Monday, July 16, 2018

ထိုင်း-မြန်မာ နှစ်နိင်ငံ အလုပ်သမားရေးရာ Techanical Meeting ကျင်းပ


၁။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ Techanical Meeting ကို ထိုင်းနိုင်ငံ၊ နွမ်ထပူရီခရိုင် တွင်
 နှစ်နိုင်ငံ တာဝန်ရှိသူများနှင့် ၁၆-၀၇-၁၈ ရက်နေ့ မှ ၁၇-၀၇-၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်
ပါသည်။

၂။ အစည်းအဝေးသို့် ထိုင်းနိုင်ငံဘက်ခြမ်းမှ Mr Vivathana Thanghong -Deputy Permant Security, Ministry of Labour, Thailand မှ ဥက္ကဌအဖြစ် ဆောင်ရွက်၍ မြန်မာနိုင်ငံဘက်ခြမ်းမှ ဦးဝင်းရှိန် -
ညွှန်ကြားရေးမှူးချုပ် ၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ၊ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှငိ့
 ပြည်သူ့အင်အားဝန်ကြီးဌာန မှ ဥက္ကဌ အဖြစ်ဆောက်ရွက် ကြမည်ဖြစ်ပါသည်။

၃။ ၎င်းအစည်းအဝေးအား ၂၀၀၃ ခုနှစ် နှစ်နိုင်ငံ အလုပ်သမား စေလွှတ်မှုဆိုင်ရာ နားလည်မှု စာချွန်
လွှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ပုံမှန်ကျင်း ပခဲ့ခြင်းဖြစ်ပါသည်။

ရွှေ့ ပြောင်းအလုပ်သမားများ၏လိုအပ်ချက်များအတွက် နှစ်နိုင်ငံ Techanical Meeting ၌ ဆွေးနွေးကြမည် ဘန်ကောက်

       
ဇူလိုင် ၁၆- ၂၀၁၈

                   ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများ၏လိုအပ်ချက်များအတွက် နှစ်နိုင်ငံ Techanical Meeting ၌ ဆွေးနွေးကြမည်ဖြစ်ကြောင်းမြို့တော်ဘန်ကောက်ရှိ အလုပ်သမားသံအရာရှိ ရုံးမှသိရသည်။
 
ဇူလိုင် ၁၅ ရက်ဒေသစံတော်ချိန် ညနေ ၃ နာရီက ဘန်ကောက်မြို့ရှိ Holiday Inn ဟိုတယ်ခန်းမ ၌ ပြုလုပ်ခဲ့ သောမြန်မာနှင့်ထိုင်း နှစ်နိုင်ငံပြုလုပ်မည့်  Techanical Meeting တက်ရောက်မည့် အစည်းအဝေး ၌ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ရွှေ့ပြောင်းမြန်မာလုပ်သားများ၏မြေပြင်အခြေအနေအရပ်ရပ်များ၊အဖမ်းဆီးခံရမှုကိစ္စရပ်များ၊မသမာမှုပြုခံရမှုများ၊ လက်ရှိအချိန်ထိလူကုန်ကူး ခံနေရဆဲ အခြေအနေကိစ္စရပ်များ၊ အာမခံကိစ္စရပ်များ၊ဆေးဝါးကူညီစောင့်ရှောက်ခံယူမှုလိုအပ်ချက်များနှင့် ရွှေ့ ပြောင်းလုပ်သားများ၏ သားသမီးများအတွက်စာသင်ကျောင်းဖွင့်လှစ်သင်ကြားပေးနေသည့် အခြေအနေအရပ်ရပ်များ အား ထိုင်းနိုင်ငံအတွင်းရှိ လူမှုအဖွဲ့အစည်းများမှ တက်ရောက်လာကြသည့် တာဝန်ရှိသူများက
 ဆွေးနွေးတင်ပြခဲ့ကြခြင်းကြောင့် ရွှေ့ ပြောင်းအလုပ်သမားများ၏လိုအပ်ချက်များအတွက် နှစ်နိုင်ငံ Techanical Meeting ၌ဆက်လက် ဆွေးနွေးကြရန်စီစဉ်ထားခြင်းလည်းဖြစ်သည်။


Friday, July 13, 2018

သားဖြစ်သူကိုဖမ်းပြီး မိခင်ထံမှကာမရယူရန် ကြိုးစားခဲ့သည့် ထိုင်းရဲ အယောင်ဆောင်တစ်ဦးကို မြန်မာအလုပ်သမားသံအရာရှိရုံးမှ ကူညီဖမ်းဆီး



