Sunday, June 12, 2016

ဆေးဝါးကုသနေသော မြန်မာ အလုပ်သမား အဖမ်းခံရ


ထိုင်းနိုင်ငံ ၊ ဗန်ကောက်မြို့တော် ချွန်ဘူရီမြို့တွင် ယာဉ်မတော်တဆ မှုကြောင့် ချွန်ဘူရီ အောင်အူဒွန်းဆေးရုံတွင် ဆေးကုသ ခံနေရသော အသက် ၂၀ အရွယ် မြန်မာ အလုပ်သမားကို ဆေးကုသစရိတ် မပေးဟုဆို ကာ ဆေးရုံ တာဝန်ရှိသူများက သက်ဆိုင်ရာသို့ တိုင်ကြားမှုကြောင့် (မှတ်ချက် ကောင်လေးကို အချုပ်ထဲ ထည့်တဲ့နေရာကို ပြန်ပြင်ဖြည့်ပေးပါ) အဖမ်းခံရကြောင်း ယင်းအလုပ်သမား လွတ်မြောက်ရေး အတွက် ကူညီနေသည့် Foundation. For Aids Right(FAR ) မသန္တာထွန်းက ပြော ကြားသည်။


Monday, May 30, 2016

(ပန်းရောင်ကဒ်) ဘတ် ကိုင်ဆောင် သက်တမ်းတိုးပြီးသူများအတွက် တရားဝင် နယ်ကျော်သွားလာခွင့်


ထိုင်းနိုင်ငံရောက် ရွှေ.ပြောင်းမြန်မာအလုပ်သမား (ပန်းရောင်ကဒ်) ဘတ် ကိုင်ဆောင် သက်တမ်းတိုးပြီးသူများအတွက် တရားဝင် နယ်ကျော်သွားလာခွင့်
30MAY2016 (Thailand)
ပန်းရောက်ကဒ်(ဘတ်) သက်တမ်းတိုးပြီးသူများ နယ်မြေ ကျော် သွားလာရန် လိုအပ်ပါက အောက်ပါ စာရွက်စာတမ်းများ အသင့်လုပ်ထားပါ ။
၁။ အလုပ်ရှင် ၏ မှတ်ပုံတင် မိတ္တူ
၂။ အလုပ်ရှင်၏ အိမ်ထောင်စု စာအုပ် မိတ္တူ
၃။ မိမိ၏ ဓါတ်ပုံ (၁)လက်မ (၂) ပုံ
၎။ မိမိ၏ ပန်းရောင်ကဒ် မိတ္တူ
မှတ်ချက် ။ ။ မိမိ ပန်းရောင်ကဒ်(ဘတ်)အတွင်း ပါရှိသည့် အလုပ်ရှင်သာဖြစ်ရပါမည် ။
အထက်ပါ အချက်အလက်များ စုံလင်ပြီ ဆိုပါက မိမိ နေထိုင်ရာ (ပန်းရောင်ကဒ် သက်တမ်းတိုးထားရာ ခရိုင်/ပြည်နယ်အတွင်းရှိ မြို.နယ်) မြို.နယ်အုပ်ချုပ်ရေး ရုံး သို. (ထော်ရော် 38/1 ရိုက်ပေးသည့်ရုံး) အလုပ်ရှင် အလုပ်သမား အတူတကွ
သွားရောက်ကာ (အလုပ်ရှင်မအားလပ်ပါက ထိုင်းလူမျိုးတစ်ဦးဦးအား ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်နိုင်သည်)

Sunday, May 29, 2016

‎နိုင်ငံသားစီစစ်ရန်ကိစ္စ‬



၁။ ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူတွေအားလုံး အမြန်ဆုံး နိုင်ငံသား စီစစ်ခြင်းလုပ်(ဖိဆု(တ်)ဆန်ချတ်)ရမယ်။ အဓိပ္ပါယ်က မြန်မာဘက်က အထောက်အထားတစ်စုံတစ်ခုသွားထုတ်လာခဲ့လို့ဆိုလိုတာ။ ပြည်တွင်းမှာပဲ  သွားထုတ်ထုတ် ထိုင်းမှာပဲ ထုတ်ထုတ် ဘယ်မှာထုတ်ထုတ် အထောက် အထားဖြစ်ရင်ပြီးရော။ ဒါ ထိုင်းစစ်အစိုးရရဲ့ လက်ရှိမူဝါဒ။ အမှန်ဆိုရင် ယာယီနိုင်ငံကူးလက်မှတ်(အနီ/ခရမ်း)တွေဟာ တရားဝင်မဟုတ်ဘူး၊ လွှန်ခဲ့တဲ့ (၆)နှစ်လောက်က ထိုင်းအာဏာပိုင်တွေနဲ့ မရရအောင် ညှိနှိုင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေအတွက်အဆင်ပြေအောင် ထုတ်ပေးထားတဲ့ အထောက်အထားတစ်ခုပဲ၊ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားအဖြစ် အသုံးပြုလို့မရဘူး။ တစ်ချိန်ချိန်မှာ နိုင်ငံသားစီစစ်ပြီး မနလ ကို မဖြစ်မနေပြောင်းကိုင်ရမှာ။

