On -Wed, 2016-06-29
ပြီးခဲ့သည့် အပတ်က ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သော မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီး စဉ်သည်အလုပ်ဖြစ် အကျိုးရှိပြီး အောင်မြင် ခဲ့သည်။
ထင်ရှားသိသာစွာပင် သူက ထိုင်းနိုင်ငံကို မြန်မာ၏အနာဂတ်အတွက် အဓိကနိုင်ငံအဖြစ်ထည့် သွင်းစဉ်းစား သည်။ သူသည် အပြုသဘော ဆောင်သော ခြေလှမ်းများကို လှမ်းခဲ့၏။ မြန်မာရွှေ့ ပြောင်းအလုပ်သမား
များ၊ ဒုက္ခသည်များနှင့် စပ်လျဉ်းပြီး သူက အကြံဉာဏ်နှင့် မူဝါဒများကို အဆိုပြုခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ လက်အောက်မှ
ထိုင်းစစ်အစိုးရ နှင့် ဆက်သွယ်
ဆောင်ရွက်ရာ တွင် ဒေါ်အောင်ဆန်းစုကြည် က
အလွန်ကို ပြတ်သားစွာ၊ ရှင်းလင်းစွာ ဆောင်ရွက်ခဲ့သည်။ သူ ထိုင်း နိုင်ငံ
၌နေစဉ် သုံးရက်အတွင်း စီးပွားရေးကဲ့သို့သော ကိစ္စများကိုဆွေးနွေးရာမှာ
အဓိကလိုရင်း ကိုရောက်အောင်ထပ်တလဲလဲ ပြောဆိုခဲ့သည်။
ကြာသပတေးနေ့က စမွတ်စခွန်ခရိုင်သို့ သွားခဲ့သော သူ၏ ခရီးစဉ်မှာ စိတ်ခံစားမှုများဖြစ်ရသည့် အခိုက်အတန့်တစ်ခုဟု ဆိုရမည်။




