Wednesday, July 29, 2015

ကမ္ဘာတ၀န်းလူကုန်ကူးမှုနဲ့ မြန်မာနိုင်ငံ


မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀န်း လူကုန်ကူးအခြေအနေကို ထိထိရောက်ရောက် မဖြေရှင်းနိုင်သေး ဘူး လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၅ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အာရှဒေသ တွင်းမှာတော့ မြန်မာနိုင်ငံသားတွေ ဆက်ပြီး ကျွန်ပြုခိုင်းစေခံနေရဆဲပါ။ အေပီသတင်းတပုဒ်ကို မသိင်္ဂီထိုက် တင်ပြထားပါတယ်။


Credit|VOA Burmese Fan Page

Sunday, July 26, 2015

ဘဝပြဿနာများကို ကျော်လွှားခြင်း



ဘဝဆိုသည်မှာ မြောက်မြားစွာသော အစိတ်အပိုင်းများနှင့်ဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်သည်။ ဘဝ၏ အစိတ်အပိုင်းအတွင်းမှာ ဘဝ၏တိုးတက်အောင်မြင်မှုရရန် ကျွန်တော်တို့တစ်တွေ ကြိုးပမ်းနေကြ
သည်။


ထိုသို့ ကြိုးပမ်းနေချိန် မမျှော်လင့်ဘဲ မှားယွင်းလွဲချော်မှု၊စိတ်သောကရောက်မှု၊ ဝမ်းနည်းကြေကွဲမှု၊ ဆုံးရှုံးမှု စသည့်အခက်အခဲပြဿနာများ တွေ့ကြုံနိုင်သည်။ ကျွန်တော်တို့အားလုံး တွေ့ကြုံလာရသည့် အခက် အခဲ ပြဿနာများကို စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်စွာဖြင့် ကျော်လွှားနိုင်ရန် အရေးကြီးသည်။ သို့မှသာ ကျွန်တော် တို့ မျှော်မှန်းထားသည့် ဘဝခရီးကို အောင်မြင်စွာ လျှောက်လှမ်းနိုင်မည်ဖြစ်သည်။

ကိုလက်စထရောကျစေသော ၀ါးရွက်


၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၀ ရက်၊  ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက်၊ တနင်္ဂနွေနေ့ထုတ် မြန်မာ့ အလင်းသတင်းစာမှ ထပ်ဆင့်ဖော်ပြပါသည်။


သွေးအတွင်း အဆီတိုးလာသောဓာတ်ကို Cholesterolဟုခေါ်သည်ကို ခေတ်မီသူတိုင်းသိကြပြီးဖြစ်သည်။ Cholesterol များလာလျှင် သွေးတိုး၊နှလုံးနှင့် လေဖြတ်ရောဂါတို့ဖြစ်နိုင်သည်။ အနည်းဆုံးလူဝလာပြီး အသည်းအဆီဖုံးရောဂါ ဖြစ်လေ့ရှိသဖြင့် လူတိုင်းကြောက်ရွံ့သော ဓာတ်တိုးရောဂါဖြစ်ပြီး ဝလာသူတိုင်း ခြောက်လ တစ်ကြိမ် စစ်ဆေးကြည့်ရန် ဆရာဝန်များကလည်း ညွှန်ကြားကြသည်။



ကြက်သွန်ဖြူစားလျှင် Cholesterol ကျစေသည်ဟု လူသိများသော်လည်း နောက်ပိုင်း သုတေသနပြုချက်များ အရ မသေချာဟုဆိုသည်။ထင်ထားသလောက် မကျဟုဆိုသည်။ တိုင်းရင်းဆေးပညာဘက်မှလည်း
သုတေသနပြုသည့် ဓာတ်ခွဲခန်းများထူထောင်ပြီး ခေတ်မီသိပ္ပံနည်းကျ သုတေသနပြုလုပ်ကာ Cholesterol ကျစေသည့် အပင်များကို စမ်းသပ်ရှာဖွေလျက်ရှိသည်။


