သတင်း၊အလုပ်သမားဟစ်တိုင်
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့နယ်၊ စမဲဒန်နယ်မြေ၊ ဘန်ခွန်ထီယန် (၁၀) လမ်းရှိADDA ဖိနပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ် သမားများဆန္ဒပြမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဆန္ဒပြပွဲသို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှအလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန ရုံးချုပ်(ဘန်ကောက်)မှ ညွှန်ကြားရေးမှူး မစ္စတာပါတရာဝစ်နှင့်အဖွဲ့၊ ခရိုင်ညွှန့်မှူး၊ဆဝါဒီကန်ရုံးမှ အရာရှိများသွားရောက်ဖြေရှင်းညှိနှိုင်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။





