Monday, February 22, 2016

မြန်မာ့ဂုဏ်ဆောင် စာသင်ကျောင်းတွင် အမျိုးသမီးအခွင့်အရေးဆိုင်ရာသင်တန်းပို့ချ


ထိုင်းနိုင်ငံ ၊ မဟာချိုင်မြို့ရှိ ဝေလရပ်ကွက်ရှိ မြန်မာ့ ဂုဏ်ဆောင် အခြေခံပညာ မူလတန်း ကျောင်း တွင် ဖေဖော်ဝါရီလ ၂၁ရက် နံနက်ပိုင်းက မြန်မာ အလုပ်သမများကို အမျိုးသမီး အခွင့်အရေး ဆိုင်ရာများ သင်တန်းကို ပို့ချပေးခဲ့ကြောင်း ယင်းကျောင်းမှ ကျောင်းဆရာမ ဒေါ်ခင်သန္တာစိုးက ပြောကြားသည်။

မြန်မာ အလုပ်သမများ အိမ်တွင်း အကြမ်းဖက် ခံရမှုများ မဖြစ်ပွားစေရေးနှင့် အမျိုးသမီးများ၏အခွင့်အရေး ဆိုင်ရာများကို သိရှိစေရန် ရည်ရွယ်ကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် အလုပ်သမား ကူညီရေးအဖွဲ့ဖြစ်သော MAP (Migrant Assistance Program) Foundation မှ အမျိုးသမီးအခွင့်ရေးနှင့် အလုပ် သမားကူညီရေး တက်ကြွလှုပ်ရှားသူ သင်တန်းနည်းပြများက ပို့ချခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး အခွင့်အရေးဆိုင် ရာ သင်တန်းကို မြန်မာ အလုပ်သမ အယောက် ၂၀ ခန့်က တက်ရောက် ဆွေးနွေး ခဲ့ကြောင်း ယင်းသင် တန်းနည်းပြများထံမှ သိရှိရသည်။ 

Saturday, February 20, 2016

နိုင်ငံရေးယဉ်ကျေးမှု


(က)
နိုင်ငံရေးဆိုသည်ကတော့ အများနှင့်ပတ်သက်သော အနက်ရသည်ကို လူတိုင်းသိကြသည်။ တယောက် တည်း မဟုတ်၊ တကိုယ်တည်း မဟုတ်၊ အများနှင့်ပတ်သက်ခြင်း။ တယောက် ကောင်းစားခြင်း မဟုတ်၊ အများး ကောင်းစားခြင်း။

ယဉ်ကျေးမှု ဆိုသည်ကတော့ ႟ရိုင်းရာမှ ယဉ်လာသည် အထိ တိုးတက်လာခြင်း ဟူသော အနက်ထွက်သည် ကို လူတိုင်းသိကြသည်။

ယနေ့ခေတ်သည် နိုင်ငံရေး ယဉ်ကျေးမှု ပျိုးထောင် ဖွဲ့စည်းစ ခေတ်ဖြစ်သည်။ သန်းပေါင်းများစွာသော လူသားတို့ သေကြေပျက်စီး ဆုံးပါးကြပြီးနောက် ပညာရှင်တို့သည် မကောင်းဆိုး႟ရွားဒဏ်ကို နားလည် သိရှိပြီးကာ ငြိမ်းချမ်းရေးရှေ့ရှု့သော စိတ်ဓာတ်များ တိုးပွားလာကြပေသည်။ ပညာရှင်သာမဟုတ်၊ ပညာရှိခြင်းနှင့် ဆက်သွယ်သော နိုင်ငံရေးခေါင်းဆောင်တို့သည် နားလည်သိရှိသော လက္ခဏာဖြစ်သည်ဟု ဆိုရမည်။ ထို့ကြောင်နိုင်ငံရေး ယဉ်ကျေးမှုသည်ြ ငိမ်းချမ်းရေး၊ ထိုမျှသာမက နိုင်ငံရေးသည် အများအတွက်၊
ပြည်သူတို့အတွက် ဖြစ်ပေရာ ဧကဝါဒ တို့နှင့်လည်း ဆန်ကျင် နေပြန်သည်။ ဧကဝါဒနှင့် ဆန့်ကျင်သည် ဆိုလျှင် ဗဟုဝါဒ၏ တဖက်အနက်။ ဗဟုဝါဒဆိုသည်ကလည်း အများနှင့် ပတ်သက်နေသည်။ အများ ဆိုသည်မှာလည်း ပေါင်းစပ်ခြင်း သဘောတရား ဖြစ်သည်။ထို့ကြောင့် နိုင်ငံရေး ယဉ်ကျေးမှုသည် ပေါင်း စပ်ခြင်း သဘောတရား။

