ရန်ကုန်၊ ဩဂုတ် ၁၉
ရွှေ့ပြောင်းမြန်မာလုပ်သား အများစု သွားရောက်အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသို့ ယခုနှစ်မကုန်မီ မြန်မာရေလုပ်သား လေးသောင်းကျော်ကို တရားဝင်ပို့နိုင်တော့မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။
“မနေ့ကဆွေးနွေးတယ်။ ရေလုပ်သားအတွက် MoU ထိုးဖို့ ညှိနှိုင်းနေတယ်။ အရင်က တရားမဝင် သွားလုပ်ကြတယ်။ အခုက တရားဝင်ဆိုတော့ ရေလုပ်သားတွေအတွက် ပိုကောင်းတယ်။ ဒီနှစ်ထဲ စေလွှတ်ဖို့ လုပ်နေတယ်”ဟု ၎င်းက ဆိုသည်။






