းမြို့စွန်တွင်ဖြစ်သည်။ 

ဒေါင်းသည် အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဧပြီလက ဗီယက်နမ်နိုင်ငံသို့ ပြန်မရောက်လာမီ ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ အိမ်ဖော်အလုပ်ကို လုပ်ကိုင်ခဲ့သည်။ 

“ကျွန်မ မနက် ၅ နာရီကနေ နေ့ ၁ နာရီအထိ အလုပ်လုပ်ရတယ်။ ၁ နာရီထိုးမှ ထမင်းစားရတယ်။ နေ့တိုင်း ဒီအတိုင်းပဲ။ ထမင်းတစ်ပန်းကန်နဲ့ ဆိတ်သားလေးတစ်တုံးပဲစားရတယ်။ နှစ်လလောက်လုပ်ပြီးတော့ ရူးချင်လာတယ်” ဟု ဒေါင်းက သူ၏ ဆော်ဒီနိုင်ငံ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ယန်ဘီတွင် အလုပ်လုပ်ခဲ့ရစဉ်က အတွေ့အကြုံကို ပြန်ပြောင်းပြောပြနေခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ အစီရင်ခံစာများအရ ဆော်ဒီနိုင်ငံတွင် ဗီယက်နမ်နိုင်ငံမှ အလုပ်သမားပေါင်း ၂၀၀၀၀ ခန့်ရှိနေကြောင်း သိရသည်။ ဆော်ဒီနိုင်ငံ၏ မိသားစုများထံ၌ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြရသူပေါင်းမှာ ၇၀၀၀ ခန့်ရှိသည်။ 

Thursday, September 27, 2018

ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ကြ မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ စကားသံများ




မြဝတီ စက်တင်ဘာ ၂၆

မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်အ လုပ်လုပ်ကိုင်ကြမည့် မြန်မာ အလုပ်သမားများအား စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ရပါသည်။

မခင်ထွေးရီ(မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်)
သင်္ကြန်မတိုင်ခင်ကတည်းက အလုပ်လုပ်ဖို့ စီစဉ်ခဲ့တာပါ။မိသားစုစားဝတ်နေရေးအတွက် သွားရတာပါ။ မြန်မာနိုင်ငံမှာ ကျတော့ နေစရိတ်စားစရိတ်တွေနဲ့ အဆင်မပြေဘူးလေ။ ဒီဘက် မှာဆိုရင် ပိုပြီးတော့ အဆင်ပြေမယ် ထင်လို့ပါ။ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့SRK စက်ရုံမှာ လုပ်ရမယ်လို့ သိရပါတယ်။ကွန်ပျူတာနဲ့ စက်ပစ္စည်းလုပ်ရမှာပါ။ မြန်မာနိုင်ငံမှာလည်း ဒီလို အလုပ်အကိုင်အခွင့်အလမ်းမျိုးတွေ အများကြီးဖြစ်ပေါ်လာဖို့ မျှော်လင့်ပါတယ်။


Tuesday, September 25, 2018

MOUအလုပ်သမားတစ်ဦး လျှော်ကြေးငွေ ကျပ်သိန်းတစ်ရာကျော်ရရှိ



 ထိုင်းနိုင်ငံသို့ MOUစနစ်ဖြင့်လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည်
လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်ဒဏ်ရာရရှိခဲ့ရာ လျှော်ကြေးငွေ ဘတ်၂၁၂၈၀၀(မြန်မာ
ကျပ်ငွေဖြင့် သိန်းတစ်ရာခန့်)ရရှိခဲ့ကြောင်းသိရသည်။


“အခုလိုလျှော်ကြေးငွေရရှိရေးအတွက် အဖက်ဖက်မှကူညီပေးကြတဲ့ အလုပ်သမားသံအရာရှိ၊သက်ဆိုင်
ရာအေဂျင်စီတို့ကို အထူးပဲကျေးဇူးတင်ရှိပါတယ်၊အခုရတဲ့လျှော်ကြေးငွေနဲ့ရွာပြန်ပြီးဈေးရောင်းစားဖို့
လုပ်နေပါတယ်”လို့ ကိုစိုးမောင်ဦး(အသက် ၂၄နှစ်)ကပြောပါတယ်။


