Sunday, March 27, 2016

ဒီမိုကရေစီ၏ သွင်ပြင်လက္ခဏာများ



ဒီမိုကရေစီနိုင်ငံ သို့မဟုတ် ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်ရန်အတွက် မည်သည့်အချက်များနှင့် ကိုက်ညီရန် လိုအပ်သနည်း ဟူသည်ကို နိုင်ငံတကာရှိ ပြည်သူများ စဉ်းစားကြ၊ ထုတ်ဖော်တင်ပြကြ၊ အတည်ပြု သတ်မှတ် ကြသည်။ အချို့က သည်အချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲ သို့မဟုတ် အခွင့်အရေးဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း ချက် များထဲမှာပင် တစ်ပါတည်း ထည့်သွင်းကြသည်။

တိုင်းပြည် တစ်ပြည်နှင့်တစ်ပြည် ပကတိအခြေအနေနှင့် ဖြတ်သန်းခဲ့သော ရာဇ၀င်တို့ မတူညီသည့်အလျောက် ဒီမိုကရေစီဟု ဆိုကြသည့် နိုင်ငံချင်း အတူတူမှာပင် ဦးစားပေးအလေးထားမှုများ မတူညီကြသော်လည်း မည်သည့် အရာများသည်ကား ဒီမိုကရေးစီအတွက် ရှိသင့်ရှိအပ်သော အခြေခံမူများ ဖြစ်သည်ဟု မှတ်ယူကြရာ၌ကား ကွဲလွဲမှု မရှိကြပေ။

( ၁ ) နိုင်ငံသားတို့ ပါဝင်ဆောင်ရွက်မှု ( citizen participation )
ဒီမိုကရေစီ နိုင်ငံဖြစ်ကြောင်းဖော်ပြသည့် သိသာထင်ရှားသော လက္ခဏာ တစ်ခုကား နိုင်ငံရေး စီမံခန့်ခွဲမှု တွင် နိုင်ငံသားတို့ ပါဝင်ကြခြင်း ဖြစ်၏။ နိုင်ငံရေးရာ၌ ပါဝင်ဆောင်ရွက်ခြင်းသည် နိုင်ငံသားတို့အတွက် ရပိုင်ခွင့် သာမဟုတ်။ တာဝန်လည်း ဖြစ်၏။ နိုင်ငံသားပါဝင်မှုဆိုင်ရာ၌ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း ၊ ရွေးကောက် ပွဲတွင် မဲပေးခြင်း၊ နိုင်ငံရေးရာများကို သိရှိအောင်လေ့လာမှတ်သားခြင်း၊ ပြဿနာ များကို ဆွေးနွေးဝေဖန်ခြင်း ၊ ရပ်ရွာပြည်သူ့စည်းဝေးပွဲများ သို့ တက်ရောက်ခြင်း၊ အသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက် ခြင်း၊ အကောက်ခွန်များပေးဆောင်ခြင်း၊ လိုအပ်သည့်အခါ မိမိသဘောဆန္ဒကို တင်ပြတောင်းဆို ခြင်း စသည့် အသွင်သဏ္ဌာန်မျိုးစံတို့ အကျုံးဝင်သည်။


Wednesday, March 23, 2016

မျောက်ဥပုသ်


တစ်ခါက မျောက်အုပ်တစ်အုပ်ရဲ့ ခေါင်းဆောင် မျောက်ဟာ သူ့ငယ်သားမျောက်တွေကို စုဝေးစေပြီး တရားဓမ္မ ဟောပြပါသတဲ့။

 သူက

"ငါ မနေ့က လူတွေနေတဲ့ ရွာက ဘုန်းကြီးကျောင်းဘေးက မန်ကျည်းပင်ပေါ်ရောက်ခဲ့တယ်။ ငါမန်ကျည်းသီးစားနေတုန်း ဘုန်းကြီးကျောင်းထဲက ဘုန်းကြီးရဲ့တရားဟာ ငါ့ကို သတိသံဝေဂ ပေးခဲ့တယ်။ အဲဒီတရားကို မင်းတို့ကိုလည်းငါပြန်ဟောပြမယ်"

လို့ပြောရင်း ဘုန်းကြီးရဲ့ဟန်ပန်အတိုင်း ချောင်းဟန့် တင်ပျဉ်ခွေထိုင်ပြီး သူကြားခဲ့ရတဲ့တရားကို ပြန်လည်ဟောပြခဲ့ပါသတဲ့..။

