ထိပ်တန်းသတင်းများ
နောက်ဆုံးသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
နောက်ဆုံးရသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
Published on Wed, 02/03/2016 - 11:45
ထိုင်းနိုင်ငံတွင် တရားဝင် (သို့မဟုတ်) တရားမ၀င် ရောက်ရှိ
အလုပ်လုပ်ကိုင်နေသူ မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ သုံးသန်းခန့်
ရှိနေသည်။ ထိုအထဲတွင် ၂၀၁၃ ခုနှစ် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အရ
နိုင်ငံသား စိစစ်ပြီး ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးထားသူ
မြန်မာရွှေ့ပြောင်း အလုပ်သမား ၁ ဒသမ ၇ သန်း၊ ၂၀၁၀ ပြည့်နှစ် ကတည်းက
နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာအရ မြန်မာနိုင်ငံဘက်မှ တင် သွင်းထားသည့်
မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ နှစ်သိန်း၊ ထိုင်းစစ်အစိုးရမှ ၂၀၁၄
ခုနှစ် မေလမှစပြီး One-Stop-Service Center (OSSC) များမှ ထုတ်ပေးထားသည့်
ပန်းရောင်ကတ် (ဘတ်ကတ်-TR-38) ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်း
အလုပ်သမားဦးရေ ငါးသိန်းခန့် ရှိနေသည်။
စုစုပေါင်း မြန်မာရွှေ့ပြောင်း
အလုပ်သမား ၂ ဒသမ ၄ သန်းသည် တရားဝင် (သို့မဟုတ်) တရားမ၀င်အခြေ အနေမျိုးဖြင့်
ထိုင်းနိုင်ငံတွင် နေထိုင်ကာ အလုပ်လုပ်ကိုင်လျက် ရှိနေကြသည်။၂၀၀၉
ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် နိုင်ငံသား စိစစ်မှု
ပြုလုပ်ပြီး၊ ယာယီနိုင်ငံကူး လက်မှတ်များထုတ်ပေး ခဲ့ သည်။ ထိုသို့
ပြုလုပ်ပေးခြင်းသည် ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်
အပြည့်အ၀ ရရှိရေး အ တွက် ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အချိန်က အိန္ဒိယခေါင်းဆောင်ကြီး ဒေါက်တာ ရာဒါခရစ် ရှနန် (Dr. Radhdkrishnan) က “ပင်ကိုစာရိတ္တသည်ကံကြမ္မာကိုဖန်တီးလေသည်။
လူမျိုးတစ်မျိုး၏ ကံကြမ္မာသည် ထိုတိုင်းပြည်တွင်ရှိသည့် ပြည်သူပြည်သား အားလုံး၏ ကိုယ်ပိုင်စာရိတ္တ အရည်အသွေးပေါ်တွင်မူတည်၍တည်ဆောက်ရသည်။ ကိုယ်ပိုင်အရည်အသွေးညံ့သော တိုင်းသူ
ပြည်သားများဖြင့် ထိပ်တန်းနိုင်ငံကြီးတစ်ခုကို တည်ဆောက်၍ မရနိုင်ချေ။
ထိပ်တန်းနိုင်ငံကြီးတစ်နိုင်ငံ တည်ဆောက်လိုလျှင် ကျွန်ုပ်တို့သည် လူငယ်လူရွယ်များအား ပင်ကိုစာရိတ္တ
နှင်ပြည့်စုံအောင် သင်ကြားလေ့ကျင့်ပေးရပေမည်။
