ထိပ်တန်းသတင်းများ
နောက်ဆုံးသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
နောက်ဆုံးရသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
ထိုင်းနိုင်ငံ ရေလုပ်ငန်းရှင်များအသင်းက လိုအပ်နေတဲ့ ရေလုပ်သားအများအပြားကို အိမ်နီးချင်းနိုင်ငံကနေ တရားဝင် တင်သွင်းခန့်ထားနိုင်ဖို့ အစစပြင်ဆင်ပြီး အသင့်ဖြစ်နေပြီလို့ ရနောင်းခရိုင် အလုပ်သမားစီမံခန့်ခွဲရေးဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံ ပင်လယ်နားနီး ၂၂ ခရိုင်ထဲမှာ ရေလုပ်သား ၅ သောင်းကျော် လိုအပ်နေကြောင်း ရေလုပ်ငန်းရှင်များအသင်းက ထိုင်းအစိုးရထံတင်ပြခဲ့ပြီး ထိုင်းအလုပ်သမား ဝန်ကြီးကလည်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အလုပ်သမားတွေ တရားဝင်စေလွှတ်ရေး သီးသန့်သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်ဆန်နယ်မြေ ဇာတုပတီကျောင်းဝန်းအတွင်းရှိထမင်းဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦး၏သက်သေခံစာရွက်စာတမ်းများအသိမ်းဆည်းခံထားရသဖြင့် ယနေ့၌ အလုပ်သမားသံအရာရှိရုံးသို့လာရောက်အကူညီတောင်းခံခဲ့ကြောင်းသိရသည်။
“ဒီဆိုင်မှာအလုပ်လုပ်လာတာကြာနေပြီး အခုတလောကျမ္မားရေးမကောင်းလို့ အလုပ်နှစ်ရက် တောင်းနားတယ်၊ အလုပ်ပြန်ဆင်းတော့၊ အလုပ်ထုတ်လိုက်ပြီးပြောလို့ ကျမCIစာအုပ်နဲ့မြန်မာမှတ်ပုံတင်တောင်းတာပြန်မပေးတဲ့အပြင်ရဲနဲ့ပါခြိမ်းခြောက်လာလို့ အခုလို အလုပ်သမားသံအရာရှိရုံးမှာလာရောက်အကူညီတောင်းပါလို့ ” ဒေါ်ငယ်(ခ)ဒေါ်အေးတူးကပြောသည်။
ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်ဂိတ်အသီးသီးမှ ပြန်လည်ဝင်ရောက်လာလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ၀၆၀၀ အချိန်မှ ၁၈၀၀ အချိန်အထိ မြဝတီမြို့ (၄)ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၂၅ ဦး(ကျား ၂၄၁၊ မ ၈၄)နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ သွပ်ပြားပေါက်မှ ၁၆ ဦး(ကျား ၉၊မ ၇)တို့ ပြန်လည်ဝင်ရောက်လာခဲ့ပါသည်။
ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက် ဂိတ်အသီးသီးမှ ပြန်လည်ဝင်ရောက်လာလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ ၀၆၀၀ အချိန်မှ ၁၈၀၀ အချိန်ထိ မြဝတီမြို့၊ (၄)ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၈ ဦး(ကျား ၅၃၊ မ ၃၅)တို့ ပြန်လည်ဝင်ရောက်လာခဲ့ပါသည်။
မောင်စိန်ဝင်း -ကျိုက်မရော စက်တင်ဘာ ၃
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့ သည့် ရေကြီးရေလျှံမှုများကြောင့်
ထိခိုက်ခံစားခဲ့ရသည့် ရေဘေးသင့် ပြည်သူများအတွက် ထိုင်းနိုင်ငံရှိ
လုပ်ငန်းရှင်များဖြစ်ကြသော ခယ် ခေါမ်အီလက်ထရွန်နစ် ကုမ္ပဏီ လီမိတက်၊ မန်းမီ
MUNGMEE (2557)ကုမ္ပဏီလီမိတက်၊ ကဘီ ပရဟိတမြန်မာလူငယ်များအဖွဲ့၊
နောင်စုန်းနယ်မြေလူမှုအဖွဲ့အစည်း များနှင့် ထိုင်းနိုင်ငံရောက်မြန်မာ
အလုပ်သမားများစုပေါင်း၍ ရေ ဘေးသင့်ဒေသဖြစ်သော ကရင် ပြည်နယ်နှင့်
မွန်ပြည်နယ်အတွင်း ရှိကျေးရွာများမှရေဘေးသင့်အိမ် ထောင်စုများအတွက် အလှူငွေ
ဘတ်ငါးသိန်း(ငွေကျပ်သိန်း ၂ဝဝ) တန်ဖိုးရှိ စားသောက်ကုန်နှင့်လူ
သုံးကုန်ပစ္စည်းများကို သြဂုတ် ၂၉ ရက်မှယနေ့အထိကျေးရွာအရောက်
ပေးအပ်ထောက်ပံ့လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။
၁.၉.၂၀၁၈ မဲဆောက်
ယမန်နေ့က မဲဆောက်မှဘန်ကောက်သို့ထွက်ခွာရာလမ်းတွင် ကားတိမ်းမှောက်မှုကြောင့် တာ့ခရိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော အလုပ်သမား၁၂ဦးအနက် ၇ဦးမှာ ဒဏ်ရာများသက်သာသဖြင့်ဆေးရုံကြီးမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်သည်။
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ မဲခေါင်ကျေးရွာ နေ မောင်အောင်ဆန်းဝေ၊ မွန်ပြည်နယ် မုပ္ပလင်မြို့နယ်၊ ကင်စမ်းရွာနေ မောင်စန်းမြင့်သောင်းနှင့် မောင်လှမျိုး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နေ မခင်လေးမွန်၊မဆွေဆွေအောင် တို့၅ဦးသာ တာ့ခ်ခရိုင် ဆေးရုံကြီးတွင် လိုအပ်သော ဆေးကုသမှုများ ဆက်လက်ခံယူ နေကြောင်း၊ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်းသိရသည်။
1.9.2018 မဲဆောက်
ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှ ဘန်ကောက်သို့ ထွက်ခွာလာသော MoU အလုပ်သမားများတင်ဆောင်ထားသော ကားတစီးသည် ၃၁.၈.၂၀၁၈ နေ့ ည ၁၁း၃၀အချိန်လောက်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အလုပ်သမား၁ဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ တာ့ခရိုင်ရဲတပ်ဖွဲ့၊မဲဆောက်မြို့နယ်ရဲတပ်ဖွဲ့၊တာ့ခ်နှင့် မဲဆောက်ဆေးရုံကြီးမှတာဝန်ရှိသူများ၊ လူမှုကယ်ဆယ်ရေး တာဝန်ရှိသူများရောက်ရှိလာခဲ့ပြီးသေဆုံးသူ၁ဦးနှင့် ဒဏ်ရာရရှိသူ တို့အား တာခ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ကျန်အလုပ်သမားအား တာ့ခ်ရဲစခန်း ရိပ်သာသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။