Sunday, October 21, 2018

ယာဉ်မတော်တဆမှုကြောင့် ထိုင်းကားမောင်းသမားအပါဝင်မြန်မာအလုပ်သမား၁၁သေဆုံး


၂၁.၁၀.၂၀၁၈| ကန်ဖယ်ဖစ်|အလုပ်သမားဟစ်တိုင်

မြန်မာရွှေ့ပြောင်းလုပ်သားများ စီနင်းလာသည့် ခရီးသည်ယာဉ်တစ်စီးသည်ဘန်ကောက်- မဲဆောက်လမ်းတွင် အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၇ နာရီခန့်ကထိုင်းလူမျိုးကားမောင်းသမား(၁)ဦးအပါဝင် မြန်မာအလုပ်သမား(၁၅)ဦးတို့လိုက်လာသည့် 33/2779 အဖြူရောင်(လုတု) ခရီးသည်ပို့ဆောင်ရေးယာဉ်တစ်စီးသည်ကန်ဖယ်ဖစ်ခရိုင် ခေါင်းခူမြို့နယ် လုံစီခုံဒစ်(ခ်ျ)အနီး ကားလမ်းမိုင်တိုင် 421Km သို့အရောက်တွင် စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ၀င်တိုက်ကာ မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။



လမ်းဘေးသစ်ပင်အား ၀င်တိုက်ပြီး မီးလောင်ကျွမ်းခဲ့ခြင်းကြောင့်၊ ကားမောင်းသူအပါဝင် မြန်မာလုပ်သား(၉) ဦးတို့သည် အခင်းဖြစ်ပွားရာတွင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၇)ဦးတို့ကို ဆေးရုံသို့
ပို့ဆောင်စဉ် မြန်မာအလုပ်သမား(၂)ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ(၁၁)ဦးထိရှိလာကြောင်းအလုပ်သမားသံအရာရှိရုံးမှသိရသည်။

လက်တလောရရှိသည့် သတင်းများအရ ထိခိုက်ဒဏ်ရာရရှိ (၅)ဦးတို့ကို ကန်ဖယ်ဖစ်ဆေးရုံနှင့် Klong Kronk ဆေးရုံများသို့ ပို့ဆောင် ဆေးကုသမှုပေးနေကြောင်း အလုပ်သမားသံအရာရှိဦးစန်းမောင်ဦး
ကပြောသည်။

အဆိုပါ  33/2779 အဖြူရောင်(လုတု) ခရီးသည်ပို့ဆောင်ရေးယာဉ်သည် ဘန်ကောက်မြို့ တော်အနီးရှိ
ဆမွတ်ဆခွန်ခရိုင်၊ မဟာချိုင်မြို့ မှ မဲဆောက်မြို့သို့ ထွက်ခွာလာစဉ် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်း
ရဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင် မယ်ဆောက်-ဘန်ကောက်အဝေးပြေးကားလမ်းပေါ်တွင် လုတုကားမတော်တဆမှုဖြစ်ပွားခြင်းကြောင့် မြန်မာအလုပ်သမားများသေဆုံးမှုသည့် ယခုအကြိမ်အပါဝင် သုံးကြိမ်မြောက်ရှိပြီးဖြစ်ကြောင်သိရသည်။

Subscribe Us