Thursday, October 25, 2018

တရားမ၀င်အလုပ်သမားများနှင့်ဗီဇာသက်တမ်းကျော်လွန်နေထိုင်သည့် မြန်မာအလုပ်သမားများဖမ်းဆီးရမိ


၂၅.၁၀.၂၀၁၈၊ ကထူးဘင်၊အလုပ်သမားဟစ်တိုင်

စမွတ်ဆာခွန်ခရိုင် ကထူးဘင်မြို့နယ်၊ ခလွန်မာဒီယာရပ်ကွက်ရှိ မြန်မာအလုပ်သမားများနေထိုင်ရာ
ဘန်းလောင်(၀်)ကွန်ဒိုတိုတ်ခန်းများအား ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ထိုင်းလ၀က၊ထိုင်းရဲတပ်ဖွဲ့နှင့်
ထိုင်းစစ်တပ်အပါဝင်တာဝန်ရှိသူများသည် ယနေ့(၂၅.၁၀.၂၀၁၈) နံနက် ၆နာရီအချိန်ခန့်က ၀င်
ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

Wednesday, October 24, 2018

ဥပဒေနှင့်မညီညွတ်သည့် ရွှေ့ပြောင်းအလုပ်သမားများကို ရှာဖွေဖမ်းဆီးလျက်ရှိ



၂၄.၁၀.၂၀၁၈၊လယောင်၊အလုပ်သမားဟစ်တိုင်

မြန်မာအလုပ်သမား (၁၃၉၇)ဦး ၀င်ရောက်အလုပ်လုပ်ကိုင်နေသည့်
ထိုင်းနိုင်ငံ ချွတ်ပူရီခရိုင် လယောင်မြိှု့ရှိ Bangkok Master Wood Co,LTDသို့ ယမန်နေ့(၂၃.၁၀.၂၀၁၈) ညနေ (၃)နာရီအချိန်ခန့်က ထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ထိုင်းလူဝင်မှုကြီးကြပ်ဌာန၊ထိုင်းရဲတပ်ဖွဲ့၊ထိုင်းစစ်တပ်၊မြို့နယ်မှူးအပါဝင်တာဝန်ရှိသူများ ၀င်ရောက်စစ်ဆေးခဲ့ကြကြောင်းsanookသတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

ထို့သို့ဝင်ရောက်စစ်ဆေးရာတွင် ၀ပ်ပါမစ်နှင့်အလုပ်နေရာကွဲလွဲသူ (၃၁)ဦး၊ဧည့်စာရင်းတိုင်ကြားမှုမရှိသူ(၉)ဦး၊ဗီဇာသက်တမ်းကုန်ဆုံးနေသူ (၁)ဦးနှင့်ဝပ်ပါမစ်မရှိသူ(၂၁)ဦးတို့ကိုဖမ်းဆီးရမိကြောင်း
သတင်းရရှိပါသည်။


Monday, October 22, 2018

ပြည်ပသွားရောက် အလုပ်လုပ်မည့်သူများအတွက် အထောက်အကူပေးမည့် လမ်းညွှန်သင်တန်းများ



ခင်ရတနာ

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြီးမှူး၍ ပြည်ပအလုပ် အကိုင် လမ်းညွှန်သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ် ပေးလျက်ရှိပြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်)နှင့် (မန္တလေး)တို့တွင် သင်တန်းကြေးအခမဲ့ဖြင့် လက်ခံသင်ကြားပေးလျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စိတ်ပါဝင်စားသူ များနှင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ အတွက် ရည်ရွယ်၍ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ကောင်းမွန်သင့်တော်သောအလုပ်အကိုင် များ ရရှိရန်၊ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာရေးဖြစ်ရန်၊ မှတ်ပုံတင်ထားသော အေဂျင်စီများဖြင့်သာ ချိတ်ဆက်သွား ရောက်နိုင်ရန်၊ တရားမဝင်ပွဲစားများ ပပျောက်ရန်၊ အလုပ်သမား များအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။


