Saturday, July 05, 2014

ပညာစီမံခန့်ခွဲမှု (သို့) အထက်မြက်ဆုံး ဆောင်ရွက်ခြင်း



နေဇင်လတ်

JOB seekers Journal Vol.2,No.51

"Management" ဟူသော စီမံခန့်ခွဲမှုသည် အရင်းအမြစ်များကို အကောင်းဆုံး၊ အထိရောက်ဆုံး၊ ရလဒ်အမြင့်ဆုံးရအောင် ဆောင်ရွက်ခြင်း ဟု အဓိပ္ပာယ်ဖော်နိုင်ပါလိမ့်မည်၊ အရင်းအမြစ် များစွာရှိသည်၊ အများသိသော အရင်း အမြစ်များမှာ လူ၊ အချိန်၊ ငွေ စသည်တို့ဖြစ်၏။ ကဏ္ဍ များစွာ၊ ပညာရပ် များစွာအပေါ်လည်း စီမံခန့်ခွဲကြရပြန်သည်။ Political Management, Social Management စသည်ဖြင့် နောက်ဆုံးတွင် အားလုံးထက် ပို၍အရေးပါသော အရာတစ်ခု ပေါ်လာသည်၊ ၎င်းကို ပညာအပေါ် စီမံခန့်ခွဲခြင်း ဟူသောုKnowledge Management (KM) ဖြစ်သည်။ အချို့သော ခေတ်နှင့်ရင်ဘောင်တန်းလိုက်ကြသည့် ကော်ပိုရေးရှင်းကြီးများတွင် (CFO – Chief Financial Officer) ဟူသကဲ့သို့ (CKO – Chief Knowledge Officer) ဟူ၍ ဖွဲ့စည်းလာ၏။ ထိုကော်ပိုရေးရှင်းကြီး၏ ပညာအသုံးချမှုဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် အဓိက တာဝန်ယူရသည့်အပြင် အတိုင်ပင်ခံချုပ် Think Tank အဖြစ်လည်း တာဝန်ထမ်းဆောင်ကြရသည်။

ခေါင်းဆောင်နှင့် ခေါင်းရှောင်



ဖူးကျော်ဇင် (Future Wave)


အဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေ အားလုံး ဟာ ခေါင်းဆောင်မှုအပေါ်မှာ အဓိကမူတည်နေတယ်လို့ ခေါင်းဆောင် မှု ဟောပြောသူ ဆရာကြီး ဂျွန်မက်စ်ဝဲလ်က ဆိုပါတယ်။ အဖွဲ့အစည်းတိုင်း အတွက်အဓိကအရေးကြီးဆုံးအချက်မှာ ခေါင်းဆောင်ပဲဖြစ်ပါတယ်။

 ခေါင်းဆောင်ကောင်းရှိရင် နောက်လိုက်ကောင်းတွေလည်း ထွက်ပေါ်လာတတ်ပါ တယ်။ ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းတွေ ရှိနေတဲ့ အဖွဲ့အစည်းဟာဆိုရင်လည်း အရှိန်အဟုန်ပြင်းစွာ တိုးတက် ဖွံ့ဖြိုးမှုတွေကို ဖြစ်စေပါတယ်။
အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေရှိတတ်သလို တစ်ချို့အဖွဲ့အစည်းတွေမှာတော့ ခေါင်းဆောင်လို့ မိမိကိုယ်ကို ခံယူ ထားတဲ့ ခေါင်းဆောင်မဟုတ်သူတွေကိုလည်း တွေ့ရတတ်ပါတယ်။ အဖွဲ့ အစည်းတစ်ခုမှာ ရာထူးကြီးရုံနဲ့ ခေါင်းဆောင်လို့ မသတ်မှတ်နိုင်ပါဘူး။ ကိုယ့်လက်အောက်မှာ ကိုယ်စေခိုင်းညွှန်ကြားနိုင်တဲ့လူတွေရှိတိုင်း ခေါင်းဆောင် လို့ မသတ်မှတ်နိုင်ပါဘူး။ ခေါင်းဆောင်မှု အရည်အချင်းတွေနဲ့ ပြည့်စုံပြီး အဖွဲ့ အစည်းကို ပန်းတိုင်ရောက်အောင် စွမ်းဆောင်နိုင်မှသာ ခေါင်းဆောင် ဖြစ်မှာပါ။

