ထိုင်းနိုင်ငံ
ဗန်ကောက်မြို့နယ် ဖလန်ဆောင်၊ ဘန်ဘော၊မူဘန့်ဒီကေ၊ ဆွယ်ဖယာမွန်ထ၊ ယဲ့ ၁၇ ၌
ရှိသော မြန်မာအလုပ်သမားများ၏ သားသမီးကလေးငယ်တို့အား
မြန်မာပညာရေးစနစ်အတိုင်း သင်ကြား
ပေးနေသည့်
မြန်မာ့ဂုဏ်ဆောင်အခြေခံပညာမူလတန်းကျောင်းမှာ ဆက်လက်ဖွင့်လှစ်ရန် ငွေကြေး အ
ခက်ခဲများရှိနေသောကြောင့် ပညာရေးအလှူရှင်များ လိုအပ်လျက်ရှိကြောင်း
သိရသည်။
မြန်မာနိုင်ငံတွင်
ကျောင်းနေအရွယ်ကလေးများ အားလုံးကျောင်းနေရေးအစီအစဉ် ကို နိုင်ငံတော်မှ
နှစ်စဉ် စီမံဆောင်ရွက်ပေးခဲ့သည့်အတွက် အနယ်နယ်အရပ်ရပ်မှ
အသက်ငါးနှစ်ပြည့်ကလေးအများစု ကျောင်း တက်လာနိုင်ကြပြီဖြစ်သော်လည်း
အခြေအနေအကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းရှိ အချို့
ကလေးမိဘများမှာ ရေကြည်ရာမြက်နုရှာရင်း ထိုင်းနိုင်ငံသို့
အလုပ်လုပ်ကိုင်ကြရန် ရောက်ရှိလာကြ ရာ မိဘများနှင့်အတူ ၎င်းတို့ ၏
၁၀နှစ်အောက်ကလေးငယ်များမှာလည်း ထိုင်းနိုင်ငံသို့ဝင်ရောက်ခဲ့ကြပြီး
အဆိုပါကလေးအုပ်စုများအား ခွဲခြားစမ်းစစ်ကြည့်ပါက ကျောင်းနေခဲ့သော်လည်း
မူလတန်းပညာ
ရေး မပြီးဆုံးကြသူများ၊အခြေအနေအရ ကျောင်းစောစောထွက်ခဲ့ကြရသူများနှင့် ကျောင်း လုံးဝမနေဖူး
သေးသောကလေးငယ်များလည်းရှိကြောင်း သိရသည်။