ဗန်ကောက် ဇူလိုင် ၁၂

ထိုင်းနိင်ငံ နကော့ပထုံမြို့နယ် အုန်းနွဲ့ စိုင်ဟနယ်မြေတွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးကို မြင်ဆေးသုံးစွဲထားသည်ဟု စွပ်စွဲပြီး ရဲအယောင်ဆောင်သူထိုင်း လူမျိုးတစ်ဦးက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းကာ၊ မိခင်ဖြစ်သူအား ၎င်းနှင့်တစ်ညအတူနေပါက ပြန်လွှတ်ပေးမည်ဟု ပြောဆိုကြောင်း သတင်းရရှိမှုကြောင့် မြန်မာသံရုံးကတာဝန်ရှိသူများက နကော့ပထုံရဲစခန်းနှင့် ပူးပေါင်းကာ ဇူလိုင် (၁၀)ရက်နေ့ညပိုင်းက ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ယခုလ ၅ရက်နေ့ညနေ ၆နာရီအချိန်တွင် အဖမ်းခံရသူ မောင်စိုင်းပြည့်ဟိန်းကျော်နှင့် အဖော်သူငယ်ချင်းတို့တစ်ဦးတို့သည် စိုင်းဟလမ်းဘေးတွင် ကန်စွန်းရွက်ခူးနေစဉ် ရဲအယောင်ဆောင်သူ ထိုင်းလူမျိုး ၄ဦးသည်ဆိုင်ကယ်ဖြင့်ရောက်လာပြီး မောင်စိုင်းပြည့်ဟိန်းကျော်နှင့် အဖော်သူငယ်ချင်းတို့ကို မြင်းဆေးသုံးစွဲထားမှုရှိမရှိဆီးစစ်မည်ဟုပြောဆိုပြီး ဆီးစစ်ရာ မောင်စိုင်းပြည့်ဟိန်းကျော်သည် မြင်းဆေးသုံးစွဲ ထားကြောင်းတွေ့ရှိသည်ဟု လိမ်လည်ပြောဆို၍ စိုင်းဟနယ်မြေရှိ ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး အဖော် သူငယ်ချင်းဖြစ်သူကို ဖုန်းနံပါတ်ပေး၍ မိဘများဆက်သွယ်လာရန် ပြောဆိုခဲ့ကြောင်းသိရသည်။

Thursday, July 12, 2018

ယနေ့မီးလောင်မှုဖြစ်ပွားသည့် ကြက်သားစက်ရုံ၌ မြန်မာအလုပ်သမားများမရှိကြောင်းသိရ



၁၂.၇.၂၀၁၈၊ နခွန်ရပ်စီမာ

ယနေ့ မီးလောင်းမှုဖြစ်ပွားသည့် ထိုင်းနိုင်ငံ၊ နခွန်ရပ်စီမာပြည်နယ်၊ကိုရတ်မြို့နယ်    ကြက်သားစက်ရုံတွင် ထိုင်းအလုပ်သမား ၅၀၀ခန့်ဝင်ရောက်အလုပ်လုပ်ကိုင်လျက်ရှိပြီး  မြန်မာအလုပ်သမားများမရှိကြောင်း မြို့တော်ဘန်ကောက်ရှိ အလုပ်သမားသံအရာရှိရုံး၏ဆက်သွယ်ပြောကြားချက်အရသိရသည်။

ဒေသစံတော်ချိန် ၁၀ နာရီဝန်းကျင်တွင်ထိုင်းနိုင်ငံ၊ နခွန်ရပ်စီမာပြည်နယ်၊ကိုရတ်မြို့နယ် စက်မူဇုန်ရှိ ကြက်သားစက်ရုံ၌ မီးဖိုဆောင်မှတဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစက်ရုံဝန်ထမ်းအချို့မှ မီးဖိုဆောင်အတွင်းရှိ ဓာတ်ငွေ့အိုးများအားစက်ရုံအတွင်းမှအချိန်မီသယ်ထုတ်နေရာပြောင်းရွေ့နိုင်ခဲ့ခြင်းကြောင့် ပေါက်ကွဲမှုမဖြစ်ပွားခဲ့ခြင်းဖြစ်ကာမီးလောင်မှုကြောင့် တန်ဖိုးငွေဘတ် ၁၀ ကျော်တန်ဖိုးရှိပစ္စည်းများပျက်ဆီးဆုံးရှုံးခဲ့ရကြောင်းထိုင်းနိုင်ငံရှိသတင်းဌာနများမှဖော်ပြချက်အရသိရသည်။

Tuesday, July 10, 2018

CIအသိမ်းခံထားရသည့် အိမ်အကူအလုပ်သမားနှစ်ဦး MOEAFအဖွဲ့သို့လာရောက်အကူညီတောင်းခံ

 


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အီစလာဖလမ်းမကြီးအနီး စီဝါလိုင်အိမ်ယာရှိ နေအိမ်တစ်ခုတွင်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားနှစ်ဦးသည် မိခင်ဖြစ်သူကျန်းမာရေးမကောင်းသဖြင့် အိမ်ပြန်ခွင့်တောင်းရာ  အလုပ်ရှင်ဖြစ်သူက CIစာအုပ်အပါဝင် အထောက်ထားများသိမ်းဆည်းထားသဖြင့် ဘန်ကောက်မြို့ရှိ MOEAFအဖွဲ့သို့ ယနေ့တွင် လာရောက်အကူညီတောင်းခဲ့ကြောင်းသိရသည်။