Sunday, October 21, 2018

ဒိုလီနာနတ်သီးစက်ရုံမှ အလုပ်ဖြုတ်ခံရသော အလုပ်သမားများအား လျော်ကြေးငွေ ဘတ်၃သန်းနီးပါး ပေးအပ်ရန် အလုပ်ရှင်အား ဆဝါတီကန်မှ အမိန့်ချမှတ်



၂၁.၁၀.၂၀၁၈ ဘန်ကောက်

ထိုင်းနိုင်ငံ ပကျွတ်ခရိုင် ဟွေ့ခွမ်မြို့နယ် ဒိုလီနာနတ်သီးစက်ရုံမှ အလုပ်သမားများအလုပ်ဖြုတ်ခံရမှုအတွက် မြန်မာသံရုံး၊အလုပ်သမားသံအရာရှိ၏ဦးဆောင်မှု MOEAF ၏ အားထုတ်ဆောင်ရွက်မှုတို့ကြောင့် အလုပ်သမား ၇၉ဦးတို့မှ အမှုဖွင့်တိုင်ကြားခဲ့သည့် အမှုကို ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာန(ဆဝါတီကန်)မှ ၁၉.၁၀.၂၀၁၈ရက်နေ့ နေ့စွဲဖြင့် အမိန့်ချမှတ်ခဲ့ပြီဖြစ်သည်။


ယင်းအမိန့်အရ မောင်ဝင်းသန်းပါ အလုပ်သမား ၇၉ဦးတို့အား အလုပ်ရှင်မှ လျော်ကြေးငွေအဖြစ်
ဘတ်ငွေ ၃သန်းနီးပါး ပေးအပ်ရမည်ဖြစ်ကြောင်းသိရသည်။


ယာဉ်မတော်တဆမှုကြောင့် ထိုင်းကားမောင်းသမားအပါဝင်မြန်မာအလုပ်သမား၁၁သေဆုံး


၂၁.၁၀.၂၀၁၈| ကန်ဖယ်ဖစ်|အလုပ်သမားဟစ်တိုင်

မြန်မာရွှေ့ပြောင်းလုပ်သားများ စီနင်းလာသည့် ခရီးသည်ယာဉ်တစ်စီးသည်ဘန်ကောက်- မဲဆောက်လမ်းတွင် အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၇ နာရီခန့်ကထိုင်းလူမျိုးကားမောင်းသမား(၁)ဦးအပါဝင် မြန်မာအလုပ်သမား(၁၅)ဦးတို့လိုက်လာသည့် 33/2779 အဖြူရောင်(လုတု) ခရီးသည်ပို့ဆောင်ရေးယာဉ်တစ်စီးသည်ကန်ဖယ်ဖစ်ခရိုင် ခေါင်းခူမြို့နယ် လုံစီခုံဒစ်(ခ်ျ)အနီး ကားလမ်းမိုင်တိုင် 421Km သို့အရောက်တွင် စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ၀င်တိုက်ကာ မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

Saturday, October 20, 2018

စမွတ်ပရာကန်၊စံမလွန်ဈေး သို့ဝင်ရောက်စစ်ဆေးခြင်း သတင်းတင်ဆက်မှု



၂၀.၁၀.၂၀၁၈ | စမွတ်ပရာကန်|အလုပ်သမားဟစ်တိုင်

ယနေ့(၂၀.၁၀.၂၀၁၈) နံနက် ၆နာရီအချိန်ခန့်က စမုပုရာကန်ခရိုင်၊ စံမလွန်ဈေးတွင်အလုပ်လုပ်ကိုင်နေသူ လာအို၊ကမ္ဗောဒီယား၊မြန်မာအပါဝင် ရာချီ၍ရှိနေသည့် အလုပ်သမားများထဲတွင် တရာမ၀င်နေထိုင်သူများ၊ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများ၊မူးယစ်ဆေးဝါးကိစ္စရပ်များပက်သက်မှုရှိမရှိနှင့်ဥပဒေအရတားမြစ်ထားသည့် အလုပ်များလုပ်ကိုင်သူများရှိမရှိတို့ထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ထိုင်းရဲတပ်ဖွဲ့၊ထိုင်းလ၀ကများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။


