Saturday, July 05, 2014

ပြည့်စုံအောင်မြင်သောသူဖြစ်ဖို့

 

လူတစ်ယောက်ရဲ့ ဘဝတိုးတက်အောင်မြင်ခြင်းမှာ သူ့မှာရှိတဲ့ ဘဝအရည် အသွေးတွေ ပြည့်စုံကောင်းမွန်လာခြင်းသာဖြစ်ပါတယ်။ လောကမှာလူတစ်ဦး နဲ့တစ်ဦး ဘဝအရည်အသွေးတွေမတူညီကြပါဘူး။ တချို့သူတွေဟာ ဘဝအစ မှာနိမ့်ကျပြီး ဆင်းရဲပင်ပန်းစွာမပြည့်မစုံနဲ့ ကျင် လည်ခဲ့ရပေမယ့်နောင်တစ်ချိန် မှာ ပြည့်စုံအောင်မြင်တဲ့သူတွေ ဖြစ်သွားကြပါတယ်။တချို့ကြတော့လည်းပြည့် စုံစွာမွေးဖွားလာပေမယ့် နောက်ပိုင်းမှာ သူဘဝဟာ ရှုံးနိမ့်မှုတွေနဲ့ နစ်မြုပ်ပျောက်ကွယ်သွားကြတယ်။

လောကမှာ ပြည့်စုံအောင်မြင်တဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်လိုသူအဖို့ အရေးကြီး ဆုံးမှာ မိမိကိုယ်မိမိနားလည်ဖို့ဖြစ်ပါတယ်။ ကိုယ်ဘာလုပ်နေသလဲ၊ ဘာကြောင့်လုပ်နေသလဲ၊ ကိုယ့်လုပ်ရပ်တွေ အပြုအမူအနေ အထိုင်တွေဟာ ဘယ်ကိုဦးတည်နေသလဲ အမြဲလေ့လာ သုံးသပ်နေရပါမယ်။ အများစုလောက မှာမပြည့်မစုံနဲ့ အောင်မြင်မှုတွေဝေးနေရခြင်းမှာ ကိုယ့်အကြောင်းကိုယ် မသိလို့ပါပဲ။ ကိုယ်ဘာဖြစ်ချင်သလဲတိတိကျကျ မရှိတဲ့သူ ပြည့်စုံဖို့အဝေးကြီး ပါ။ ကိုယ့်အကြောင်းကို သိမြင်နားလည်မှသာ ကိုယ့်ရဲ့တိုးတက်မှု လမ်းကြောင်းကိုပုံဖော်နိုင်မယ့် နည်းလမ်းတွေ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

ရွိသူ၊ မရွိသူ


တစ်ခါက ရှိ၍ မရှိသူနဲ့ မရှိ၍ ရှိသူဆိုတဲ့ လူနှစ်မျိုးနှစ်စားအကြောင်းကို ရေးဖွဲ့ 

ထားတဲ့ဝတ္ထုတိုတစ်ပုဒ်ကို ဖတ်ဖူးပါတယ်။ လိုရင်းကတော့ ရုပ်ဝတ္ထု ပစ္စည်းတွေ ချမ်းသာကြွယ်ဝနေသူတွေဟာ တကယ်တမ်း စိတ်ချမ်းသာမှုနဲ့ ဘဝကို ကျေနပ်မှုမရှိဘူးဆိုရင် ရှိ၍မရှိသူ ဖြစ်တယ်၊ ရုပ်ဝတ္ထုု ပစ္စည်းပိုင်းမှာ ဆင်းရဲချို့တဲ့ပေမယ့် တကယ်တမ်းစိတ်ချမ်းသာမှုနဲ့ ဘဝကို ကျေနပ်မှု ရှိတယ် ဆိုရင်တော့ မရှိ၍ရှိသူ ဖြစ်တယ်လို့ ရေးဖွဲ့ထားတာပါ။ လောကမှာ အရာရာ ကို ရုပ်ဝတ္ထုပစ္စည်း ချမ်းသာကြွယ်ဝမှုတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတဲ့ အမှန်တရားကို ဖော်ပြတဲ့ ဝတ္ထုတိုလေးဖြစ်ပါတယ်။


