Tuesday, February 07, 2017

အထောက်ထားမပြည့်စုံပဲ မြန်မာပြန်သူ ပန်းရောင်ဘတ်အသိမ်းခံရပြီး ၉၉၉ဂိတ်တွင် ဘတ်ငွေ ၁၆၀၀ဖြင့် ပြန်ရွေးထုတ်ရ


ထိုင်းနိုင်ငံ ၊ခြုံပူရီမြို့တွင် အလုပ်လုပ်ကိုင်နေသူ မမူမူအေးသည် ယမန်နေ့က မြန်မာနိုင်ငံ၊ရန်ကုန်မြို့သို့ မဲဆောက်လမ်းမှပြန်ရာ မဲဆောက်မြို့အ၀င် ခွေရာဝူးဂိတ်တွေ နယ်မြေခံပုလိပ်များ တရားမ၀င်နယ်မြေဖြတ်ကျော်မှုဖြင့် ဖမ်းစီးပြီး မမူမူအေးကိုင်ဆောင်သည့် ပန်းရောင်ဘတ်ကို သိမ်းဆည်းပြီး  မြ၀တီမြို့ရှိ ၉၉၉ဂိတ်သို့ပို့ဆောင်ခြင်းခံရကြောင်း ခြုံပူရီအခြေစိုက် Foundation for Aids Rights (FAR)မှ မသန္တာထွန်းကပြောသည်။



Tuesday, January 24, 2017

မက်ဇူကာဗတ်ဧ။် အောင်မြင်ရေးလျှို့ဝှက်ချက် ၅ ချက်

 


၂၀၁၀ခုနှစ် တိုင်းမ်မဂ္ဂဇင်းကြီးဧ။် `Person of the Year´ တနှစ်တာအတွင်း အထင်ရှားဆုံး ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခံရသူမှာ အသက်၂၅အရွယ် မက်ဇူကာဗက်ဆိုသည့် လူငယ်လေးဖြစ်သည်။ 

၁၉နှစ်အရွယ်သာရှိသေးသည့် ဇူကာဗက်သည် ဖေဖော်ဝါရီလ ၄ရက်နေ့၊ ၂၀၀၄ခုနှစ်တွင် ဖေ့ဘွတ် တည်း ဟူသော အင်ပါယာကို စတင်လွှင့်တင်ခဲ့သည်။တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ရှိလူဦးရေ အရေအ တွက် ပြီးလျင် ဖေ့ဘွတ်သည် တတိယအင်အားအတောင့်တင်းဆုံး နေမဝင်အင်ပါယာဖြစ်သည်။ အင်ပါယာ တည် ထောင်သူ ဇူကာဗက်သည် ၂၀၁၂ခုနှစ်တွင် ကမ္ဘာအချမ်းသာဆုံး နံပါတ် ၂၉ဖြစ် လာခဲ့တော့သည်။

Saturday, January 21, 2017

ငါးဖမ်းလှေမှ ထွက်ပြေးလာသူတစ်ဦးကို မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်



ဘန်ကောက် ၊ ဇန်နဝါရီ  ၂၁

ဘန်ကောက်မြို့ တောင်ဘက် ကီလိုမီတာ ၈၀ ကျော် အကွာရှိ ခြုံဘူရီခရိုင်၊ ချောင်းစမေးစံ စူဝစ်လှေဆိပ်မှ ထွက်ပြေးလာသောအသက် ၄၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို  ကျန်းမာ​ရေးအခွင့်​​ရေးနှင့်​အလုပ်​သမားအခွင့်​​ရေးဆိုင်​ရာတည်​​ဆောက်​​ရေးအဖွဲ့အစည်း(FAR) မှကယ်တင်ထားပြီး   အလုပ်သမားသံအရာရှိနှင့် ပူပေါင်းကာ  ဇန်နဝါရီလ  ၂၁ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့က  လှေဆိပ်မှ ထွက်ပြေးလာသော  မြန်မာအလုပ်သမားမှာ ပန်းရောင်ဘတ်ရှိသော်လည်း လှေဦးစီးက ယူထားကြောင်း၊ ထွက်ပြေးလာစဉ် ခြေဦးတည်ရာ လျှောက်သွားရာမှ   ဇန်နဝါရီလ  ၁၉ရက်နေ့တွင် ထိုင်းစစ်သားတစ်ဦးက ဖမ်းဆီးကာ ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ယင်းရဲစခန်းမှ တာဝန်ရှိသူများက ကျန်းမာ​ရေးအခွင့်​​ရေးနှင့်​အလုပ်​သမားအခွင့်​​ရေးဆိုင်​ရာတည်​​ဆောက်​​ရေးအဖွဲ့အစည်း (FAR) အဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းသဖြင့် အဖွဲ့က ခေါ်ယူ စောင့်ရှောက်ပေး
ထားကြောင်း ကျန်းမာ​ရေးအခွင့်​​ရေးနှင့်​အလုပ်​သမားအခွင့်​​ရေးဆိုင်​ရာတည်​​ဆောက်​​ရေးအဖွဲ့အစည်း (FAR) မှ မသန္တာထွန်းက ပြောသည်။