မြန်မာ့မြေပေါ်တွင် ပေါက်ရောက်သည့် လက်တစ်ကမ်းမှဆေးဘက်ဝင်အပင်များ၊ အရပ်သုံးဆေးမြီးတိုအဖြစ် ရောဂါပျောက်ကြောင်း နာမည်ကြီးသည့် ဆေးပင်များဖြစ်သည်။ ထိုထဲမှ Cholesterol  ကျစေသည့် ဆေးဖက်ဝင်အပင်မှာ (ဝါးပင်) ဖြစ်သည်။ ဆေးပင်သုတေသနပြုချက်များအရ ဝါးပင်မှဝါးရွက်သည် သွေးအတွင်းရှိ Cholesterol ကိုကျစေသောHypolipidaemic Activity   ပါရှိပါသည်။



 ဝါးရွက် လက်တစ်ဆုပ်စာမှရရှိသော သတ္တုရည်ကော်ဖီဇွန်း နှစ်ဇွန်း ကို တစ်နေ့နှစ်ကြိမ်(သို့မဟုတ်) ဝါးရွက်ပြုတ်ရည်အကြမ်းပန်းကန် တစ်ဝက်ကို တစ်နေ့နှစ်ကြိမ်သောက်သုံးပါက  Cholesterolကို သိသာစွာကျ ဆင်းစေသည်။ (ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၊ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလထုတ် လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များပေါင်းချုပ်စာအုပ်၊ စာမျက်နှာ ၆၅၀ မှ) ဝါးပင်သည် မြန်မာ့

တောတောင်များတွင် သဘာဝအလျောက်ပေါက်ရောက်သော အပင်မျိုးဖြစ်သည်။ စိုက်ပျိုးပင်အဖြစ်လည်း စိုက်ပျိုးနိုင်သည်။ သမပိုင်းဥတုတွင်ပို၍ဖြစ်ထွန်းသည်။(ငှက်ပျောကဆုန်၊ ဝါးနယုန်)ဟု ဆိုသဖြင့် မိုးတစ်ပြိုက်နှစ်ပြိုက်ရွာချသည့် နယုန်လတွင် ဝါးကိုစိုက်ပျိုးနိုင်သည်ဟု ရှေးလူကြီးများအဆိုရှိသည်။


ရုက္ခဗေဒအဆိုအရ ဝါးပင်အမျိုးပေါင်း ၂၀ဝ ကျော်မျှရှိသည်။ အသုံးများသော၊ လူသိများသော ဝါးမျိုးများမှာ ကြခတ်ဝါး၊ ထီးရိုးဝါး၊ ဝါးနက်၊ဝါးပိုးဝါး၊ ကြသောင်းဝါး၊ တင်းဝါး၊ သိုက်ဝါး၊ ဝါးဖြူ၊ မြင်ဝါး၊ ရွှေဝါး၊ ဝါးမင်း၊
ဝါးယား၊ ဝါးကောက်တို့ဖြစ်ကြသည်။ ဝါးပင်မှ အစို့ထွက်လာသည့်မျှစ်မှာ မြန်မာတို့အကြိုက် အစားအစာဖြစ် သည်။ မျှစ်ချဉ်အဖြစ်လည်း အချဉ်တည်၍ စားကြသည်။ ဝါးပိုးမျှစ်ချဉ်ကို လူကြိုက်အလွန်များသည်။ ဝါးပင်ပေါက်မျှစ်စို့များသည် အပူဓာတ်ရှိသည်။ အစာအိမ်ကို အစာချေရည်ထွက်စေရန်လှုံ့ဆော်ပေးနိုင်သည်။ အစာစားချင်စိတ်ဖြစ်ပေါ်စေ၍ အစာစားပြီးသောအခါတွင်လည်း အစာကြေစေနိုင်သဖြင့် နာတာရှည် ခံတွင်းပျက်သူ၊နှုတ်မမြိန်ရောဂါရှိသူများမျှစ်ကို ချက်ပြုတ်စားခြင်းဖြင့် ရောဂါသက်သာစေနိုင်သည်။


