Saturday, April 22, 2017

ပင်လယ်ထဲတွင် ငါးဖမ်းလှေပိုင်ရှင်က လှေလုပ်သားကို သေနတ်ဖြင့် ပစ်ခတ်

 ယနေ့(၂၂.၄.၂၀၁၇)တွင် ထိုင်းပင်လယ်ပြင်ထဲတွင် မြန်မာနိုင်ငံသားလှေလုပ်သမားတစ်ဦးကို ထိုင်းနိုင်ငံသား ငါးဖမ်းလှေပိုင်ရှင် ဖြစ်သူကသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။


ဖန်ငခရိုင် ကူလပူရီမြို့နယ်၊ နံယွန်ငါးဖမ်းလှေဆိပ်မှ လှေလုပ်သမားတစ်ဦးဖြစ်သူ ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်၊ကျောက်ကျပ်ရွာနေ အဘ ဦးထွန်းအောင်ဖြူ၊နှင့် မိခင်ဒေါ်မညိုစိန်၏သားဖြစ်သူ မောင်မောင်ဌေး (အသက် ၂၁ နှစ် )နှင့်ထိုင်းနိုင်ငံသား ငါးဖမ်းလှေပိုင်ရှင်ဖြစ်သူတို့သည် ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်မီဖယ်မိုင် ငါးတင်ဂိုဒေါင်တွင် စကားအနည်းငယ်များခဲ့ကြောင်း လှေလုပ်သားများ၏ ပြောကြားချက်အရ သိရသည်။


Friday, April 07, 2017

CIသည် အလုပ်သမားများ နောက်ဆုံးဆွဲကိုင်ရာ မြက်တစ်ပင်




ပန်းရောင်ဘတ် ကိုင်ဆောင်သော မြန်မာ့ရွှေ့ပြောင်းအလုပ်သမား ၇သိန်းကို မတ်လ ၃ရက်နေ့မှစတင်ကာ  မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် - CI (Certificate Identity) စာအုပ်ကို ထိုင်း နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံ အစိုးရတို့က စတင် ပြုလုပ်ပေးခဲ့သည်။ 

CIစာအုပ်စတင်ပြုလုပ်ချိန်မှစတင်ကာ ဧပြီလ  ၂ရက်နေ့ အထိ  ခရိုင်(၆)ခုတွင်  ဖွင့်လှစ်ထားသည့် CIစာအုပ် ထုတ်ပေးရေး စင်တာသို့  အလုပ်သမား ခုနှစ်သောင်းခန့် CIစာအုပ် လာရောက် လုပ်ဆောင်ကြသည်။ 

ယခင်က ပန်းရောင်ဘတ် ကိုင်ဆောင်ထားသော အလုပ်သမားများအနေနှင့် မိမိတို့ကိုင်ဆောင်ထားသော ပန်းရောင်ဘတ်ပြုလုပ်ရာ ခရိုင်မှအပ  အခြားနယ်မြေများသို့ ကျန်းမာရေး ၊ လူမှုရေး ကိစ္စရပ်များနှင့် သွားလိုပါက အခက်အခဲများ တွေ့ကြုံရပါသည်။ ပန်းရောင်ဘတ် ပြုလုပ်ထားသောခရိုင်ပြင်ပသို့ သွားရာတွင် နယ်မြေခံ ပုလိပ်၏ ဖမ်းဆီးမှုကို ခံရပြီး ၊ ဘတ်ငွေ ၃၀၀၀မှ ဘတ်ငွေ ၅၀၀၀အထိ တောင်းခံမှုကို လည်း ခံရပါသည်။ 

Monday, February 13, 2017

ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်နေဆဲဖြစ်တဲ့ ပတ်စ်ပို့ထုတ်ပေးရေးဌာနက ဖြစ်ရပ်များ


ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ MWRN အဖွဲ့က ထိုင်းနိုင်ငံမြန်မာသံရုံးမှာရှိတဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ထုတ်ပေးရေးဌာနမှာ ပွဲစားတွေက သံရုံးနဲ့ပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်နေတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးကို တိုင်ကြားစာ ၂ကြိမ်ပို့ခဲ့ပါတယ်။