တကယ်တော့ ခေါင်းဆောင်မှုဆိုတာ အာဏာပါဝါရှိရုံနဲ့ မသက်ဆိုင်ပါဘူး။ အစစ်အမှန်ဟာ “သြဇာပါဝါ” ရှိတာနဲ့သာ သက်ဆိုင်တာ ဖြစ်ပါတယ်။ “အာဏာ ပါဝါ” ရှိပြီး “သြဇာပါဝါ” မရှိရင် ခေါင်းဆောင် အစစ်မဖြစ်နိုင်ပါဘူး။ လုပ်ငန်းတစ်ခု ရဲ့ အကြီးအကဲသက်သက်သာ ဖြစ်မှာပါ။ ရာထူးအာဏာရလာရင်တော့ ဘယ်သူ မဆို အကြီးအကဲ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်ဖို့ဆိုရင်တော့ ရာထူးအာဏာထက် ခေါင်းဆောင်မှု အရည်အသွေးနဲ့ စိတ်နှလုံးသားမြင့်မြတ် မှုပေါ်မှာ အများကြီးမူတည်ပါတယ်။

မိုးခါရေမသောက်ဘဲ ဘယ်လောက်နေနိုင်မလဲ


မိုးခါးရေသောက်တဲ့ ပုံပြင်ကလေးကို ကြားဖူးမှာပါ။ ဟိုးရှေးရှေးတုန်းက ဘုရင် တစ်ပါးထံမှာ နက္ခတ်ဗေဒင်ပညာကို တစ်ဖက်ကမ်းခတ်တတ်မြောက်တဲ့ ပုရောဟိတ်ကြီးတစ်ပါး ခစားနေတယ်။ တစ်ညတော့ ပုရောဟိတ်ကြီးက ကောင်း ကင်က နက္ခတ်တွေကို ကြည့်ရင်း အင်မတန် ထူးခြားတဲ့ အခြေအနေတွေကို သတိထားမိတယ်။ ဘာအဓိပ္ပာယ်လဲ လို့ စဉ်းစားလိုက်တော့ “နောက်တစ်နေ့ မိုးမလင်းခင်မှာပဲ မိုးခါးကြီး ရွာလိမ့်မယ်၊ အဲဒီမိုးခါးရေကို သောက်မိသူတိုင်း သွက်သွက်ခါအောင် ရူးသွပ်သွားကြလိမ့်မယ်” လို့ သူ့ရဲ့ ပညာစွမ်းနဲ့ သိမြင်ပါသတဲ့။ အဲဒီ အကြောင်းကို အရေးတကြီး ညတွင်းချင်းပဲ ဘုရင်ကြီးထံ အခစားဝင်ပြီး လျှောက်တင်ပါတယ်။ ဒါပေမဲ့ လိပ်ပတ်လည်အောင် အရှည် ကြီး လျှောက်တင်ရတာမို့ လျှောက်တင်နေတုန်းမှာပဲ မိုးခါးကြီးရွာပါလေရော။ ဘုရင်ကြီးနဲ့ ပုရောဟိတ်ကြီးလည်း အခြားသူတွေကို သတိပေးဖို့ အချိန်မရတော့ ဘူး။ သူတို့ နှစ်ဦးပဲ မိုးခါးရေကို မသောက်ဘဲ အရင်က သိုလှောင်ထားတဲ့ သောက်ရေတွေကို သောက်ပြီး နေကြတယ်။ နန်းတွင်း သူ နန်းတွင်းသားတွေနဲ့ တိုင်းသူပြည်သားအားလုံးကတော့ မိုးခါးရေကို ခံပြီး သောက်ကြတယ်။ အားလုံးသွက်သွက်ခါအောင် ရူးသွပ်သွားကြပါသတဲ့။