မျှစ်ကို အနာပေါက်ဆေးကုရာတွင် အသုံးပြုပုံမှာမျှစ်ကို သတ္တုရည်ညှစ်ပြီး အနာပေါ်တွင်လောင်း၍ အဝတ်ဖြင့် တစ်နာရီခန့်ပတ်စည်းထားလျှင် ပိုးတွယ်သောအနာကိုပင် သန့်စင်စေသည်ဟု ရှေးဆေးကျမ်းများတွင်တွေ့ရသည်။ ထိုနည်းတူ ဝါးရွက်တစ်မျိုးမျိုးကိုပြုတ်၍ အနာဖန်ဆေးခြင်းပြုပေးလျှင် အနာအကျက်မြန်စေနိုင် သည်။ အသားနုတက်စေသောဖန်ဆေးဖြစ်သည်။


ဝါးရွက်သည် သွေးဖောက်ပြန်သော ရောဂါ၊ အပူငုပ်နာများကိုနိုင်သည်ဟုဆိုသည်။ ရှေးမြန်မာများသည် မီးဖွားပြီးနောက် သားအိမ်အတွင်းမှ သွေးဟောင်းသွေးပုပ်များ ကင်းစင်စေရန်ဝါးရွက်ဖြင့်ချွေးအောင်း
၊ ချွေးထုတ် ခြင်းကို ပြုလုပ်ပေးကြသည်။


ဆေးကျမ်းများအဆိုအရ ကြခတ်ဝါးရွက်(သို့မဟုတ်) ဝါးရွက်တစ်မျိုးမျိုး လက်တစ်ဆုပ်စာကို ကြိတ်ချေ၍
 ပြုတ်ပြီး လက်ဖက်ရည်ပန်းကန်တစ်လုံး ခန့်သောက်ပါက သွေးအန်၊ သွေးကျ ရောဂါ၊ မီးယပ်သွေးချုပ်
ရောဂါပျောက်ကင်းသည်။ ကလေးမွေးပြီးသူများ နို့ရွှင်ဆေးအဖြစ်လည်း တိုက်ကျွေးကြသည်။


ဝါးရွက်သည် ရှာဖွေရလွယ်ကူပြီး အဆိပ်အတောက်လည်းကင်းသော အရွက်ဖြစ်သဖြင့် အဆီတိုးပြီး ဝလာသူများ အနောက်တိုင်းနည်းဖြင့် သွေးစစ်သောအခါ တက်နေသူများ သောက်သုံးသင့်ကြောင်း
 ဆေးသုတေသနမှ အတည်ပြုထားသည်။

ကြည်လွင်မြင့်(မုဒြာ)

Saturday, July 25, 2015

လူသားအားလုံး ရင့်ကျက်သူများဖြစ်နိုင်ကြပါစေ



ရင့်ကျက်သူ ဆိုတာ သည်းခံတ်သော၊ ပြီးတော့ ရေရှည်အကျိုးအမြတ်ကို ရှေးရှုးပြီး  တဒင်္ဂ သာယာမှုကို စွန့် လွှတ်လိုက်ဖို့  ဝန်မလေးတတ်သူ။

ရင့်ကျက်သူ ဆိုတာ ပြောင်းလဲမှုတွေကို မကျေမချမ်းလည်းမဖြစ် ၊ဒေါသလည်းမထွက်ဘဲ  ကျေအေးစေ တတ်တဲ့ အရည်အချင်းရှိသူ။

ရင့်ကျက်သူ ဆိုတာ အဟန့် အတား၊ အနှောင့်အယှက်တွေရှိပေမယ့်လည်း သည်းခံကြိုးပမ်းတတ်သူ။

ရင့်ကျက်သူ ဆိုတာ စိတ်ပျက်စရာများ၊ အခက်အခဲများကိုနာကြည်းမှုမရှိဘဲ ရင်ဆိုင်ရဲတဲ့အစွမ်းရှိသူ။

ရင့်ကျက်သူ ဆိုတာ ကြင်နာတတ်သူ၊ ပြီးတော့ တခြားသူတွေရဲ့လိုအပ်ချက်တွေကို အကြင် နာမေတ္တာနဲ့  တုံ့ ပြန်တတ်သူ။