အဲ့ဒီနောက်မှာတော့ သံရုံးမှာ ပတ်စ်ပို့လာလျှောက်ရင် ၁ဦး ဘတ်၃၀၀ ကောက်စားနေတဲ့ ပွဲစားတွေ ပျောက်ကွယ်သွားပြီး နောက်ထပ် ကုမ္ပဏီတစ်ခုက ဝင်ရောက်လာပါတယ်။ ဒီကုမ္ပဏီကတော့ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှာ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်အောင် ဝန်ဆောင်မှုလုပ်ငန်း Service Prodiver ပုံစံ မျိုး တင်ဒါအောင်သလိုပါ။

Tuesday, February 07, 2017

အထောက်ထားမပြည့်စုံပဲ မြန်မာပြန်သူ ပန်းရောင်ဘတ်အသိမ်းခံရပြီး ၉၉၉ဂိတ်တွင် ဘတ်ငွေ ၁၆၀၀ဖြင့် ပြန်ရွေးထုတ်ရ


ထိုင်းနိုင်ငံ ၊ခြုံပူရီမြို့တွင် အလုပ်လုပ်ကိုင်နေသူ မမူမူအေးသည် ယမန်နေ့က မြန်မာနိုင်ငံ၊ရန်ကုန်မြို့သို့ မဲဆောက်လမ်းမှပြန်ရာ မဲဆောက်မြို့အ၀င် ခွေရာဝူးဂိတ်တွေ နယ်မြေခံပုလိပ်များ တရားမ၀င်နယ်မြေဖြတ်ကျော်မှုဖြင့် ဖမ်းစီးပြီး မမူမူအေးကိုင်ဆောင်သည့် ပန်းရောင်ဘတ်ကို သိမ်းဆည်းပြီး  မြ၀တီမြို့ရှိ ၉၉၉ဂိတ်သို့ပို့ဆောင်ခြင်းခံရကြောင်း ခြုံပူရီအခြေစိုက် Foundation for Aids Rights (FAR)မှ မသန္တာထွန်းကပြောသည်။



Tuesday, January 24, 2017

မက်ဇူကာဗတ်ဧ။် အောင်မြင်ရေးလျှို့ဝှက်ချက် ၅ ချက်

 


၂၀၁၀ခုနှစ် တိုင်းမ်မဂ္ဂဇင်းကြီးဧ။် `Person of the Year´ တနှစ်တာအတွင်း အထင်ရှားဆုံး ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခံရသူမှာ အသက်၂၅အရွယ် မက်ဇူကာဗက်ဆိုသည့် လူငယ်လေးဖြစ်သည်။ 

၁၉နှစ်အရွယ်သာရှိသေးသည့် ဇူကာဗက်သည် ဖေဖော်ဝါရီလ ၄ရက်နေ့၊ ၂၀၀၄ခုနှစ်တွင် ဖေ့ဘွတ် တည်း ဟူသော အင်ပါယာကို စတင်လွှင့်တင်ခဲ့သည်။တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ရှိလူဦးရေ အရေအ တွက် ပြီးလျင် ဖေ့ဘွတ်သည် တတိယအင်အားအတောင့်တင်းဆုံး နေမဝင်အင်ပါယာဖြစ်သည်။ အင်ပါယာ တည် ထောင်သူ ဇူကာဗက်သည် ၂၀၁၂ခုနှစ်တွင် ကမ္ဘာအချမ်းသာဆုံး နံပါတ် ၂၉ဖြစ် လာခဲ့တော့သည်။

Saturday, January 21, 2017

ငါးဖမ်းလှေမှ ထွက်ပြေးလာသူတစ်ဦးကို မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်