Wednesday, January 18, 2017

ပက်စပို့သက်တမ်းကုန်ဆုံးတော့မည့် မြန်မာအလုပ်သမား တစ်သန်းကျော် CIရရှိရေး မျှော်လင့်

 

ပန်းရောင်ဘတ် ကိုင်ဆောင်သော မြန်မာ့ရွှေ့ပြောင်းအလုပ်သမား တွေကို ဇန်နဝါရီလထဲမှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် - CI (Certificate Identity) စာအုပ်ကိုထိုင်း ၊ မြန်မာနိုင်ငံ အစိုးရတို့က လုပ်ဆောင်ပေးတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါသည်။

CI စာအုပ် ပြုလုပ်ခွင့်ရရှိဖို့ အတွက် ပန်းရောင်ဘတ်သမားများ နည်းတူမျှော်လင့်နေသူများကတော့ ဗီဇာ ၄နှစ် သက်တမ်းပြည့်နေသည့် ပက်စပို့ခရမ်းရောင် ကိုင်ဆောင်ထားကြသူများနှင့် ဗီဇာနှင့် စာအုပ်သက်တမ်း ၆နှစ်ပြည့် ကြတော့မယ့် အနီရောင် ပက်စပို့ကိုင်ဆောင်ထားကြသူများတွေ ပဲဖြစ်ပါတယ်။ ခရမ်းရောင်နှင့် အနီရောင်ပက်စပို့ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားတွေက တစ်သန်းကျော် ရှိပါသည်။

ဗီဇာသက်တမ်းကုန်ဆုံးတော့မှာဖြစ်သည့် အနီရောင်နဲ့ ခရမ်းရောင် ယာယီနိုင်ငံကူးလက်မှတ်တွေကို ထိုင်းဘက်က CI (သို့) မနလ (သို့) အခြားအထောက်အထား တစ်စုံတရာ ထုတ်ပေးရင် ထိုင်းဘက်က ဗီဇာထုပေးမယ်လို့ ကြေညာချက်ထုတ်ပြန်ထားတာအချိန်ကာလအတော်ကြာနေပြီးဖြစ်သလိုအဆိုပါ အမိန့်ကြေညာချက်ကို မြန်မာအစိုးရထံသို့ သံတမန်လမ်းကြောင်းမှတစ်ဆင့်ပေးပို့ပေးပြီးဖြစ်ကြောင်း သိရသည်။

Friday, November 25, 2016

ထိုင်းနိုင်ငံတွင်ဆိုင်ကယ်မောင်းနှင်မည်ဆိုပါက ဒါတွေလိုအပ်ပါတယ်


ထိုင်းနိုင်ငံမှာ ယခုတလော မကြားချင်ဆုံး ကြားနေရတဲ့ သတင်းတွေကယဉ်မတော်တဆမှုနဲ့ယဉ်တိုက်မှု သတင်းတွေဖြစ်ပါတယ်။

ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ထိုင်းနိုင်ငံမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအနေနဲ့ လုံခြုံစိတ်ချစွာ နေထိုင် သွားလာ လုပ်ကိုင်ကြဖို့ အခါအားလျှော်စွာ သင်တန်းများ ဆွေးနွေးပွဲများ နဲ့ထိုင်းအာဏာပိုင်များနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကိုကျင်းပပြုလုပ်ပေးနေပါတယ်။