မည်သည့်အမှုကိစ္စတို့၌မဆို လုပ်သင့်မလုပ်သင့်၊ ပြောအပ်မပြောအပ် ဆင်ခြင်တုံတရားနှင့် လုပ်ကိုင်ဆောင် ရွက်ခြင်းသည်လူတို့၏ ကိုယ်ပိုင် အသိတရားပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်မိမိတို့၏ စဉ်းစား
တွေးခေါ် မှုနှင့် ဆက်စပ်မှုအရ ဖြစ်ပေါ်လာသောအသိဉာဏ်ပိုင်းဆိုင်ရာ ပစ္စည်းပင်ဖြစ်ပါသည်။ ထိုအသိ တရား၊အသိဉာဏ်ပိုင်းဆိုင်ရာ ပစ္စည်းသည် လူသားတစ်ဦးချင်းစီ၏ ဘဝဖြစ်ပေါ် တိုးတက်မှုနှင့် ဆက်စပ်လျက်ရှိပါသည်။
အသိတရားနှင့်ဆင်ခြင်တုံတရားတို့သည် ရုတ်တရက်ဖြစ်ပေါ်လာသော အမှုကိစ္စများ၊ ပြဿနာများနှင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရာတွင် အစွမ်းထက်သော လက်နက်သဖွယ် အသုံးဝင်လှပါသည်။ လူတို့၏ဘဝလမ်းကြောင်း ဖြောင့်မတ် မှန်ကန်ရေးအတွက် တည့်မတ်ပေးနိုင်စွမ်းရှိပါသည်။
ကျွန်ုပ်တို့လူသားများသည် ပုထုဇဉ်များဖြစ်ကြသည့်အလျောက်ရံဖန်ရံခါလောကဓံ၏ရိုက်ခတ်မှုကို ကြုံကြ ရလေ့ရှိပါသည်။ထိုအခါ အသိတရားနှင့်ဆင်ခြင်တုံတရားတို့သည် လောကဓံ၏ ရိုက်ခတ်မှုကိုကြံ့ကြံ့ခံ တွန်းလှန်နိုင်စွမ်းရှိပါသည်။
၉။လုပ်ငန်းတာဝန်ရပ်ဆိုင်ခြင်း
လုပ်အားခနစ်နာကြေး၊အထူးလုပ်အားခနစ်နာကြေး
သတ်မှတ်ထားသောကာလအပိုင်းအခြားဖြင့် အလုပ်ခန့်ထားခဲ့ပါက သတ်မှတ်ထားသော ကာလ ကန်ထရိုက်ပြည့်မြောက်သော နေ့တွင်ကြိုတင်အကြောင်းကြားရန်မလိုပဲလုပ်ငန်းတာဝန်ပြီးဆုံးသွား၏။
သတ်မှတ်ကာလအပိုင်းအခြားမရှိပဲ ၊အလုပ်ခန့်ထားခဲ့လျှင် အလုပ်ရှင်ကအလုပ်ခန့်ထားမှုကို ရပ်ဆိုင် ပစ်ခြင်း(သို့မဟုတ်)အလုပ်သမားက အလုပ်တာဝန်မှနှုတ်ထွက်စွန့်ခွာသွားခြင်းကိုစာဖြင့် ကြိုတင် အကြောင်းကြားကာ နောက်ထပ်လုပ်ခလစာမပေးမှီ တစ်ရက်အလိုတွင် သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့ အစည်းက အကြောင်းကြား၍ လုပ်ငန်းကို ရပ်ဆိုင်နိုင်သည်။
(ဂျပန်ပြည်တွင် ရဲဘော်သုံးကျိပ် စစ်ပညာစတင်သင်ခိုက် တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လရောင်နှင့် ဗိုလ်မင်းခေါင်တို့ တွေ့ဆုံ စကားပြောကြစဉ်)
ဗိုလ်မင်းခေါင်မှ "နိုင်ငံရေးဆိုတာ ဘာလဲ" ဟု ၀င်ထောက်မေးလိုက်ရာ ဗိုလ်ချုပ်က "လူတိုင်းကတော့ တိုင်းရေးပြည်ရေးကိုသာ နိုင်ငံရေးလို့ တွက်ထားကြတယ်။ အမှန်ကတော့ ကိုယ့်ဘ၀ ရပ်တည်ရေးကစပြီး ကိုယ့်အိမ်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်မကြီးတစ်ခုလုံးရဲ့ လူမှုရေးကိစ္စပဲ။
နိုင်ငံရေးစကားနဲ့ပြောရင်တော့ လူတွေ စားမှု၊သောက်မှု၊ နေမှု၊ ထိုင်မှု အားလုံးဟာ နိုင်ငံရေးပေါ့ကွ"