အဲဒီလို မျောက်ခေါင်းဆောင်ရဲ့ တရားကို နာပြီးတဲ့နောက်မှာ မျောက်တွေဟာလည်း လူတွေပြုမူပုံ ပြုမူနည်း အတိုင်း ဥပုသ်သီလ ဆောက်တည်ကြဖို့ သဘောတူကြပါသတဲ့။ အဲဒီအခါ မျောက်ခေါင်းဆောင်က ဒီလိုပြောတယ်......
"ငါတို့ ဥပုသ်စောင့်တာကတော့ ဟုတ်ပါပြီ ဒါပေမယ့် ဥပုသ်ထွက်တဲ့အခါ ဗိုက်ဆာပြီး အားနည်းနေကြမှာပဲ အဲဒီတော့ ဥပုသ်ထွက်တဲ့အခါ စားဖို့အတွက် အစားအစာကို ကြိုတင်ရှာထားကြရင် ကောင်းမယ်"
အဲဒီအခါ မျောက်တွေဟာ ငယ်ရွယ် သန်မာတဲ့မျောက်တွေကို စေလွှတ်ပြီး အစားအစာ ရှာဖွေစေတယ်။


Monday, March 21, 2016

အဲဒီ ၇ ယောက်ကို ဖြုတ်ပစ်လိုက် "


( မင်းခေါင် )

အချိန်ကာလတစ်ခုကြာမြင့်လာတဲ့အခါမှာ အလုပ်ထဲကနေထုတ်ပြစ်ရမယ့်ထုတ်ပြစ်သင့်တဲ့ လူတွေရှိ ပါတယ်။အဲဒီလူတွေကဘယ်သူတွေလဲဆိုတာ လေ့လာကြည့်ကြရအောင်။

(၁) ပြဿနာငနဲတွေပါ
လုပ်ငန်းခွင်ထဲမှာ အဆင်မပြေမှုတွေရှိနေခဲ့တယ် ဆိုရင်တောင် ဘယ်လိုများ ကျွန်တော်တို့အလုပ်တွေ ပြီးအောင်ဆောင်ရွက်နေကြလည်း အံ့သြစရာကောင်းပါတယ်။ အခုထက်ထိတော့ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်ခဲ့ကြတယ်မဟုတ်လား။ တကယ်လို့သာ ၀န်ထမ်းတွေဟာ ကုမ္ပဏီအတွက် သူတို့လုပ်ပေးနိုင်တာ ထက်ပိုပြီး ပြဿနာတွေရှာလာတဲ့အခါ၊ သူတို့ဖန်တီးပေးခဲ့တာထက် ပိုပြီးဖျက်ဆီးကြ တဲ့အခါ သူတို့ကိုထုတ်ပစ်လိုက်တာအကောင်းဆုံးပါ။

(၂) လုပ်နိုင်တာထက် ပိုပြောသူတွေ
တချို့လူတွေက သူတို့ကိုယ်ကို သူတို့ရှိတဲ့အရည်အချင်းထက်ပိုပြီးအထင်ကြီးနေတတ်ပြီး သူတို့သာလုပ်ရင် ဘာမဆိုဖြစ်နိုင်တယ် ထင်တဲ့လူတွေရှိပါတယ်။ တကယ်တာဝန်ပေးတဲ့အခါကျတော့ သူတို့လေကြီးခဲ့ သလောက် မဟုတ်ကြပါဘူး။ဒါတကယ့် ပြဿနာတစ်ခုပါ။


Thursday, March 10, 2016

မြန်မာ့ ဆေးမင်ကြောင်


အင်္ဂလိပ်လို Tatoo ၊ မြန်မာလို " ဆေးမင်ကြောင်" ဆိုသည်မှာ လူ၏ ကိုယ်အရေပြားပေါ်တွင်စွဲမြဲစွာ ထင် နေစေရန်တုတ်၊ဆူးချွန် အစရှိသော အရာများဖြင့်ဆေးရောင်သွင်းကာ အရုပ် များ၊ အမှတ်အသားနှင့် ပန်းကနုတ် စသောအလှအပများ ထိုးနှံခြင်းကို ခေါ်သည်။