အကြောင်းအမျိုးမျိုးကြောင့်မတော်တဆမှုများ ဖြစ်စေနိုင်ပါတယ်။အများဆုံးဖြစ်ပေါ်နေတဲ့မတော်တဆမှုကတော့ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီးဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ်မှီခိုစားသောက်နေကြတဲ့မိသားစုညီအကိုမောင်နှမတွေဒုက္ခ ရောက်ကြရပါတယ်။ထိုင်းနိုင်ငံမှာ ဆိုင်ကယ်မောင်းနှင် တော့မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ အခြေခံ လမ်းစည်းကမ်းနဲ့ဆိုင်ကယ်အတွက် သတ်မှတ်ပေးထားတဲ့ အာမခံ တွေပြည့်စုံနေဖို့လိုအပ်ပါတယ်။

Friday, November 18, 2016

တစ်သန်းကျော် ပန်းရောင်ဘတ် မြန်မာအလုပ်သမားတွေရဲ့ မျှော်လင့်ချက်


ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သန်းနှင့်ချီသော မြန်မာအလုပ်သမားတွေဟာ လုပ်ခလစာနည်းပါးမှု၊ အခွင့်အရေးဆုံးရှုံးမှု၊ ဖမ်းဆီးခံရမှု၊အဖိနှိပ်ခံရမှု၊လူကုန်ကူးခံရမှု တွေကြားထဲက ကိုယ်တိုင်ဘဝအသက်မွေ းမှုနှင့်အတူ မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ သူတို့ရဲ့ မိသားစုတွေ အတွက်ပါ ရုန်းကန်နေကြရပါတယ်။

ဒီလို ရုန်းကန်နေကြရတဲ့ အထဲမှာ တစ်သန်းကျော်လောက်ရှိတဲ့ ပန်းရောင်ဘတ် ကိုင်ဆောင်သူတွေလည်း ပါဝင်ပါတယ်။

ပန်းရောင်ဘတ် ကိုင်ဆောင်သော မြန်မာရေလုပ်သားနဲ့ ကုန်ပေါ်မှာရရှိတဲ့ အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ လွတ်လွတ်လပ်လပ်သွားခွင့်မရတာ၊ သတ်မှတ်ထားတဲ့ ခရိုင်အပြင်ကို  ထွက်ခွာလို့ ပုလိပ်ဖမ်းမိရင် ဘတ်သုံးထောင်ကနေ ငါးထောင်ကြားပေးရတာ၊ အချုပ်ကျခံရတာတွေ၊ လွတ်လပ်စွာ အလုပ်လုပ်ခွင့်မရတာတွေကို  ကြုံတွေ့ရပါတယ်။

Sunday, November 13, 2016

ဆင်ခြင်တွေးခေါ်နိုင်စွမ်းကို ခတ်ထားသောဘောင်များ နှင့် ၄င်းတို့၏လွမ်းမိုးမူများ


~ Frames of Thinking and its Influences ~
ဆင်ခြင်တွေးခေါ်နိုင်စွမ်းကို ခတ်ထားသောဘောင်များ နှင့် ၄င်းတို့၏လွမ်းမိုးမူများ

တွေးကြလား။ တွေးကြတာပေါ့။ နည်းလမ်းမှန်တာမမှန်တာထား၊ အမှန်ကိုရောက်တာ မရောက်တာထား၊ တွေးကြတာပဲ။ ဘာကြောင့် မတွေးရရင် မနေနိုင်လည်းဆိုတာကော တွေးဖူးလား၊ ကိုယ့်ကိုတွေးခေါ်ခြင်း ဖြစ်စဉ်ထဲကို ရောက်နေစေတဲ့ အကြောင်းတရားတွေက ဘာတွေလည်း တွေးဖူးလား။ ဘာကြောင့်တွေးနေတာလည်း။ ဘာလို့ဒီလိုတွေးနေတာလည်း ဆိုတာတွေးဖူးလား။

တွေးခေါ်နိုင်စွမ်းဟာ ကားတစ်စီးဆိုရင်၊ တွေးခေါ်မူတွေကို ရွေ့ လျားစေတဲ့ လောင်စာနဲ့ ဘယ်ကိုရွေ့ ပါလို့ လမ်းပြနေတဲ့ မြေပုံတွေရှိတယ်။ လူတစ်ယောက်ရဲ့ တွေးခေါ်ဆင်ခြင်ပုံကို ဘောင်ခတ် ပုံသွင်းနေတဲ့ အရာတွေရှိတယ်။ Thinking Frames တွေပေါ့။