အမှန်တကယ်လက်ခံနိုင်ကြပါရဲ့လား



နေဇင်လတ်

JOB seekers Journal Vol.2,No.52

အရာရာကို လောကီရှုထောင့်တစ်ခုတည်းမှ ကြည့်၍မရ၊ ထိုထက် ဆိုရလျှင် ယုတ်္တိဗေဒတစ်ခုတည်းမှလည်း ဆုံးဖြတ်၍မရ၊ တစ်ဦးတစ်ယောက်၏ လက်ခံနိုင်ခြင်း၊ လက်မခံနိုင်ခြင်းသည် ရှုထောင့်အပေါ် များစွာမူတည်နေ ပါသည်။ အထူးသဖြင့် ပညာအခံ၊ အတွေ့အကြုံ၊ ရင့်ကျက်မှုတို့နှင့်လည်း များစွာသက်ဆိုင်နေပါ၏။ အချို့သာမန်လွန်တော်ကြသူ များကို တွေ့ရပါလိမ့်မည်။ သူ၏ “တော်မှုအဆင့်” အလိုက် အကျိုးဖြစ်ထွန်းမှုကို မတွေ့ရသောအခါ မချင့်မရဲ ဖြစ်မိကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။ အချို့သာမန်အောက်မျှသော အရည်အချင်းမျိုးသာ ပိုင်ဆိုင်ကြပါလျက် အကျိုးဖြစ်ထွန်းမှု များစွာရှိနေကြသော သူများကိုလည်း လောက တွင် မရှားပါးစွာ တွေ့မြင်ကြရပါလိမ့်မည်။

ဗုဒ္ဓက “ကံ၊ ဉာဏ်၊ ဝီရိယ”ဟူ၍ သုံးပါးကို အဟောထားခဲ့ပါ၏။ “ကံ” ဆိုင်ရာတွင် သံသရာတစ်လျှောက် ပြုခဲ့သော ကုသိုလ်၊ အကုသိုလ် တို့၏ အကျိုးပေးလာမှု၊ ပစ္စုပ္ပန်ဘဝ၏ ကုသိုလ်၊ အကုသိုလ်တို့၏ အကျိုးပေးမှုဟူ၍ (၂) ပိုင်း ပါလာပါသည်။ “ဉာဏ်” နှင့် “ဝီရိယ”ဟူသည်ကသာ ပစ္စုပ္ပန်၏အရာ ဖြစ်ပါ၏။ ဘဝတစ်ခု၏အကျိုးပေးကို “ဉာဏ်” နှင့် “ဝီရိယ” အရာနှစ်ပါးဖြင့်အဆုံးအဖြတ်ပေး ကြလျှင်၊ ယုတ်္တိဗေဒအပေါ် လုံးလုံး လျားလျား အခြေခံထားသကဲ့သို့ ဖြစ်လာပါ လိမ့်မည်။ သို့သော်လည်း “အကြောင်း” နှင့် “အကျိုး” တို့၏ ဆက်စပ်မှုသည် တစ်ဘဝတည်းမှသာ မဟုတ်ဘဲ အတိတ်ဘဝများစွာမှ အရင်းခံလာသည် ကို မေ့ထား၍ ရကြမည်မဟုတ်ပါ။ ဤအပေါ်ကို လက်ခံထားနိုင်ပါမှ ပစ္စုပ္ပန်၏ “အကျိုးတရား”များကို လက်ခံနိုင်ပါလိမ့်မည်။ အကြောင်းတရားတို့မှ ဖြစ်လာသော “စွမ်းအင်” သည် ပယ်ဖျက်၍ မရတတ်ပါချေ။ အားကြီးသောအကျိုးပေး ရှိနေသေး ၍ အားသေးသောအကျိုးပေးများ အကျိုးပေးခွင့် မသာသေး ခြင်းမျှသာဖြစ်၍ အချိန်တန်လျှင် အကျိုးပေးကြမည်သာ ဖြစ်သည်။

