ထိပ်တန်းသတင်းများ
နောက်ဆုံးသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
နောက်ဆုံးရသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
မိမိတို့မွေးဖွားရာအရပ်ဒေသမှ အခြားနိုင်ငံများသို့ ကူးပြောင်းကာ အလုပ်လုပ်ကိုင်သူများကို ရွှေ့ပြောင်း လုပ်သားများ ဟု သတ်မှတ်နိုင်ပါသည်။ ရေကြည်ရာ မြက်နုရာရွှေ့ပြောင်းရင်း မိမိတို့ဘဝ တိုးတက်မြင့်မား ရန် ရည်ရွယ်ချက်ဖြင့် သွားလာကြသူများဖြစ်ကြသည်။ မွေးဖွားရာအရပ်နှင့် ဝေးကွာရင်း မူရင်းနိုင်ငံ၏ အခွင့်အရေးထက်သာလွန်ကောင်းမွန်သည့် ဘဝလမ်းကြောင်းများပေါ် ရောက်ရှိသူများရှိသကဲ့သို့လှေလှော် ရင်း တက်ကျိုးသကဲ့သို့ လှုပ်ရှားရုန်းကန်ရင်း အဆင်မပြေမှုကြုံတွေ့ရသူအများစုမှာ လည်း ရွှေ့ပြောင်း လုပ်သားများပင် ဖြစ်သည်။
မှတ်ပုံတင်၏ရှေ့နံပါတ်များသည် သင်သည် ဘယ်တိုင်းဒေသကြီး၊ဘယ်ပြည်နယ်တွင် မွေးဖွားခဲ့သည် (သို့) ဘယ်တိုင်းဒေသကြီး၊ဘယ်ပြည်နယ်တွင် မှတ်ပုံတင်ပြုလုပ်ခဲ့သည်ကို ကိုယ်စားပြုပါသည်။ နံပါတ်နောက်မှ အက္ခရာသည် မြို့နယ်ကို ကိုယ်စားပြုပါသည်။
၁ ဆိုရင် ကချင်ပြည်နယ်
၂ ဆိုရင် ကယားပြည်နယ်
၃ ဆိုရင် ကရင်ပြည်နယ်
၎ ဆိုရင် ချင်းပြည်နယ်
၅ ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး
၆ ဆိုရင် တနင်္သာရီတိုင်း
၇ ဆိုရင် ပဲခူးတိုင်းဒေသကြီး
၈ ဆိုရင် မကွေးတိုင်း
လူသားတို့သည် ရေကြည်ရာမြက်နုရာရှာဖွေရင်းဘဝကို မြင့်သထက်မြင့်၊အောင်မြင်သထက် အောင်မြင်
အောင် ကြိုးစားရုန်းကန်ခြင်းဖြင့်အောင်မြင်ကြီးပွားသူအဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော်လူသား
တို့၏ စွမ်းဆောင်မှုအလိုက်၊ နေရာဒေသ အားသာချက်အလိုက် ကံ၊ဉာဏ်၊ဝီရိယအကျိုးပေးအလိုက်ဒေသ တစ်ခုနှင့် တစ်ခု ဖွံ့ ဖြိုးတိုးတက်မှုကွဲပြားခြားနားကြသည်။
ယနေ့ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လူဦးရေနှင့်လူနေမှုပုံစံသည် အခြားသော ဖွံ့ ဖြိုးမှုနောက်ကျသေးသည့်
နိုင်ငံများမှကျွမ်းကျင်ပညာရှင်များ၊ ကုန်ထုတ်စွမ်းအားရှင် အလုပ်သမားများ၏လိုအပ်ချက်များကို ဖန်တီးပေး ရာဈေးကွက်ကြီးဖြစ်နေပြီး ဖွံ့ ဖြိုးဆဲနိုင်ငံများအတွက်မူ အလုပ်အကိုင်ရှားပါးမှုနှင့် လုပ်ခလစာ နည်းပါးမှု၊ နယ်မြေမငြိမ်သက်မှု၊ ရာသီဥတုနှင့်စီးပွားရေး အခြေအနေတို့ကြောင့်ယင်းနိုင်ငံရှိ လုပ်သားများက အလုပ်
အကိုင်ပေါများပြီး လုပ်ခလစာ ပိုမိုရရှိသည့် နေရာများသို့ ရွှေ့ပြောင်းသွားခြင်းကို ခံစားနေရပါ သည်။
ဇီကာဗိုင်းရပ်စ်ရောဂါပိုးဆိုသည်မှာ ရောဂါပိုးသယ်ဆောင်ထားသည့် အေးဒီးစ်ခြင်ကျား ကိုက်ခံရခြင်းမှ ကူးစက်ပျံ့နှံ့ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ အဆိုပါ ရောဂါပိုးကို ၁၉၄၇ ခုနှစ်ကတည်းက ယူဂန္ဓာနိုင်ငံရှိ မျောက်များတွင်စတင်တွေ့ရှိခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန္ဓာနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံတို့၌ လူသို့ ကူးစက်မှုရှိခဲ့ပါသည်။
၂၀၁၆ ခုနှစ်စက်တင်ဘာလ ၁ ရက်နေ့အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၇၂ နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားခဲ့ပါသည်။ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် အရှေ့
တောင် အာရှနိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံတို့တွင်လည်း ဇီကာဗိုင်းရပ်စ်ရောဂါများကူးစက်ဖြစ်ပွားလျက် ရှိပါသည်။
