Friday, March 28, 2014

ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့

 နင့်အပြုံးကြောင့် ငါ့ကိုယ်ငါ ရှက်သွားတယ်ဆိုရင် နင်အံ့သြမိမလားမသိဘူး။ တကယ်ကို ငါရှက်သွားတယ်။ အမှန်က နှစ်နှစ်တောင် ကြာခဲ့ပြီပဲ။ ဒီလောက်ကြာမှတော့ တစ်ဖက်က ပြောင်းလဲတဲ့ အခြေအနေကို လိုက်ပြီး ငါ့ဘက်ကလဲ ပြောင်းလဲသင့်တာပေါ့။ အနည်းဆုံးဟာ.. နင်ပြုံးပြလိုက်တဲ့ အပြုံးမျိုးလေးကိုတော့ ငါတုံ့ပြန်နိုင်ဖို့ သင့်တာပဲ။ ဒါပေမယ့် နင်ပြုံးသလို ငါမပြုံးတတ်ဘူး။ ဒီအတွက် ငါ့ကိုယ်ငါ ရှက်တယ်။


  နင့်အပြုံးမှာ ငါ.. ဘာအရိပ်အယောင်ကိုမှ မတွေ့လိုက်ဘူး။

သံယောဇဉ် အရိပ်အယောင်ကိုလည်း မမြင်၊ ကြင်နာရိပ်ဆိုတာလည်း မတွေ့၊ တမ်းတတဲ့ အနေအထားမျိုးလည်း မရှိ၊ လွမ်းရိပ်ဆိုတော့ ဝေးရော။

Wednesday, March 26, 2014

နေရာလွတ် ရှိပါတယ်


လူတစ်ယောက် ကိုယ့်ကို ဂရုမစိုက်တာကို စိတ်ပင်ပန်းခံမနေပါနဲ့ ။ ပတ်ဝန်းကျင်မှာရှိတဲ့ အခြားသူတွေရဲ့ ဂရုစိုက်မှုကို သင် လက်လွတ်သွားပါလိမ့်မယ်။ အကြောင်းအရာ တစ်ခုခုကို စိတ်အရမ်းနှစ်ထားလိုက်မိတဲ့ အခါ ကျန်အရာတွေကို ဆုံးဖြတ်နိုင်မှု အားနည်းသွားတတ်ပါတယ်။

ခံစားချက်တစ်ခုကြောင့် အလုပ်တစ်ခု ဖြစ်မလာနိုင်ပါဘူး။ လုပ်နေတဲ့ အလုပ်သာ ဆုံးရှုံးသွားနိုင်တဲ့ အခြေနေပါ။ သို့ သော် အလုပ်လုပ်ရင်းနဲ့  ပျော်မွေ့ လာတဲ့ ခံစားချက်ကိုတော့ ရနိုင်ပါတယ်။ ဒီခံစားချက် သာ အပေါင်းလက္ခဏာ ဆောင်ပါတယ်။ မွန်းကျပ်နေတဲ့စိတ်ကို ဦးတည်ချက် ပြောင်းပေးလိုက်တဲ့ သဘောပေါ့။


ကိုယ်ချင်းစာနိုင်ကြပါစေ


မိဘဆင်းရဲ လို့ သာသမီးဆင်းရဲတာအပြစ်မှ မဟုတ်တာ
ပလပ်စတစ်ကောက်ပြီ သူဝမ်းစာအတွက်သူရှာ
စားတာပါ အထင်သေးတဲ့ မျက်လုံးတွေ နဲ့ မကြည့်ပ့ါနဲ့ -------



အထင်သေးစရာမှမဟုတ်တာ နောက်တခါ သူကို
ငို အောင်ထပ်မလုပ်ကြပါနဲ့ သူလဲ လူသားထဲကလူတယောက်ပါ ---