ရွှံမြေနှင့် တောင်မြေ



ဆရာသုတ

JOB seekers Journal Vol.3, No.1

ထီပေါက်ချင်တဲ့သူတွေ ထီထိုးတဲ့သူတွေများလွန်းလို့ အောင်ဘာလေထီ၊ ချဲထီ၊ သုံးလုံးထီ၊ နှစ်လုံးထီ စသည်ဖြင့် ထီပေါင်းစုံပေါများတဲ့ ခေတ်ကြီးမှာ “ထီမပေါက် ချင်တဲ့သူကော ရှိနိုင်သလား”” လို့ မေးမယ်ဆိုရင် ဘုဂလန့် မေးတယ်၊ ထီပေါက် ချင်လွန်းလို့ နည်းလမ်းအမျိုးမျိုးတဲ့ ကြိုးစားနေကြပါတယ်ဆိုမှ ထီမပေါက်ချင်တဲ့သူ ရှိသလားလို့ မေးမှ မေးရက်တယ်လို့ အပြောခံရနိုင်ပါတယ်။ ဒါပေမဲ့ ထီမပေါက် ချင်တဲ့သူတွေ အမှန်ရှိပါတယ်။ ထီကို အလွန်အကျွံဖိထိုးပြီး စည်းစိမ်ဥစ္စာရှိ သမျှ ပြုတ်ပြုတ် ပြုန်းကုန်လို့ စိတ်နာပြီး ထီမထိုးတော့တဲ့သူတွေကို မဆိုလိုပါဘူး။ ထီအ ကြောင်းကို မကြားဖူးလို့ မထိုးတတ်လို့ မထိုးရဲလို့ စသည်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် ထိုးခွင့်မသာလို့ မထိုးတဲ့သူတွေကိုလည်း မဆိုလိုဘူး။ ထီလက်မှတ်ဖိုးတောင်မှ မတတ်နိုင်လို့ မထိုးရတဲ့ သူတွေကိုလည်း မဆိုလိုဘူး။ ထီအကြောင်းကို ကောင်းကောင်းသိနားလည်ပြီး ထီလက်မှတ်ဖိုးလည်း တတ်နိုင် တယ်၊ ထိုးချင်ရင်လည်း ထိုးလို့ရတယ်၊ အဲဒီကြားထဲကမှ ထီပေါက်လို့ရ မယ့် ငွေကို မလိုကို မလိုချင်ဘူးဆိုတဲ့ ထီမပေါက်ချင်သူတွေကို တွေ့ဖူးပါတယ်။

Friday, July 04, 2014

လူ့သဘာဝနဲ့ ကိုက်ညီတဲ့ အစီအစဉ်တွေ ချမှတ်ကျင့်သုံးနိုင်စေဖို့

 

ဖျံနှစ်ကောင် ငါးအဝေမတည့်ဖြစ်တဲ့ ပုံပြင်ကလေးကို ကြားဖူးကြမယ် ထင်ပါတယ်။ ရေနက် ထဲမှာ ငါးကြီးတစ်ကောင်ကို စတွေ့တဲ့ ဖျံက သူတစ်ကောင် တည်း မဖမ်းနိုင်လို့ တခြားဖျံ တစ်ကောင်နဲ့ပေါင်းပြီး ငါးကြီးကို ရအောင် ဖမ်းကြ တယ်။ ငါးကြီး ကုန်းပေါ်ရောက်တော့ ဘယ်သူက ခေါင်းပိုင်းရသင့်တယ်၊ ဘယ်သူက အမြီးပိုင်းပဲ ယူသင့်တယ်ဆိုပြီး အဝေမတည့် ဖြစ်ကြတယ်။ အဲဒီမှာ မြေခွေးနဲ့ ယုန်ပညာရှိတို့ရဲ့ ကြားဝင်ဖြေရှင်းပေးပုံက မတူကြဘူး။ မြေခွေး က ငါးကို ခေါင်းပိုင်း၊ ကိုယ်ပိုင်း၊ အမြီးပိုင်း သုံးပိုင်း ပိုင်းပြီး ငါးကို စတွေ့တဲ့ ဖျံက ခေါင်းပိုင်းယူစေ၊ ငါးကို ကူဖမ်းပေးတဲ့ ဖျံက အမြီးပိုင်းယူစေ၊ သူ ကိုယ်တိုင် ကတော့ အငြင်းပွားမှုကို ဆုံးဖြတ်ပေး ရတဲ့ အခကြေးငွေအဖြစ် ကိုယ်ပိုင်းကို ယူမယ် လို့ ဖြေရှင်းလိုက်ပါတယ်။ သူ့ဖြေရှင်းချက်ကို ဖျံနှစ်ကောင်က လက်မခံနိုင်ကြောင်း သိတဲ့ အတွက် ချက်ချင်း ကိုယ်ပိုင်းကို ကိုက်ချီပြီး ထွက်ပြေးသွားပါတယ်။