ဆေးမင်ကြောင် ဘယ်ကစ
ဆေးမင်ကြောင်ဓလေ့သည် ပိုလီနီးရှန်း (Polynesian) လူမျိုး များကစတင်သည်ဟုဆိုကြသည်များ လည်းရှိ သည်။ ဗြိတိန်ကျွန်းမြောက် ပိုင်းတွင် "အရုပ်ခြယ်လူများ" (The Painted People) များ နေထိုင်ကျက်စားခဲ့သည် ဟုလည်းဆို ကြသည်။ ဥရောပနိုင်ငံများသို့ ဆေးမင်ကြောင် (Tatoo) ဟူသော ဝေါဟာရစတင်ဆောင် ကြဉ်း လာသူမှာ နယ်မြေသစ်ရှာဖွေသူ ဂျိမ်းစ်ကွတ် (James Cook) ဖြစ်ပြီး ၁၇၇၁ ခုနှစ်တွင်ဖြစ်သည်။

 ဆေးမင် ကြောင် မြတ်နိုးသူများက "အရေပြားအနုပညာ" (Skin Art)၊ ဆေးမင်ကြောင် အနုပညာ(Tatoo Art) စသဖြင့်လည်း ခေါ်ဆိုကြသည်။

ရှေးမြန်မာတို့က ထိုးကွင်းမင်ကြောင်ကို မင်သေ့၊ ကော်၊ ကော်ရစ်၊ မင်ကော်ရစ်ဟူ၍ခေါ်ခဲ့ကြသည်။ မင်သေ့ ထိုးနှံခြင်းဓလေ့ကို ပုဂံခေတ်က စတင်ခဲ့သည်ဟုယူဆကြသည်။ အင်းဝခေတ်ဆင်ဖြူရှင်သီဟသူ(၇၈၃- ၇၈၇ ) မင်သေ့ထိုးခြင်းကိုမြတ်နိုးပုံကိုမဏိ ရတနာပုံကျမ်းတွင်ဖော်ပြထားသည်။

Thursday, February 25, 2016

အလုပ်ထုတ်ခံရသော မွေးဖွားပြီးစ မိခင် အပါအဝင် မိသားစုငါးဦး အကူအညီလိုအပ်


ထိုင်းနိုင်ငံ ဖူးခက်မြို့ ကိုကက်အို ရပ်ကွက်ရှိ ပန်းရံလုပ်ငန်းခွင်မှ အလုပ်ထုတ်ခံရသော ကျန်းမာရေး မကောင်းသည့် မီးဖွားပြီးစ မိခင် အပါအဝင် မိသားစု ငါးဦးမှာ နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေသောကြောင့် အကူအညီ အပူတပြင်း လိုအပ်နေကြောင်း လေးဝတီရခိုင် လူမူရေး အသင်း(ဖူးခက်) ဥက္ကဌဦးခိုင်အတ က ပြောကြားသည်။

မွန်ပြည်နယ် မော်လမြိုင် ဇေယျာသိရီ (၂) ရပ်ကွက်တွင် နေထိုင်သော အသက် ၃၀ အရွယ် ဦးနိုင်စိုး ၊ အသက် ၂၃နှစ် အရွယ် မညိုနှင့် ၎င်းတို့ ၏ လူမမယ်ကလေးနှစ်ဦးနှင့်အတူ ပန်းရံလုပ်ငန်းခွင်တွင် အလုပ်လုပ် ကိုင်ကာ နေထိုင်ကြောင်း၊ ယင်းနောက် မညိုမှာ လုပ်ငန်းခွင်တွင် တတိယမြောက် သားငယ် ကို မွေးဖွားခဲ့ပြီး ချက်ကြိုးမှ တဆင့် မေးခိုင် ပိုးဝင်ရာမှ ကျန်းမာရေးမကောင်းသူ မိခင်မှာ ဆေးရုံတွင် ဆေး ကုသ မှုခံယူရန် ဆေးဖိုးစရိတ်မ တတ်နိုင်သဖြင့် နယ်မြေခံဘာသာရေး အဖွဲ့တစ်ခုဖြစ်သော DASICသို့ ဆက်သွယ် အကူညီတောင်းခံခဲ့ရာ အဆိုပါအဖွဲ့မှ တဆင့် လေးဝတီရခိုင်လူမူရေး အသင်း(ဖူကတ်)နှင့် ဆက်သွယ်အကူညီ တောင်းခံကာ ဖူးခက်ဆေးရုံတွင် ဆေးကုသခွင့် ရရှိခဲ့ကြောင်း ယင်းအသင်းထံမှ သိရှိရသည်။