ချမ်းသာတဲ့ သူတိုင်းလဲ လူမဆန်တတ်ကြသလို
ဆင်းရဲတဲ့သူတိုင်းလည်းအောက်တန်းမကျပါဘူး

ခေတ်ပျက်



“အမြီး”ကျက်တော့
အမြီးကို စားကြတယ်
အမြီးစားပြီးတော့
ကြီးပွားနေတဲ့လူတွေ ရှိတယ်။

“ခေါင်း”ကျက်တော့
ခေါင်းကိုစားတယ်
ခေါင်းစားပြီးတော့
ကောင်းစားနေတဲ့ လူတွေလည်းရှိတယ်။

Tuesday, March 25, 2014

ဆွမ်းခံရင်း ငှက်သင့်



အမတန်ပူပြင်လှစွာသော နွေရာသီ၏ တစ်နေ့တာအပူချိန်ဖြစ်သော မွန်းတည့်ချိန်၌ နွေတံလျှပ်တို့ တငွေ့ငွေ့တက်နေသည်။ အပူနှစ်ခုကြာမှာ မောဟိုက်ရမှန်တောင် မသိနိုင်ပဲ လိုရာခရီးကို တရွေ့ရွေ့ သွားနေသူ တစ်ဦးကို မည်သူမှ သတိမထားမိကြပါ။


ဦးကျော်အေးသည် မြန်မာနိုင်ငံအလယ်ပိုင်း မုံရွာမြို့နယ်ရှိ တောရွာလေး တစ်ရွာမှ တောင်သူတစ်ဦးပင် အသားညိုညို မျက်နှာလေးထောင့် အရပ်က မနိမ့်မမြင့်ဆိုတော့ သူ့ခန္ဓာကိုယ်အချိုးစား ခပ်ကျကျပင်။ တစ်ရွာတည်နေ ဒေါ်မှုံနဲ့ အိမ်ထောင်ကျလို့ သားသမီး သုံးယောက်ထွန်းကားခဲ့သည်။ သားသမီးက များတော့ မိရိုးဖလာတောင်သူအလုပ်ဖြင့် မလောက်မငဖြစ်ခြင်းနေသည်။

ဇနီးကလည် တတိယမြောက်သားလေးဖိုးချမ်းကိုယ်မွေးပြီးတော့ မီးယပ်ဝမ်းဖြစ် လို့ အိပ်ယာထဲ အိပ်ယာ
ပေါ် ဘုံးဘုံးလဲလေးပြီး။ အကြီးဆုံးသားက အိမ်ထောင်ကျနေ၍ အားကိုးမရပြီး သမီးအလတ် ကျတော့ စီးပွားရေးမပြေလည်တာနဲ့ ၆တန်းလောက်နဲ့ပင် ကျောင်းကနှုတ်ပြီး ရွာမှာ မြေပဲပေါ်ချိန် မြေပဲ အငှား လိုက်နှုတ် ခိုင်ထာရးသည်။ သားအငယ်ကျတော့ ကျောင်းတက်နေတုန် ။ အငယ်ကောင်လေးက မောင်နှမ
 တွေထဲမှာ ဉာဏ်အကောင်းဆုံးဖြစ်၍ ဦးကျော်အေးမှ ကျောင်းဆက်ထားလိုသည် မိမိလို စိတ်ပင် ပမ်း လူပင်ပမ်း ဆင်းရဲစွာနဲ့အသက်မွေးရမည်ကို မလိုပေ။

Saturday, March 22, 2014

ဖောင်စီးရင်း ရေငတ်ကြသူများ



၁
တကယ်တော့ အားလုံးဟာ စနစ်တစ်ခုကြောင့် မိမိတို့ရဲ့ချစ်ခင်တွယ်တာ လှသော   မွေး ရပ်နိုင်ငံနဲ့ မိဘညီ အစ်မောင်နှမ ဆွေမျိုး သားချင်တွေကို ချစ်ပါလျှက်နဲ့ ပစ်ခွာ ထား၍ အဝေးတမြေသို့ အသက်ဖက်နဲ့ထုပ်ပြီး ထွက်လာရတဲ့သူတွေပါ။