ယုန်ပညာရှိကတော့ ငါးကို ခေါင်းကနေ အမြီးအထိ အညီအမျှ ထက်ခြမ်းခြမ်းပြီး ပေးလိုက်တဲ့အတွက်အငြင်းပွားနေတဲ့ဖျံနှစ်ကောင်စလုံး ကျေနပ် မှုရကြတယ်လို့ ဆိုပါတယ်။ ယုန်ပညာရှိအတွက်တော့ ဘာမှရတယ်လို့ ပုံပြင်ထဲ မှာမပါဘူး။ စေတနာ့ဝန်ထမ်းပညာရှိပဲ ဆိုပါတော့။ နောက်ပြီး ငါးကို ခေါင်းကနေ အမြီးထိ ထက်ခြမ်းခြမ်းရာမှာ ကျောရိုးကိုပါထက်ခြမ်း ခြမ်းသလား၊ ဒါမှမဟုတ် အရိုးမို့လို့ ဘယ်သူယူယူ၊ မယူယူ ထည့်မစဉ်းစားဘူးလား ဆိုတာ တော့ မသဲကွဲဘူး။

စိတ်ဓာတ်မြှင့်တင်အောင်ပွဲဆင်



စာဖတ်သူမိတ်ဆွေရ. . . မိတ်ဆွေကို ကျွန်တော် လေးလေးနက်နက် ပြောစရာရှိ ပါတယ်။ ကျွန်တော်အခုပြောမယ့် စကားတွေက မိတ်ဆွေကို တိုက်ရိုက်ပြောပြ ချင်တဲ့ အရိုးသားဆုံး၊ အမှန်ကန်ဆုံး စကားတွေပါပဲ။ ဒါကြောင့်မိတ်ဆွေ ကလည်းလေးလေး နက်နက် ဖတ်ရှုပေးစေချင်ပါတယ်။ ကျွန်တော်ပြောမယ့် အကြောင်းအရာက တခြားတော့ မဟုတ်ပါဘူး။

ဒီဆောင်းပါးကို ဖတ်ရှုနေတဲ့ မိတ်ဆွေရဲ့အကြောင်းကို ကျွန်တော် ပြောပြချင်လို့ ပါပဲ။ မိတ်ဆွေရဲ့အကြောင်း ကိုကျွန်တော့်ထက်စာရင် မိတ်ဆွေကသာ ပိုသိမှာပေါ့။ ဒါပေမယ့် လူတော်တော်များများဟာ ကိုယ့်အကြောင်းကိုယ်သိ တယ်လို့ ထင်နေကြပေမယ့် တကယ်တော့ ကိုယ့် အကြောင်းကိုယ် ထဲထဲဝင် ဝင်သေသေချာချာမသိကြတဲ့ သူတွေ အများကြီးရှိနေတတ်ကြပါတယ်။ ဒီလို ကိုယ့်အကြောင်းကိုယ် မသိကြတဲ့ သူတွေထဲမှာ မိတ်ဆွေပါချင်လည်းပါမယ်၊ မပါချင်လည်းမပါဝင်နိုင်ပါဘူး။ မိတ်ဆွေ သိပြီးသားလည်း ဖြစ်ကောင်းဖြစ်မယ်၊ မသိသေးတာလည်း ပါကောင်း ပါဝင်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်မိတ်ဆွေကို ကျွန်တော် ပြောပြစရာ ရှိပါတယ်။