ဇီကာဗိုင်းရပ်စ် သယ်ဆောင်ထားသော အေးဒီးစ်ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသည်။
ရေလှောင်ထားသော အိုး၊ ခွက်၊ တိုင်ကီ၊ ပန်းအိုး၊ ရေတင်ကျန်လျက်ရှိသော စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကားတာယာ၊ ပလတ်စတစ်ခွက်စသည်တို့တွင် တွေ့ရသည်။ နေ့ဘက်အချိန်တွင် လူကိုကိုက်ခြင်းမှ တစ်ဆင့် ရောဂါ ကူးစက်ဖြစ်ပွားစေပါသည်။
ကားဆိုတာစက်ပစ္စည်းတစ်ခုပါ။ အချိန်အတိုင်းအတာတစ်ခုကိုရောက်ရင်
ချို့ယွင်းမှုတွေဖြစ်ပေါ် လာတတ် ပါတယ်။
ဆိုးဆိုးရွားရွားပျက်စီးယိုယွင်းမှုမဖြစ်အောင်
ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့
နေ့စဉ်စီးနေတဲ့ကားကို အချိန်မတိုင်ခင် မပျက်စေဖို့နဲ့ ကားမောင်းစဉ်
မတော်တဆမှုတွေမဖြစ်
အောင် မော်တော်ကားအသုံးပြုသူတိုင်း
မဖြစ်မနေလုပ်ဆောင်ရမယ့် အချက် ၁၀ ချက် ရှိပါတယ်။
ကားကို အောက်ပိုင်း၊ အင်ဂျင်၊ လျှပ်စစ် ဆိုပြီး အကြမ်းဖျင်းသုံးပ
ိုင်းပိုင်းလိုက်ပါ။
လျှပ်စစ်
၁။ ဘက်ထရီ - အိုးအစို (Dry Charged) ဆိုရင် ရေအနေတော်ရှိမရှိကြည့်ပါ။
အိုးခြောက် (Maintenance Free) ဆိုရင် တော့ အိုးပေါ်မှာရှိတဲ့ အမှတ်အသားကနေ
အားပြည့်မပြည့် ကြည့်ပါ။ စိမ်းနေရင် အိုကေပါတယ်။
နိုင်ငံရပ်ခြားကို အလုပ်သွားရောက်လုပ်ကိုင်ကြတဲ့နေရာမှာ မြန်မာလုပ်သားတွေအနေနဲ့ အကြိုက်တွေ့ ဆုံးနိုင်ငံ ကတော့ ကိုရီးယားနိုင်ငံပဲ ဖြစ်ပါတယ်။ ကိုရီးယားသမ္မတနိုင်ငံကို သွားရောက်တဲ့မြန်မာ လုပ်သား
တွေဟာ ဈေးနှုန်းသက်သာစွာနဲ့ သွားရောက်နိုင်ပြီး နှစ်နိုင်ငံအစိုးရသဘောတူညီချက်များစွာက အလုပ် သမားတွေအတွက် အကောင်းဆုံးနဲ့အလုံခြုံဆုံး ရွှေ့ပြောင်းလုပ်သားခံစားခွင့်တွေ ပေးစွမ်းပါတယ်။
#နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှု
၂၀ဝ၃ ခုနှစ်ဝန်းကျင်မှာ တောင်ကိုရီးယားကို မြန်မာအလုပ်သမားတွေ စတင်သွားရောက်လုပ်ကိုင်ကြ တာဖြစ်ပြီး ၂၀ဝ၇ ခုနှစ်မှာ တရားဝင်ချိတ်ဆက် ဆောင်ရွက်မှုစတင်ခဲ့ပါတယ်။ ဒါပေမယ့် ရွှေအင်းဝလို့
ခေါ်တဲ့ အေဂျင်စီတစ်ခုက လုပ်ကိုင်ပါတယ်။ ၂၀၁၀မတိုင်မီမှာ နှစ်နိုင်ငံအစိုးရချင်းသာ ပူးပေါင်းဆောင်ရွက် သွားတော့မယ်လို့ ကိုရီးယားဘက်က အဆိုပြုလာတဲ့အတွက် မြန်မာအစိုးရက ကုန်ကျစရိတ်သက်သက
သာသာနဲ့ အလုပ်သမားအခွင့်အရေးတွေ၊ လုပ်ခလစာခံစားခွင့်တွေ ညှိနှိုင်းလို့ နှစ်နိုင်ငံ တရားဝင်အလုပ် လုပ်ကိုင်တဲ့စနစ်ကြီး ပေါ်ထွက်လာခဲ့ပါတယ်။
နေပြည်တော် ဇူလိုင် ၁၆
နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်ကာ အလုပ်အကိုင် အခွင့်အ လမ်းများ ပိုမိုရရှိစေရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြိုးပမ်းလျက်ရှိရာ ယခုနှစ်အတွင်းပြည်ပသို့ တရားဝင်စေလွှတ်ခဲ့ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရရှိခြင်းတို့ တိုးပွားလျက်ရှိကြောင်း သိရသည်။
ယခုနှစ်အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကိုဦးစားပေးဆောင်ရွက်နေပြီး သင့်တော်ကောင်းမွန်သည့်
အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိ ရန် အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင်Labour Exchange Management System ဖြင့် အွန်လိုင်းမှ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရှိရသည်။