တိုင်းတပါး၌ ဘယ်အချိန်မှာများ ဘယ်သူကများ သက်လို့ပဲ သေမှာလာ မိမိအလုပ် လုပ်ရာ လုပ်ငန်းခွင် ထဲမှာပဲ အလုပ်လုပ် ရင်  သေမယ်လာဆိုတာ  မသိရပဲ အမိမြေ က မိသားစုစားဝတ်နေရေး အခက်ခဲတွေ ကို ဖြေရှင်းနေရင် သေမည့်နေ့ကို စောင့်နေ   ရတဲ့သူတွေပါပဲ။

ထိုင်းနိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ ရောက်လာကြသူတွေဟာ နေရပ်ပေါင်းစုံ လူမျိုးပေါင်းစုံစွာနဲ့ ဘာသာ စကားမတူ နေရပ်မတူကြသောလည် အားလုံး ရဲ့ရင်ထဲမှာ တူညီတဲ့ ဘုံရည်ရွယ်ချက်ကတော့ အမိမြန်မာ နိုင်ငံ က ကျန်ရှိနေ တဲ့ မိသားစုတွေ နေ့စဉ်အသက် ဆက်နိုင်ရင် မသေထမင်း မသေဟင်းလေး စားနိုင်
မို့နဲ့ မိမိ တို့တွေ အနာဂတ်ကာလတစ်ခုမှာ လူတန်းစေ့ နေနိုင်ရေ စတဲ့တူညီတဲ့ ရည်ရွယ် ချက်တွေ နဲ့စွန့်စွန့်စာစာနဲ့ လာရောက် အလုပ်လုပ်ကိုင်ကြရသူတွေပါ။

၂
နံနက်အာရုဏ်တက်နဲ့အတူ နိုးထလာတဲ့ မြို့ကလေးဟာ ပိုမိုစည်ကားလာပေ သည် ။အလုပ်သွားအလုပ်ပြန် များဖြင့် ပျားပန်းခက် သကဲ့သို့ ဖြစ်နေပါတော့သည်.. ထို့အတူ လူမစည်ကာသင့်တဲ့ အရပ်ထဲမှာ ဆေးရုံး ဆိုတာလည် တစ်ခုအပါဝင်ပါပဲ   ဒါပေမယ့်......

Wednesday, March 19, 2014

ပြိတ္တာတို့၏ အကျွတ်အလွတ်ပွဲ (ပေတ ဥဒ္ဒိဿဒါန)


မင်းကွန်း တိပိဋက ဆရာတော်ကြီး ဦးဆောင်ကျင်းပသော ပြိတ္တာတို့၏ အကျွတ် အလွတ်ပွဲ (ပေတ ဥဒ ္ဒိဿ ဒါန)ကို ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် ပါဝင်ဖူးသည်။ ထို့ အပြင် ယခု ပျံလွန်တော်မူသွား ကြပြီဖြစ်သော တိပိဋက ဆရာတော်များနှင့် ဆရာ တော်ကြီး အတော်များများ ကြွရောက် ချီးမြှင့် ကြကြောင်းလည်း မိန့်ကြားသည်။


          အကျွတ်အလွတ်ပွဲပြုလုပ်သော ကာလမှာ သီတင်းကျွတ် လပြည့်ကျော်တစ်ရက်၊ နံနက် ခုနစ်နာရီ တွင် နှစ်စဉ် အချိန်မပြောင်းဘဲ တိတိကျကျ ပြုလုပ်သည်။ ထိုအကျွတ် အလွတ်ပွဲကို ဦးဆောင်ကြသော လူပုဂ္ဂိုလ် များမှာ သံမဏိ ဦးမောင်မောင်နှင့် နိုင်ငံ့ဂုဏ် ရည် ဦးသူတို့က ဦးဆောင်ကြသည်။ ကြံတော သုသာန် ၌ ပင် ပေတဥဒ္ဒိဿဒါန(တစ္ဆေစာ)ကို အိုးကြီးအိုးငယ်တွေနှင့် ချက်ပြုတ်ကြသည်။