ဘန်ကောက် ၊ ဇန်နဝါရီ  ၂၁

ဘန်ကောက်မြို့ တောင်ဘက် ကီလိုမီတာ ၈၀ ကျော် အကွာရှိ ခြုံဘူရီခရိုင်၊ ချောင်းစမေးစံ စူဝစ်လှေဆိပ်မှ ထွက်ပြေးလာသောအသက် ၄၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို  ကျန်းမာ​ရေးအခွင့်​​ရေးနှင့်​အလုပ်​သမားအခွင့်​​ရေးဆိုင်​ရာတည်​​ဆောက်​​ရေးအဖွဲ့အစည်း(FAR) မှကယ်တင်ထားပြီး   အလုပ်သမားသံအရာရှိနှင့် ပူပေါင်းကာ  ဇန်နဝါရီလ  ၂၁ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့က  လှေဆိပ်မှ ထွက်ပြေးလာသော  မြန်မာအလုပ်သမားမှာ ပန်းရောင်ဘတ်ရှိသော်လည်း လှေဦးစီးက ယူထားကြောင်း၊ ထွက်ပြေးလာစဉ် ခြေဦးတည်ရာ လျှောက်သွားရာမှ   ဇန်နဝါရီလ  ၁၉ရက်နေ့တွင် ထိုင်းစစ်သားတစ်ဦးက ဖမ်းဆီးကာ ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ယင်းရဲစခန်းမှ တာဝန်ရှိသူများက ကျန်းမာ​ရေးအခွင့်​​ရေးနှင့်​အလုပ်​သမားအခွင့်​​ရေးဆိုင်​ရာတည်​​ဆောက်​​ရေးအဖွဲ့အစည်း (FAR) အဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းသဖြင့် အဖွဲ့က ခေါ်ယူ စောင့်ရှောက်ပေး
ထားကြောင်း ကျန်းမာ​ရေးအခွင့်​​ရေးနှင့်​အလုပ်​သမားအခွင့်​​ရေးဆိုင်​ရာတည်​​ဆောက်​​ရေးအဖွဲ့အစည်း (FAR) မှ မသန္တာထွန်းက ပြောသည်။


Wednesday, January 18, 2017

ပက်စပို့သက်တမ်းကုန်ဆုံးတော့မည့် မြန်မာအလုပ်သမား တစ်သန်းကျော် CIရရှိရေး မျှော်လင့်

 

ပန်းရောင်ဘတ် ကိုင်ဆောင်သော မြန်မာ့ရွှေ့ပြောင်းအလုပ်သမား တွေကို ဇန်နဝါရီလထဲမှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် - CI (Certificate Identity) စာအုပ်ကိုထိုင်း ၊ မြန်မာနိုင်ငံ အစိုးရတို့က လုပ်ဆောင်ပေးတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါသည်။

CI စာအုပ် ပြုလုပ်ခွင့်ရရှိဖို့ အတွက် ပန်းရောင်ဘတ်သမားများ နည်းတူမျှော်လင့်နေသူများကတော့ ဗီဇာ ၄နှစ် သက်တမ်းပြည့်နေသည့် ပက်စပို့ခရမ်းရောင် ကိုင်ဆောင်ထားကြသူများနှင့် ဗီဇာနှင့် စာအုပ်သက်တမ်း ၆နှစ်ပြည့် ကြတော့မယ့် အနီရောင် ပက်စပို့ကိုင်ဆောင်ထားကြသူများတွေ ပဲဖြစ်ပါတယ်။ ခရမ်းရောင်နှင့် အနီရောင်ပက်စပို့ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားတွေက တစ်သန်းကျော် ရှိပါသည်။

ဗီဇာသက်တမ်းကုန်ဆုံးတော့မှာဖြစ်သည့် အနီရောင်နဲ့ ခရမ်းရောင် ယာယီနိုင်ငံကူးလက်မှတ်တွေကို ထိုင်းဘက်က CI (သို့) မနလ (သို့) အခြားအထောက်အထား တစ်စုံတရာ ထုတ်ပေးရင် ထိုင်းဘက်က ဗီဇာထုပေးမယ်လို့ ကြေညာချက်ထုတ်ပြန်ထားတာအချိန်ကာလအတော်ကြာနေပြီးဖြစ်သလိုအဆိုပါ အမိန့်ကြေညာချက်ကို မြန်မာအစိုးရထံသို့ သံတမန်လမ်းကြောင်းမှတစ်ဆင့်ပေးပို့ပေးပြီးဖြစ်ကြောင်း သိရသည်။