ဘန်ကောက်၊ သြဂုတ် ၆ ၂၀၁၇| အလုပ်သမားဟစ်တိုင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နယ် ဘန်ဘောရပ်ကွက် လမ်းနံပါတ် ၈၃/၉တွင်သြဂုတ်လ ၅ရက် ည၉နာရီ ခန့်က မြန်မာအလုပ်သမားတစ်ဦးက လာအိုနိုင်ငံသူကို ဓားဖြင့်ထိုးခဲ့ကြောင်း အမှုနှင့်ပက်သက်၍ လုပ်ပါကူညီဆောင်ရွက်ပေးနေသည့် အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်ကပြောသည်။
ချွန်ဘူရီခရိုင် ခေါင်ဒန်းလှေဆိပ်တွင် အလုပ်လုပ်ကိုင်သော ငါးဖမ်းလှေ လုပ်သား ကိုရဲဝဏ္ဏထွန်း
( ၂၀နှစ်)က ၎င်း၏ သူငယ်ချင်းများ ရှိရာ ဘန်ကောက် မြို့နယ် ဘန်ဘောရပ်ကွက် လမ်းနံပါတ် ၈၃/၉သို့
လာရောက် လည်ပတ်ခဲ့သည်။