တရားဝင်ရွှေ့ပြောင်းလုပ်ကိုင်ကြခြင်းဖြင့် ကာကွယ်စောင့်ရှောက်မှုကို အပြည့်အဝရယူ


ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများတွင် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်မှု စတင်ပြီဖြစ်ကြောင်း သိရ သည်။ ယင်းသို့ စေလွှတ်နိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မြန်မာရေလုပ်သားများ၏ အခွင့် အရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံမှ အာမခံချက်များပေးမှုကို ရယူနိုင်ရန် ဦးဆောင်ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေကြသည့် မြန်မာရေလုပ်သားများ စုစုပေါင်း ၄ဝဝဝဝ ကျော်၊  ရေလုပ်ငန်းနှင့်ဆက်စပ်သည့် လုပ်ငန်းများတွင် မြန်မာလုပ်သား ၄၅ဝဝဝ ကျော်၊ ရေထွက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများတွင် မြန်မာရေ လုပ်သား ၅၁ဝဝဝ ကျော်ရှိကြောင်း ထိုင်းဘက်မှ စာရင်းများက ဖော်ပြ ထားကြောင်း သိရသည်။

Sunday, September 23, 2018

ထိုင်းနိုင်ငံ၊ ရနောင်း မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားဆိုက်ရောက်ခြင်းနှင့် ပြန်လည်ပေါင်းစည်းရေးစင်တာ ဖွင့်ပွဲကျင်းပ



ရနောင်းမြို့ရှိ ဆိုက်ရောက်ခြင်းနှင့် ပြန်လည်ပေါင်းစည်းရေးစင်တာ (Post Arrival and
Reintegration Center for Migrant Worker) ဖွင့်ပွဲအခမ်းအနား ကို ယနေ့(၂၃.၈.၂၀၁၈ )
မွန်လွဲ (၁ နာရီ ၃၀ မိနစ်)တွင် ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။


အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ ညွှန်ကြားရေးမှူးချုပ်
 ဦးဝင်းရှိန်နှင့် အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးမှ တာဝန်ရှိသူများ ၊ အလုပ်သမားသံအရာ
ရှိများနှင့် ထိုင်းအလုပ်သမားဝန်ကြီဌာနမှ ဝန်ကြီး Police General Adul Saengsiew Kaew နှင့်
ထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဒေသအာဏာပိုင်များနှင့် ရနောင်းခရိုင်အတွင်းရှိေ
ရွှ့ပြောင်းရေလုပ်သမားများတက်ရောက်ခဲ့ကြပါတယ်။


ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ နှင့် အလုပ်သမား အရေးဆောင်ရွက်လျက်ရှိသည့် အဖွဲ့ အစည်းများတွေ့ဆုံ


အလုပ်သမား၊လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ နှင့်ထိုင်းနိုင်ငံရောက် အလုပ်သမား အရေးဆောင်ရွက်လျက်ရှိသည့် အဖွဲ့ အစည်းများတွေ့ဆုံဆွေးနွေး

 ၂၂.၉.၂၀၁၈ ၊ဘန်ကောက်၊ အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြညထောင်စုဝန်ကြီး ဦးသိန်းဆွေဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ (၂၂.၉.၂၀၁၈) နံနက် ၉ နာရီ ၅၀ ခန့်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိလာခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည် ၂ နာရီတွင် ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်း နှင့်အတူ ဘန်ကောက်မြို့ ဟွေ့ခွမ်နယ်မြေ ရာ့ခ်ျဒါလမ်းရှိ The Emerald Hotel ဖာနိုရာမ အစည်းဝေးခန်းမ(၁)တွင် ပြည်ပအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီများအဖွဲ့ချုပ်(MOEAF) ၊ထိုင်းနိုင်ငံရောက် မြန်မာ အလုပ် သမားရေးဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်းသတင်းရရှိသည်။


Wednesday, September 05, 2018

မြဝတီမြို့၌ ရွှေ့ပြောင်းအလုပ်သမား ၉၆ ဦး ပြန်လည်ဝင်ရောက်မှု (၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့)



ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအက် ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့် မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်ဂိတ် အသီးသီးမှ ပြန်လည်ဝင်ရောက်လာလျက်ရှိရာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ ၀၆၀၀ အချိန်မှ ၁၈၀၀ အချိန် ထိ မြဝတီမြို့၊ (၄)ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ အမှတ် (၁)ချစ်ကြည်ရေး တံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၆ ဦး (ကျား ၆၈၊ မ ၂၈)တို့ ပြန်လည်ဝင်ရောက်လာခဲ့ပါ သည်။