ဟု ရှင်းပြပြီး ဆက်လက်၍ နိုင်ငံရေးသမားဟူသည် ဆိုသည့်အကြောင်းအရာကို အခုလို ရှင်းပြခဲ့သည်။
၁၊၊ ညီမလေးတို့ရဲ့ ဘာမှမရှိသေးတဲ့အစာအိမ်မှာ ရေသောက်ချ လိုက်ခြင်းအားဖြင့် အူမကြီးလမ်းကြောင်း တလျှောက်ကို သန့်စင်စေပါတယ်ရှင်၊၊ကျမတို့အတွက်လိုအပ်တဲ့အဟာရဓာတ်တွေကိုလည်း စုပ် ယူစေ ဖို့လည်းပိုမိုလွယ်ကူစေပါတယ်၊၊
၂၊၊ သွေးနှင့်ကြွက်သား ဆဲလ်တွေ ထုတ်လုပ်အားကိုတိုးစေပါတယ်၊၊
၃၊၊ ညီမလေးတို့ဝိတ်ချနေခြင်းကိုအထောက်အကူဖြစ်စေပြီး မနက်စောစောမှာရေအေး ၁၆ အောင်စ ခန့် သောက်ပေးခြင်းဟာ ဇီဝကမ္မ ဖြစ်စဉ်ကို၂၄% ထိ မြှင့်တင်ပေးပါတယ်ရှင်၊၊
|| မြသန်းစံ ||
အရိုးသားဆုံးစိတ်နဲ့ပြောရရင် ကျွန်တော် အခုရေးမယ့်စာမျိုး လုံးဝ မရေးချင်ပါဘူး။ တော်တော်များများလည်း သိကြ ပါတယ်။ ကျွန်တော
် ဓမ္မဆိုင်ရာ စာပေနဲ့ပဲမွေ့လျော် မိမိကိုယ်ကိုကောင်းအောင် ဆောက်တည် ရင်း နေလာခဲ့တာ နှစ်အတော်ကြာပါပြီ။
ကျောင်းဆင်းဒုဗိုလ်ဘဝ(၁၉၈၁ခုနှစ်)လောက်က ကြာအင်းဆိပ်ကြီးဒေသရှေ့တန်း
စစ်မျက်နှာ မှာသေကောင်ပေါင်းလဲ တိုက်ပွဲဖြစ် ခဲ့ရတဲ့ရန်သူကို
၁၉၉၉ခုနှစ်ရောက်တော့ လက်နက်နဲ့ ငြိမ်းချမ်းရေး လုပ်မယ်
လို့ပြောလာတဲ့အချိန်မှာ တာဝန်ပေးချက်အရ ကျွန်တော့်ဘက်က
စေတနာပါပေါင်း ထည့်ပေးပြီး
“ငြိမ်းချမ်းရေးပန်းခင်း” ဆိုတဲ့သီချင်းကို
ရေးပေးခဲ့ရတဲ့ သူပါ။ အဲဒီတုံးကအဲဒီတိုက်ပွဲမှာ မအူမလည်နဲ့
ကျွန်တော် သာကျဆုံးခဲ့ရင် “ငြိမ်းချမ်းရေးပန်းခင်း” သီချင်းထွက်လာမှာ
မဟုတ်သလို ကျွန်တော်လည်း သီချင်းရေးဆရာ တစ်ယောက် လည်းဖြစ် လာမှာ
မဟုတ်ပါဘူး။ အခုတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အဲဒီ သီချင်းဖွင့်ပြီး
ဆိုကြ ကကြတယ်လို့ ခပ်ဝေးဝေးပဲကြားနေရပါတယ်။
အဲဒီတုံးကအခုလို
Mediaတွေသိပ်မထွန်းကားသေးတော့ တလောက ဖြစ်ခဲ့တဲ့ ' လောက်ကိုင်စစ်ပွဲ
‘ပုံရိပ်တွေ လို ပြည်သူတွေ အချိန်နဲ့တပြေးညီ သိခွင့်မရခဲ့ဘူး။
ဒါပေမယ့်ကျွန်တော်ကိုယ်တိုင်မြေမြုပ် အမိန့်ပြန်ခဲ့ရတဲ့
ကျွန်တော့်ရဲဘော်တွေရဲ့ ဓာတ်ပုံတွေ ကတော့ ကျွန်တော့်
ရင်ထဲမှာဆေးသားမပျက်ပြယ်သေး ပါဘူး ။လောက်ကိုင် စစ်ပွဲမှာ ကျဆုံး သွားတဲ့
ကလေးတွေရဲ့မိဘတွေကိုကိုယ်ချင်းစာနားလည်စိတ်နဲ့ ခံစားနေရ ချိန်မှာတော့
တချိန်ကကျွန်တော်ကိုယ်တိုင် မျက်ရည်သုတ်ပေးခဲ့ရတဲ့ ကျွန်တော့် ရဲဘော်တွေရဲ
့ဇနီးသား သမီးတွေဟာ အခုတော့ မျက်ရည်တွေခြောက်ခမ်းလို့ ရင့်ကျက်ကုန်ကြ ပါပြီ။