သစ္စာလေးပါး သို့မဟုတ် အနတ္တ၀ါဒ ၏ အနှစ်သာရ



နေဇင်လတ်

JOB seekers Journal Vol.2,No.49

ဗုဒ္ဓသည် ဘုရားအဖြစ်သို့ ရောက်ရှိသည်မှစ၍ ပရိနိဗ္ဗာန်ပြုသည် အထိ (၄၅) ၀ါပတ်လုံး လောကသားတို့၏ လွတ်မြောက်မှုအတွက် မရပ်မနား ကြိုးပမ်းခဲ့ ၏။ ပြဿနာ အရပ်ရပ်တို့ကို ဖြေရှင်းကိုင်တွယ်အပြီး၌ သစ္စာ (၄)ပါးဖြင့် နိဂုံးချုပ် တတ်သည်။ မည်သို့မည်ပုံ လောကီသားတို့အား ချေချွတ်တော်မူသည်ကို အနီးကပ် အများဆုံးမြင်တွေ့ခဲ့ရသည်မှာ အရှင် အာနန္ဒာဖြစ်၏။ တစ်နေ့တွင် ဗုဒ္ဓက ပရိနိဗ္ဗာန်ပြုတော့မည့်အကြောင်း ထုတ်ဖော်ပြောဆိုသည့်အခါ ရှင်အာနန္ဒာက ရှိုက်ကြီးတငင် ငိုကြွေးတော် မူပြီး ...
“ဗုဒ်္ဓ ပရိနိဗ်္ဗာန်ပြုပြီးနောက်၊ နောက်ထပ်ဖြစ်လာမည့် ပြဿနာများ ကို မည်သူက ဖြေရှင်းပေးတော်မူပါမည်နည်း” ဟု မေးတော်မူခဲ့သည်။ ဗုဒ္ဓက အာနန္ဒာအား ...
“ယောခေါ အနန္ဒာမယာ ဓမ္မောစ ၀ိနယောစ ဒေသိတော ပည တ္တော၊ သောဝေါ မပစ္စယေန သတ္တာ” ဟူ၍ ဖြေဆိုတော်မူသည်။
““အာနန္ဒာ ... ငါဘုရားမရှိတော့သောအခါ၌ ငါ၏ ဓမ္မနှင့် ၀ိနယ တို့ သည် သင်တို့၏ဆရာအဖြစ်ဖြင့် ပြဿနာရပ်များကို ဖြေရှင်းပေးလိမ့် မည်” ဟူ၍ ဖြစ်သည်။

အခက်အခဲကို အခွင့်အလမ်းသို့ပြောင်းပါ



ဖူးကျော်ဇင် (Future Wave)

JOB seekers Journal Vol.2,No.50

လူတိုင်းဘ၀မှာ အောင်မြင်မှုတွေအသီးသီးကို လိုချင်ကြပါတယ်။ အောင်မြင်မှု ပန်းတိုင်ကို ရောက်အောင်လည်း လျှောက်လှမ်းနေကြပါတယ်။ ကျွန်တော် တို့အားလုံးသိတဲ့အတိုင်းပါပဲ။ အောင်မြင်မှုသို့ သွားရောက်ရတဲ့ လမ်းခရီးဟာ လွယ်ကူချောမွေ့မှာတော့ မဟုတ်ပါဘူး။ ခက်ခဲနိုင်တယ်။ ကြမ်းတမ်းနိုင် တယ်။ ရှုံးနိမ့်မှုတွေ အကြိမ်ကြိမ်လည်း ကြုံတွေ့ရနိုင်ပါတယ်။