ယနေ့(၂၀.၁၀.၂၀၁၈)နေ့ နယ်မြေသုံးနေရာသို့ဝင်ရောက်စစ်ဆေးခြင်းသတင်းတင်ဆက်မှု



၂၀.၁၀.၂၀၁၈ | စမွတ်ဆာခွန်|အလုပ်သမားဟစ်တိုင်

Crackdown on “Illegal” Foreigners အမည်ဖြစ် ထိုင်းနိုင်ငံသို့ဝင်ရောက်လာကြသည့် နိုင်ငံခြားသားများနှင့် ပတ်သက်သောမှုခင်းများ၊ တရားမ၀င် ၀င်ရောက်လာသည့် နိုင်ငံခြားသားများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ကြောင့်၊ နိုင်ငံ၏လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် ခရီးသွားများလုံခြုံရေး အတွက် ကြိုးပမ်းအားထုတ်မှု ဆက်လက်မြှင့်တင်ရန် နှင့် ထိုင်းနိုင်ငံသို့ ခရီးသွားသူများအနေဖြင့် ၀င်ရောက်လာသူများ၏နိုင်ငံဖြတ်ကျော် ပြစ်မှုများကို ထိရောက်စွာနှိမ်နှင်း ရန်တို့အတွက် 

Saturday, October 13, 2018







Friday, October 12, 2018

အလုပ်သမားသံအရာရှိရုံး မှ အလုပ်သမားရေးရာကိစ္စနှင့်ပတ်သက်၍ အသိပေး ခြင်း



၁။ ထိုင်းနိုင်ငံ၊ စမုစာခွန်ခရိုင် ၊ မဟာချိုင် ရှိ AAC ဂေဟာအား ထိုင်းအာဏာ ပိုင်ရဲတပ်ဖွဲ့မှ ၁၀-၁၀-၂၀၁၈ ရက်နေ့တွင် ၀င်ရောက်စစ်ဆေး ရှာဖွေခဲ့ကြောင်း online သတင်းများအရ သိရှိခဲ့ရပါသည်။

၂။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အလုပ်သမားသံအရာရှိရုံးမှ စမုစခွန်ရဲစခန်းသို့ ၀င်ရောက်စစ်ဆေးရသည့် အကြောင်းအရင်းနှင့် အရေးယူဆောင်ရွက်မည့် အခြေအနေအား ပြန်ကြားပေးပါရန် မေးမြန်းခဲ့ရာတွင် စခန်းတာဝန်ရှိသူမှ ၄င်းတို့စခန်းမှ တာဝန်ယူဆောင်ရွက်ရသည့် Case မဟုတ်ပါကြောင်း၊ နယ်မြေရဲစခန်းအား လုံခြုံရေး ဆောင်ရွက်ပေးရန်သာ ညွှန်ကြားထားပါကြောင်း ယင်း ကိစ္စနှင့်ပတ်သက်၍ နယ်မြေရဲစခန်းအနေဖြင့် Case အားသိရှိရပါက ပြန်ကြားပေး မည်ဖြစ်ပါကြောင်း၊ပြန်လည်ဖြေကြားခဲ့ပြီး၊အလုပ်သမားသံအရာရှိရုံးအနေဖြင့် ၄င်း အဆောက်အဦး တွင် မြန်မာ အလုပ်သမားများ ရှိနေကြောင်းသိရှိရပါ၍ နယ်မြေခံရဲတပ်ဖွဲ့အနေဖြင့် လိုအပ်သည်များ ကူညီစောင့် ရှောက်ပေး နိုင်ပါရန်နှင့် အလုပ်သမားများနှင့် ပတ်သက်၍ အကြောင်း အရာတစ်စုံတစ်ခုရှိခဲ့ပါကလည်း အလုပ်သမားသံအရာရှိရုံးသို့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်ပေး နိုင်ပါရန် ညှိနှိုင်းခဲ့ပါသည်။


Monday, October 08, 2018

ထိုင်းနိုင်ငံတောင်ပိုင်း၊ပကျွတ်ခရိုင် ရှိ Dole Thailand စက်ရုံ အလုပ်သမားရေးရာကိစ္စ