Friday, June 26, 2015

အရှက်မရှိသူနှင့် အရှက်ရှိသူ

  အရှက်မရှိသောသူသည် ရဲတင်းသောကျီးနှင့် တူသဖြင့်လည်းကောင်း၊ သူတပါးဂုဏ်ကို ဖျက်စီးသဖြင့် လည်းကောင်း၊ သူတပါးပြုသည်ကို မိမိပြုယောင် ဆောင်သဖြင့်လည်းကောင်း၊ ကြမ်းကြုတ်သဖြင့် လည်းကောင်း၊ ညစ်ညူးသော အကျင့်ဖြင့်လည်းကောင်း အသက်မွေးသဖြင့် အသက်မွေးမှု လွယ်ကူ၏။

အရှက်ရှိသူသည် အမြဲစင်ကြယ်မှုကို ရှာသဖြင့်လည်းကောင်း၊ မတွန့်တို သဖြင့်လည်းကောင်း၊ မကြမ်းကြုတ် သဖြင့်လည်းကောင်း၊ စင်ကြယ်သော အသက်မွေးမှုဖြင့်လည်းကောင်း၊ သင့်မသင့်ကို မြော်မြင်သဖြင့် လည်းကောင်း အသက်မွေးသဖြင့် အသက်မွေးမှု ခဲယင်း၏။ 

Wednesday, June 24, 2015

သခင်တင်ဝ၏ နိုင်ငံရေးခံယူချက်



``နိုင်ငံရေးသမား၏ ဘဝလမ်းဆုံးသည် ဝန်ကြီးဖြစ်ရေး၊ သမ္မတဖြစ်ရေးမဟုတ်ပါ၊ မိမိတို့ မလိုလားသော စနစ်ကြီး တစ်ခုကို လိုလားသောစနစ်သို့ ခရီးဆုံးတိုင်အောင် ပြောင်းသော လုပ်ငန်းသာလျှင် ဖြစ်သည်ဟု ယူဆပါ၏။´´

သခင်တင်ဝ
(မောင်ဝံသ၏ ``ရှာမှရှာတဲ့နိုင်ငံရေးသမားနှင့် နိုင်ငံရေးဆောင်း ပါးများ´´)

Tuesday, June 23, 2015

အောင်မြင်မှုအတွက် ပတ်ဝန်းကျင်ကောင်း


- ကောင်းဆက်နိုင်

လူတစ်ယောက် ထူးထူးခြားခြား အောင် မြင်ဖို့က ပတ်ဝန်းကျင်ကောင်းတစ်ခု တော့လိုတယ် ။ အောင်မြင် မယ့်သူဟာ အဲဒီပတ်ဝန်းကျင် သူ့မှာ အရင်ကမရှိခဲ့ရင်လည်း ရှိအောင် ဖန်တီးဖို့ ကြိုးစားကြတယ်။ တစ်ခါတစ်ရံ ကိုယ်မသိလိုက် ဘဲနဲ့တောင် အဲဒီလို ပတ်ဝန်းကျင်ကောင်းကို မသိစိတ် ရဲ့ဦးဆောင်မှုနဲ့ ဖန်တီးတတ်ကြတယ်။ အဲဒါကိုပဲ ကံတ ရားလို့ ခေါ်ကြတယ်။

ဘုရားတောင်မှ အမှီရှိမှဖြစ်တယ်ဆိုတဲ့ စကား ရယ်၊ အရှင်အာနန္ဒာကို ဗုဒ္ဓက ဟောဖူးတဲ့'မိတ်ဆွေ ကောင်း ရရှိခြင်းဟာ အောင်မြင်မှုအတွက် ၁ဝဝ ရာခိုင် နှုန်း သေချာတယ်'လို့ ဟောကြားချက်ရယ်၊ တွေးကြည့် လိုက် တဲ့အခါမှာ ပတ်ဝန်းကျင်ကောင်း၊ မိသားစုကောင်း နဲ့ မိတ်ဆွေကောင်းတွေဟာ လူတစ်ယောက်အောင်မြင် မှုအတွက် အထောက်အကူဖြစ်တာ သေချာတယ်။