လူအများစု တွေးထင်ထားကြတာကတော့ အောင်မြင်မှုလမ်းနဲ့ ရှုံးနိမ့်မှု လမ်းဟာ တစ်လမ်းစီခြားနေတယ်လို့ ထင်နေကြပါတယ်။ အဆိုးဆုံး ကတော့ အောင်မြင်မှုလမ်းမကို ချောမွေ့နေတာပဲလို့ ထင်မှတ်မှားတာပါ။ အမှန်တော့ အောင်မြင်မှုသို့သွားရာလမ်းဟာရှုံးနိမ့်မှုတွေကိုရင်ဆိုင်ကျော်ဖြတ် ပြီးမှသွားရတဲ့ လမ်းကြမ်းကြီးတစ်ခုပါ။ လောကမှာ အောင်မြင်သူတွေ နည်းပါး ကြတဲ့အချက်ကအခက်အခဲနဲ့ဆုံးရှုံးမှုတွေများတဲ့ဒီလမ်းကြမ်းကြီးကို ဖြတ်ကျော်ရဲတဲ့ သတ်္တိမရှိကြလို့ပါပဲ။

အောင်မြင်ချင်ရင် အခက်အခဲတွေကို မကြောက်ရပါဘူး။ ရင်ဆိုင်ကျော်ဖြတ်ရဲရပါမယ်။ ထက်မြက်တဲ့ ဓားတစ်ချောင်းရဖို့ ကြမ်းတမ်းတဲ့ ဓားသွေးကျောက်ပေါ်တင်သွေးရပါတယ်။ ထက်မြက်အောင်မြင်တဲ့ ဘ၀တစ်ခု ကို ပိုင်ဆိုင်ဖို့ ကြမ်းတမ်းတဲ့ လောကဓံအခက်အခဲတွေက သင့်စိတ်ဓာတ် ကိုလေ့ကျင့်ပေးမှာပါ။ အခက်အခဲဆိုတာ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူကို တည်ငြိမ် ရင့်ကျက်စေပါတယ်။

စေတနာထက် တန်ဖိုးထားတတ်ဖို့လိုသည်


လူတစ်ယောက်အပေါ်စေတနာထားခြင်းသည် မွန်မြတ်သောအလုပ် တစ်ခုဖြစ်ပါသည်။ လူတစ်ယောက်အပေါ်တန်ဖိုးထားခြင်းသည် လည်း မြင့်မြတ်သောအလုပ်တစ်ခုဖြစ်ပါသည်။ မွန်မြတ်ပြီး၊ မြင့်မြတ်သော အလုပ်ဖြစ်မည်ဆိုပါက ပိုကောင်းမည့်သဘောကိုဆိုလိုပါသည်။ အလုပ်ရှင် တစ်ဦးတွေ့ဖူးသည်။ သူ့အလုပ်သမားများအပေါ် အလွန်စေတနာထားသည်။ လုပ်ခများများရစေချင်သည်။ သူ့လုပ်ငန်းတွင် အချိန်အလိုက် ပေးရသောလုပ်ခများ (time rates) များလည်းရှိသည်။ လုပ်ငန်းအလိုက် ပေးရသောလုပ်ခများ (Piece rates) များလည်းရှိသည်။ ဒီတော့အလုပ်သမားများကို သိပ်မနားစေချင်သော သဘောရှိသည်။ သူတို့အလုပ်များ များဆင်းရင်- သူ့အတွက်များများကျန်မည် ဟူသောစိတ်မရှိသည်ကား သေချာသည်။ စေတနာနှင့် လုပ်နေသည်ကားသိ သည်။ မြင်လည်းမြင်တွေ့နေရသည်။ သို့သော်လည်း သူ့အလုပ်သမားများကား ပိုက်ဆံတော့ရပါရဲ့၊ နားရက်ကနည်းလာတော့ ငြိုငြင်ချင်သည်။ အပြစ်ပြောချင် သည်။ အလုပ်ရှင်ဘက်မှလည်း စေတနာထားသောကြောင့် သူ့စေတနာထားပါ လျက်၊ ဒီလိုဖြစ်ရသည်ဟုထင်ပြီး စိတ်ဆိုးသည်။