၁။ ထိုင်းနိုင်ငံတောင်ပိုင်း ၊ ပကျွတ်ခရိုင်၊ DOLE Thailand အလုပ်ရုံမှ အလုပ်သမားများသည် ၂၈-၉-၂၀၁၈ ရက်နေ့တွင် အလုပ်သမားသံအရာရှိဖုန်း (၀၉-၄၈၈၄၅၄၈၄) သို့ ဆက်သွယ်လာခဲ့ပြီး၊ ၎င်းတို့စက်ရုံမှ မြန်မာအလုပ်သမား ၁၀၀ ကျော်အား၊ စက်ရုံမှ အလုပ်ထုတ်ပစ်ခဲ့ကြောင်း ၊ အလုပ်ပြန် ဝင်ရောက်ရန်အတွက် စမတ် ကြေး ၃၅၀၀ ဘတ်ပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ စက်ရုံတွင် အလုပ်လုပ်ခဲ့သည် မှာနှစ်အတော် များများ ကြာပြီဖြစ်ကြောင်း အကြောင်းကြားလာခဲ့ပါသည်။



မြန်မာလုပ်သားတစ်ရာကျော်အား အလုပ်ထုတ်ခဲ့သော ထိုင်းသစ်သီးစက်ရုံကို သံရုံးက အမည်ပျက်စာရင်းသွင်း၍ အမှုဖွင့်

 ထိုင်းနိုင်ငံ ဟွေ့ဟင်မြို့ တွင် မြန်မာလုပ်သားတစ်ရာ ကျော်အား အလုပ်ထုတ်ပယ်သော ဒိုလီထိုင်းသစ်သီးစက်ရုံကို အမည်ပျက်စာရင်း သတ်မှတ်ပြီး အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာန (ဆဝါဒီကန်)၌ အမှုဖွင့်တိုင်ကြားထား ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးဆန်းမောင်ဦးက ပြောကြား သည်။

 ထိုင်းသစ်သီးစက်ရုံသည် မြန်မာလုပ်သား ၁၂၂ ဦးကို အ လုပ်ထုတ်ပယ်မှုနှင့် အလုပ်သ များ အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေကြောင်း တိုင်ကြားမှုကြောင့် မြန်မာသံရုံးနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန (ဆဝါဒီ ကန်)တို့ သွားရောက်စစ်ဆေးဖြေရှင်းရာ နှစ်ဖက်သဘောတူညီမှု မရ၍ ဒိုလီသစ်သီးစက်ရုံသို့ မြန်မာလုပ်သားများ စေလွှတ်ခြင်းမပြု ရန် မြန်မာသံရုံးက အမည်ပျက်စာရင်း သတ်မှတ်ခဲ့ကြောင်း ၎င်း ကပြောသည်။

Thursday, October 04, 2018

ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာနိုင်ငံသားများကိစ္စ



၁။ ထိုင်းနိုင်ငံတွင်ရောက်ရှိလျက်ရှိသော မြန်မာနိုင်ငံသားများအား မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရများ ညှိနှိုင်း၍ အထောက်အထားများထုတ်ပေးခြင်း လုပ်ငန်းကို ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့မှ ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ CI စာအုပ်များကို ထုတ်ပေးဆောင်ရွက်ပေးခဲ့ပါသည်။

၂။ ထိုင်းနိုင်ငံအစိုးရအနေဖြင့် ၄င်းတို့နိုင်ငံအတွင်း တရားမ၀င်အလုပ်သမားစေခိုင်းမှုမရှိစေရေး၊ လူကုန်ကူမှု တားစီးကာကွယ်ရေးနှင့် နိုင်ငံ၏လုံခြုံရေးတို့အတွက် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေထိုင်လျက် ရှိ ကြသော နိုင်ငံခြားသားများအားလုံးကို သက်ဆိုင်ရာနိုင်ငံ၏ ထုတ်ပေးထားသော အထောက်အထားများ မှန်၊မမှန် စစ်ဆေးခြင်း၊ ထိုင်းနိုင်ငံမှထုတ်ပေးထားသောနေထိုင်ခွင့် VISA ရှိမရှိ၊ အလုပ်သမားဖြစ်လျင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရှိ ၊မရှိ တို့ကို ထိုင်းနိုင်ငံတစ်ခုလုံးတွင် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။