Tuesday, February 23, 2016

ဆာ့ခ်ဗဟာဒူးရွိုင်း၊ (အောင်ဆန်းသူရိယ)


ဆာ့ခ်ဗဟာ ဒူးရွိုင်း (ကြည်း ၀၁၉၁၄) သည် အောင်ဆန်းသူရိယဘွဲ့ ရရှိသော ဂေါ်ရခါးလူမျိုး စစ်သည်တော် တစ်ဦး ဖြစ်သည်။ သူသည် တာချီလိတ် အဝေးပြေး လမ်းမပေါ်တွင် တရုတ်ဖြူ ကူမင်တန်တို့နှင့် တိုက်ခိုက်ရာတွင် မိမိ အသက်ကို ပဓာန မထားဘဲ အသက်စွန့် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်၏ အမြင့်မားဆုံးသော ဘွဲ့တံဆိပ် တစ်ခု ဖြစ်သည့် အောင်ဆန်း သူရိယ ဘွဲ့ဖြင့် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။


ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း

၁၉၅၀ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့က ခြေလျင်တပ်ရင်း ၄-မှ “ဒီ” ကုမ္ပဏီတပ်ခွဲကို ရှေ့သို့ချီတက်ရန် အမိန့်ပေးသည့်အတိုင်း ရှမ်းပြည်နယ် ကျိုင်းတုံအပိုင်း တာလေးမှ ပန်ခိဟက်သို့ ချီတက်သည်။ ပန်ခိဟက်သို့ ရောက်သောအခါ တရုတ်အမျိုးသား (ချန်ကေရှိတ်အစိုးရ၏ တရုတ်ဖြူစစ်တပ်) စစ်တပ်သားတို့၏ ဝိုင်းဝန်းခြင်းကို ခံရသည်။ ကုမ္ပဏီတပ်ခွဲဗိုလ်သည် မိမိတပ်ရင်းမှ တပ်သားများကို ခေါ်ရန်ပြန်လာစဉ် လမ်းခရီးတွင် များပြားသော ရန်သူတို့က ချောင်းမြောင်း၍ ပစ်ခတ်သဖြင့် အသက်လွတ်ရုံ ခက်ခဲစွာနှင့် လွတ်မြောက်လာသည်။ “ဒီ” ကုမ္ပဏီတပ်ခွဲမှာ တပ်ရင်းနှင့် အဆက်ပြတ်သော အခြေအနေသို့ ဆိုက်ရောက်ရသည်။

Monday, February 22, 2016

မြန်မာ့ဂုဏ်ဆောင် စာသင်ကျောင်းတွင် အမျိုးသမီးအခွင့်အရေးဆိုင်ရာသင်တန်းပို့ချ


ထိုင်းနိုင်ငံ ၊ မဟာချိုင်မြို့ရှိ ဝေလရပ်ကွက်ရှိ မြန်မာ့ ဂုဏ်ဆောင် အခြေခံပညာ မူလတန်း ကျောင်း တွင် ဖေဖော်ဝါရီလ ၂၁ရက် နံနက်ပိုင်းက မြန်မာ အလုပ်သမများကို အမျိုးသမီး အခွင့်အရေး ဆိုင်ရာများ သင်တန်းကို ပို့ချပေးခဲ့ကြောင်း ယင်းကျောင်းမှ ကျောင်းဆရာမ ဒေါ်ခင်သန္တာစိုးက ပြောကြားသည်။

မြန်မာ အလုပ်သမများ အိမ်တွင်း အကြမ်းဖက် ခံရမှုများ မဖြစ်ပွားစေရေးနှင့် အမျိုးသမီးများ၏အခွင့်အရေး ဆိုင်ရာများကို သိရှိစေရန် ရည်ရွယ်ကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် အလုပ်သမား ကူညီရေးအဖွဲ့ဖြစ်သော MAP (Migrant Assistance Program) Foundation မှ အမျိုးသမီးအခွင့်ရေးနှင့် အလုပ် သမားကူညီရေး တက်ကြွလှုပ်ရှားသူ သင်တန်းနည်းပြများက ပို့ချခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး အခွင့်အရေးဆိုင် ရာ သင်တန်းကို မြန်မာ အလုပ်သမ အယောက် ၂၀ ခန့်က တက်ရောက် ဆွေးနွေး ခဲ့ကြောင်း ယင်းသင် တန်းနည်းပြများထံမှ သိရှိရသည်။