အလုပ်သမားနှစ်ဦးဖြစ်သည့် မနုအေးသည် လုပ်သက်ခြောက်နှစ်ခန့်ရှိပြီးသလို လုပ်အားခလစာ
တစ်လလျှင် ထိုင်းနိုင်ငံသုံးဘတ်ငွေ ၇၅၀၀ခန့်ရရှိပြီး  မနွယ်နီစိုးသည် လုပ်သက်တစ်နှစ်ခွဲခန့်ရှိပြီး
တစ်လလျှင် လုပ်အားခလစာထိုင်းနိုင်ငံဘတ်ငွေ ၆၀၀၀ရရှိကြောင်းသိရသည်.။

နေရပ်ပြန်ရန်အခက်တွေ့နေသည့် အထောက်ထားမဲ့မြန်မာအလုပ်သမားများသံအရာရှိရုံးထံ အကူအညီတောင်းခံလာမှုပိုမိုများပြားလာ

 


                      ထိုင်းနိုင်ငံအစိုးရက ဇူလိုင် ၁ ရက်မှ စတင်၍ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအားဖမ်းဆီးစစ်ဆေးလျက်ရှိရာ အထောက်ထားမရှိသည့် မြန်မာအလုပ်သမားများအနေဖြင့် နေရပ်သို့ ပြန်ကြရန်အတွက်အလုပ်သမားသံအရာရှိ ရုံးထံဆက်သွယ်အကူအညီတောင်းခံမှုများရှိနေရာ ယခု ရက်သတ္တပတ်အတွင်း ဆက်သွယ်အကူညီတောင်းခံလာမှုပိုမိုများပြားလာကြောင်းမြို့တော်ဘန်ကောက်ရှိအလုပ်သမားသံအရာရှိရုံးမှထုတ်ပြန်ချက်အရသိရသည်။

ထိုသို့ လာရောက်အကူအညီတောင်းခံကြသည့် အလုပ်သမားများမှာ မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်များမှဖြစ်ပြီး ဒေသခံပွဲစားများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းများဖြင့် ဝင်ရောက်လာကြခြင်းဖြစ်ကာအလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများဖြစ်ကြောင်းသိရသည်။


Monday, July 09, 2018

ထိုင်းနိုင်ငံအတွင်း ၀င်ရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ပြန်လာစဉ် ထိုင်းဘက်ကမ်း၌ ဗီဇာအတုဖြင့်ဖမ်းဆီးခံရသူ တစ်ပတ်အတွင်း ၄၀ ခန့်ရှိဟု သိရ



ထိုင်းနိုင်ငံအတွင်း ၀င်ရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ထိုင်းဘက်ကမ်း၌ ဗီဇာအတုဖြင့် ဖမ်းဆီးခံရသူ တစ်ပတ်အတွင်း ၄၀ ခန့်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ ထိုင်းနိုင်ငံအတွင်း နှစ်လနီးပါး သွားလာလည်ပတ်ပြီးမှ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းမှာ ထိုင်းနိုင်ငံသို့ စတင်ဝင်ရောက်စဉ်ကတည်းက ဗီဇာအား ထိုင်း လ ၀ က က စနစ်တကျ စစ်ဆေးရန်လိုအပ်ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောကြားသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင်ပြီး အလုပ်သမားရေးဆောင်ရွက်နေသူ KTG အထွေထွေလူမှုကူညီရေးရုံးမှ မန်နေးဂျင်း ဒါရိုက်တာ ကိုသားကြီးက “နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားပေါ်မှ ဖြတ်သွားတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံအတွင်း လည်ပတ်သွားလာပြီးမှ ဖမ်းဆီးခံရသူ ဒီနေ့အထိ ၄၀ နီးပါးရှိ ပြီ။ ဒီမနက်လည်းဖမ်းတယ်။ ဗီဇာ ဘာကြောင့် အတု ဖြစ်ရသလဲ။ ပွဲစားတွေနဲ့ လုပ်လို့ ဖြစ်တာပါ။ ဘယ်လိုပဲ ဖြစ်ပါစေ၊ ချစ်ကြည်ရေး တံတားပေါ်မှ ထိုင်းလ၀ကဆိုတဲ့ တောမောင်းဆီးမှာ အ၀င်တုံးထုရတယ်။ ဘာကြောင့် သေသေချာချာ မစစ်ဆေးတာလဲ ၊၊ ဒါ ထိုင်းလ၀က ပေါ်မှာပဲ တာဝန်ရှိပါတယ်”ဟု ဆိုသည်။