ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသား များနှင့်တန်းတူ ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုများပေး ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန် အိုချာ(ငြိမ်း)နှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နှင့် ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ တွေ့ဆုံစဉ် ထိုသို့ပြောကြား လိုက်ခြင်းဖြစ်ပြီး ယင်းအပေါ် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်က ပညာရေးအတွက် ဘတ်သန်း ၅၀၀၊ ကျန်းမာရေးကဏ္ဍအတွက် ဘတ်သန်း ၅၀၀ အစိုးရက ချမှတ်ပေးထားပါကြောင်း၊ မြန်မာအလုပ်သမားများ သည်လည်း ထိုင်း အလုပ်သမားများကဲ့သို့ တန်းတူအခွင့်အရေးရရှိရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