Monday, May 23, 2016

အစိုးရသစ်လက်ထက် ရက်(၁၀၀)အတွင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းများ


 

(က) ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီရေးဗဟိုဌာန(Migrant Workers Resource Center-MRC)(၂)ခုအားဧရာဝတီတိုင်းဒေသကြီးနှင့်‌ ရခိုင်ပြည်နယ်များတွင်ဖွင့်လှစ်ခြင်း၊
(င) နိုင်ငံခြားသားအလုပ်သမားဥပဒေ၊ လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာ ရေး ဥပဒေတို့အား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်ခြင်း၊ခြင်း၊

(ဂ) အလုပ်သမားရေးရာကိစ္စရပ်များအသိပညာပေးဆွေးနွေးခြင်း၊

(ဃ) လူမှုဖူလုံရေးအဖွဲ့နှင့် ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီ များပူးပေါင်း၍ လူမှုဖူလုံ ရေးအကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများအား ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ခြင်း၊

(င) နိုင်ငံခြားသားအလုပ်သမားဥပဒေ၊ လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာ ရေး ဥပဒေတို့အား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်ခြင်း၊




Sunday, May 22, 2016

Thursday, May 19, 2016

ထိုင်းနိုင်ငံတွင်ဖမ်းဆီးတရားစွဲ ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်လွှတ်မြောက်လာ


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် အထောက်အထားမရှိသည့် မြန်မာအမျိုးသမီး ၃ ဦးကို ခေါ်ဆောင်လာသူ မသိန်းရွှေအား ဖမ်းဆီး ငွေးညစ်ခံရရာကနေ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်သော အဖွဲ့အစည်းများ ကူညီခြင်းကြောင့် ပြန်လည်လွှတ်မြောက်လာခဲ့ကြောင်း သိရှိရပါတယ်။

ဖြစ်စဉ်မှာ လက်မှတ်မရှိတဲ့ အမျိုးသမီး ၃ ဦးတို့ကို မသိန်းရွှေက မြ၀တီမှတဆင့် မဲဆောက်မြို့သို့ ခေါ်ဆောင် လာပြီး မယ်ပရပ်ကွက်ရှိ စာရမစ်စက်ရုံ ခေါ် ပုဂံလုံးအလုပ်ရုံသို့ အလုပ်သွင်းပေးရန် သွားနေကြစဉ် ညနေ ၆ နာရီဝန်းကျင် မယ်ပ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးတယ်လို့ ဆိုပါတယ်။

Tuesday, May 17, 2016

ဆေးမင်ကြောင် (Tattoo)


ဆေးမင်ကြောင်သည် လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် သေရာပါသည့်တိုင် စွဲစွဲမြဲမြဲ ထင်နေစေရန် ဆုတ်၊ ဆူးချွန် အစရှိသည့် ကိရိယာများဖြင့် ဆေးရောင်သွင်းကာ ရုပ်ပုံများ၊ အမှတ်အသားများ၊ စာလုံးများနှင့် ပန်းကနုတ်များကို အလှအပ အလို့ငှာ ထိုးခြင်းဖြစ်သည်။ယနေ့ခေတ် လူငယ်များသည် ဆေးမင်ကြောင် (Tattoo) ကို မိမိတို့၏ ခန္ဓာကိုယ်တွင် နှစ်ခြိုက်စွာ ဆေးခြယ်လာကြသည်ကို တွေ့ရှိနေရသည်။ ကျား၊ မ မရွေး အလှအပအဖြစ် မိမိကိုယ်တွင် ရေးထိုးလာကြသည်။

ယနေ့ခေတ် မြန်မာ သရုပ်ဆောင် လောကတွင်လည်း ဆေးမင်ကြောင်ထိုးသည့် အလေ့အထများ ဂယက် ရိုက်လာသည်ကို တွေ့လာရသည်။ ဆေးမင်ကြောင်ထိုးခြင်းသည် မြန်မာ့ အနုပညာလောကတွင် ၂၀ဝဝ
ပြည့်လွန်နှစ်များမှ စတင်၍ ခေတ်စားလာသည်။ဆေးမင်ကြောင်ထိုးကြရာတွင်အထိန်းအမှတ်အဖြစ် ထိုးနှံခြင်း ၊အလှအပအဖြစ် ထိုးနှံခြင်း၊စွဲလမ်းမှုကို အခြေခံ၍ အဆောင်အဖြစ် ထိုးနှံခြင်း၊ရိုးရာဓလေ့အရ ထိုးနှံခြင်းတို့ ဖြစ်ကြသည်။