ႀကံ့ခိုင္မႈရွိပါ



ဖူးကျော်ဇင်

JOB seekers Journal Vol.2, No.51

ဘ၀ဆိုတဲ့ ခရီးကြမ်းကြီးမှာ ရှင်သန်ရပ်တည်နိုင်ဖို့ ကြိုးစားနေကြတာဟာ လူသား အားလုံးရဲ့ အဓိကတာဝန်ပါ။ ဘ၀ခရီးဟာ ထင်ထားတာထက် ခက်ခဲနိုင်တယ်။ ကြမ်းတမ်းနိုင်တယ်။ ဘ၀ပင်လယ်ပြင်ကြီးရဲ့ လှိုင်းတွေဟာ အရိုက်အပုတ် အတိုက်အခတ်နည်းနည်းကြမ်းပါတယ်။ အောင်မြင်မှုတွေနဲ့ ကြုံတွေ့နိုင်သလို ရှုံးနိမ့်မှုတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ရမှာပါပဲ။ ဒုက္ခအခက်အခဲနဲ့ ပြဿနာတွေ ပေါင်း စုံကြားထဲမှာ တိုးတက် အောင်မြင်တဲ့ လူသားတစ်ယောက်ဖြစ်ဖို့ ကြိုးစားရတာ ဟာ တကယ် မလွယ်တဲ့ ကိစ္စတစ်ခုပါပဲ။

ဒီလိုကြမ်းတမ်းမှုတွေကြောင့် ဘ၀ကြီးကို လက်လျှော့သွားတဲ့သူတွေ၊ အရှုံးတွေကို လက်ခံလိုက်တဲ့သူတွေ၊ ပန်းတိုင်ကိုလက်လွှတ်လိုက်တဲ့သူတွေ အရမ်းများပါတယ်။ လောကဓံဆိုတဲ့ တရားကတော့ လူတိုင်းရင် ဆိုင်ကြုံတွေ့ ရမှာပါပဲ။ အောင်မြင်နေတဲ့သူတွေရော၊ မအောင်မြင်တဲ့သူ တွေရော အားလုံး ဟာ လောကဓံနဲ့တော့ တွေ့ကြတာပါပဲ။ ဒီလိုတွေ့ကြတာချင်းအတူတူ၊ ကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်းပေါ် လျှောက်လှမ်းနေကြတာချင်းအတူတူ ဘာကြောင့်တချို့ က အောင်မြင်တိုးတက်သွားကြပြီး အများစုက အောင်မြင် မှုတွေနဲ့ ဝေးနေကြရ တာလဲ။

ပညာစီမံခန့်ခွဲမှု (သို့) အထက်မြက်ဆုံး ဆောင်ရွက်ခြင်း



နေဇင်လတ်

JOB seekers Journal Vol.2,No.51

"Management" ဟူသော စီမံခန့်ခွဲမှုသည် အရင်းအမြစ်များကို အကောင်းဆုံး၊ အထိရောက်ဆုံး၊ ရလဒ်အမြင့်ဆုံးရအောင် ဆောင်ရွက်ခြင်း ဟု အဓိပ္ပာယ်ဖော်နိုင်ပါလိမ့်မည်၊ အရင်းအမြစ် များစွာရှိသည်၊ အများသိသော အရင်း အမြစ်များမှာ လူ၊ အချိန်၊ ငွေ စသည်တို့ဖြစ်၏။ ကဏ္ဍ များစွာ၊ ပညာရပ် များစွာအပေါ်လည်း စီမံခန့်ခွဲကြရပြန်သည်။ Political Management, Social Management စသည်ဖြင့် နောက်ဆုံးတွင် အားလုံးထက် ပို၍အရေးပါသော အရာတစ်ခု ပေါ်လာသည်၊ ၎င်းကို ပညာအပေါ် စီမံခန့်ခွဲခြင်း ဟူသောုKnowledge Management (KM) ဖြစ်သည်။ အချို့သော ခေတ်နှင့်ရင်ဘောင်တန်းလိုက်ကြသည့် ကော်ပိုရေးရှင်းကြီးများတွင် (CFO – Chief Financial Officer) ဟူသကဲ့သို့ (CKO – Chief Knowledge Officer) ဟူ၍ ဖွဲ့စည်းလာ၏။ ထိုကော်ပိုရေးရှင်းကြီး၏ ပညာအသုံးချမှုဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် အဓိက တာဝန်ယူရသည့်အပြင် အတိုင်ပင်ခံချုပ် Think Tank အဖြစ်လည်း တာဝန်ထမ်းဆောင်ကြရသည်။