Thursday, February 18, 2016

အမျိုးသမီးနှင့် ကိုယ်ဝန်ဆောင် ကလေးအလုပ်သမားများစေခိုင်ခြင်းဆိုင်ရာဥပဒေ


(၁) အမျိုးသမီး/ကလေး/ကိုယ်ဝန်ဆောင် များကို မြေအောက်၊ရေအောက်၊ဥမင်လှိုင်ခေါင်းထဲတွင်လုပ်ရသော ဓါတ်သတ္တုတူးဖေါ်ရေးလုပ်ငန်းများတွင်စေခိုင်းခြင်းမပြုရ

(၂) ဆောက်လုပ်ရေးတွင်လည်း ၁၀ မီတာ(၃၂)ပေခန့်နှင့်အထက်မြင့်သောငြမ်းစင်များပေါ်တွင် အလုပ် လုပ်ရန်စေခိုင်းခြင်းမပြုရပါ။

(၃) ပေါက်ကွဲမီးလောင်လွယ်ကူသော ပစ္စည်းများကို ထုတ်လုပ်(သို့)သယ်ယူခိုင်းစေခြင်း၊ တုန်ခါမှုရှိသော စက်ယန္တယားများနှင့် အလုပ် လုပ်ရသော အလုပ်များစေခိုင်းခြင်းမပြုရပါ။

(၄) သာမာန်အမျိုးသမီးအတွက် အလေးချိန်၂၅ ကီလိုထက်လေးသောပစ္စည်းများ ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ၁၅ ကီလိုထက်လေးသောပစ္စည်းများ ကလေးအလုပ်သမား အမျိုးသမီး(၁၅ နှစ်မှ ၁၈ နှစ်)အထိကို အလေးချိန်၂၀ ကီလိုထက်လေးသောပစ္စည်းများ၊ ကလေးအလုပ်သမားအမျိုးသား (၁၅နှစ်မှ ၁၈နှစ်)ကိုအလေးချိန်၂၅ ကီလိုထက်လေးသောပစ္စည်းများသယ်ပိုးထမ်းရွက်စေခြင်းမပြုလုပ်စေရပါ။


ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ သိမှတ်ထားသင့်သော Work Permitနှင့် သက်ဆိုင်သည့် ပြစ်ဒဏ်များ



၁။ အလုပ် လုပ်ခွင့်လက်မှတ် ဝါခ်ပါမစ် (ခွင့်ပြုချက်မရှိဘဲ အလုပ် လုပ်ပါက) ပုဒ်မ ၅၁ အရ (၂၀၀၀၀)နှစ်သောင်း ထက်မကျော်သော ဒဏ်ငွေ သော် လည်းကောင်း ထောင်ဒဏ် (45)ရက်သော်လည်းကောင်းကျခံ ရမည်ဖြစ်သည်။

၂။ ပါမစ်ပြုလုပ်ထားသည့် အလုပ်ရုံ မှအခြားသော အလုပ်မျိုးကို လုပ်ဆောင် ပါက ပုဒ်မ ၂၆ အရ ၁၀၀၀၀(တစ်သောင်း)ထက်မကျော်သော ဒဏ်ငွေသော် လည်းကောင်း အချုပ်(၇)သော်လည်းကောင်း ကျခံရမည်ဖြစ်သည်။

အလုပ်သမားများ သိမှတ်ထားသင့်သော ပကန်ဆာခွန် (လူမှုဖူလုံရေး)အကြောင်း




ပကန်ဆာခွန် (လူမှုဖူလုံရေး) ประกันสังคม 
  
လုပ်ငန်းခွင်ပြင်ပတွင်အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဒုက္ခိ တဖြစ်ခြင်း၊ သေဆုံးခြင်း၊ ကလေးမွေးဖွားခြင်း၊ ကလေးစာရိတ်ရရှိခြင်း၊ (ပင်စင်စားစာရိတ်ရရှိခြင်း၊ အလုပ် လက်မဲ့ဖြစ်ခြင်း ရွှေ့ပြောင်းအလုပ်သမားများမရနိုင်သေး) တို့တွင်ခံစားခွင့်များရရှိစေရန် စီစဉ်ဆောင် ရွက်ပေးသည့်အာမခံရန်ပုံငွေတစ်ခုဖြစ်သည်။
  
လူမှုဖူလုံရေးရန်ပုံငွေ(ပကန်ဆာခုမ်အားဥပဒေတစ်ရပ်အဖြစ်ပြဌာန်းထားပြီး အလုပ်ရှင်နှင့်တကွထိုင်းနိုင်ငံ အတွင်းအလုပ်လုပ်ကြသောမည်သည့်အလုပ်သမားများအားလုံးအတွက်လူမျိုး ဘာသာမခွဲခြားပဲလိုက်နာ လုပ်ဆောင် ရန်ရှိသည်။လိုက်နာဆောင်ရွက်ခြင်းမရှိသောအလုပ်ရှင်များအား ငွေဒဏ် ထောင်ဒဏ် အထိ အပြစ်ပေးနိုင်သည်။

Saturday, February 13, 2016