Sunday, October 21, 2018

ဒိုလီနာနတ်သီးစက်ရုံမှ အလုပ်ဖြုတ်ခံရသော အလုပ်သမားများအား လျော်ကြေးငွေ ဘတ်၃သန်းနီးပါး ပေးအပ်ရန် အလုပ်ရှင်အား ဆဝါတီကန်မှ အမိန့်ချမှတ်



၂၁.၁၀.၂၀၁၈ ဘန်ကောက်

ထိုင်းနိုင်ငံ ပကျွတ်ခရိုင် ဟွေ့ခွမ်မြို့နယ် ဒိုလီနာနတ်သီးစက်ရုံမှ အလုပ်သမားများအလုပ်ဖြုတ်ခံရမှုအတွက် မြန်မာသံရုံး၊အလုပ်သမားသံအရာရှိ၏ဦးဆောင်မှု MOEAF ၏ အားထုတ်ဆောင်ရွက်မှုတို့ကြောင့် အလုပ်သမား ၇၉ဦးတို့မှ အမှုဖွင့်တိုင်ကြားခဲ့သည့် အမှုကို ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာန(ဆဝါတီကန်)မှ ၁၉.၁၀.၂၀၁၈ရက်နေ့ နေ့စွဲဖြင့် အမိန့်ချမှတ်ခဲ့ပြီဖြစ်သည်။


ယင်းအမိန့်အရ မောင်ဝင်းသန်းပါ အလုပ်သမား ၇၉ဦးတို့အား အလုပ်ရှင်မှ လျော်ကြေးငွေအဖြစ်
ဘတ်ငွေ ၃သန်းနီးပါး ပေးအပ်ရမည်ဖြစ်ကြောင်းသိရသည်။






ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန ပကြွက်ခရိုင်
(ဆဝါတီကန်)သည် ထိုင်း Labour Protection Act, BE 2541မှပြဌာန်းထားသည့် ဥပဒေ ၁၂၄၏လုပ်ပိုင်
ခွင့်အာဏာကိုအသုံးပြု၍ (အလုပ်ရှင်မှ ကြိုတင်အသိပေးခြင်းမရှိပဲ အလုပ်ထုတ်ပစ်ခြင်း)ပုဒ်မ ၁၁၈ အရ
 အလုပ်ရှင်မှ အလုပ်သမားများအားအောက်ပါအတိုင် လျော်ကြေးပေးအပ်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၁။ ၄လမှ ၁နှစ်အတွင်း လုပ်သက် ရှိသူများအတွက် ပုံမှန်လစာ၏ ရက်၃၀ထက်မနဲသော လျော်ကြေးငွေ
 ပေးအပ်ရန်။

၂။၁နှစ်မှ၃နှစ် အတွင်း လုပ်သက်ရှိသူများအတွက် ပုံမှန်လစာ၏ ရက် ၆၀ထက်မနဲသော လျော်ကြေးငွေ ပေးအပ်ရန်။

၃။၃နှစ်မှ၆နှစ်အတွင်း လုပ်သက်ရှိသူများအတွက် ပုံမှန်လစာ၏ ရက်၆၀ထက် မနဲသော လျော်ကြေးငွေပေးအပ်ရန်။

၎။ ၆နှစ်မှ၁၀နှစ်အတွင်း လုပ်သက်ရှိသူများအတွက် ပုံမှန်လစာ၏ရက်၁၄၀ထက် မနဲသော လျော်ကြေးငွေပေးအပ်ရန်။

၅။၁၀နှစ်အထက် လုပ်သက်ရှိသူများအတွက် ပုံမှန်လစာ၏ ၃၀၀ထက် မနဲသော လျော်ကြေးငွေများပေးအပ်ရန် အမိန့်ချမှတ်ခဲ့ပါသည်။

ဤ အမိန့်အား ကျေနပ်ခြင်းမရှိပါက အလုပ်ရှင် ဖြစ်စေ၊ အလုပ်သမားဖြစ်စေ ပုဒ်မ၁၂၅ အရ ရက်၃၀အတွင်း တရားရုံးသို့ ဦးတိုက်လျှောက်ထားနိုင်သည်။ တရားရုံးသို့ မလျှောက်ထားပါက ရက်ပေါင်း၃၀အတွင်း အမိန့်အတိုင်းဆောင်ရွက်ရမည် ဖြစ်ကြောင်းသိရသည်။

"ကျွန်တော်တို့က ဒီစက်ရုံမှာလုပ်တာ ၁၀နှစ်ရှိပါပြီ။ မနှစ်ကမှ MoUလူဟောင်း အနေနဲ့ ပြန်ဝင်လုပ်တာပါ။ နှစ်တိုင်း ဒီအချိန်ဆို ရက်၄၀နားရတဲ့အခါ အိမ်ပြန်နေကြပါ။ပြသနာမရှိပါဘူး။ ဒီနှစ်တော့ ရက်၄၀နားရတာကို အလုပ်ထုတ်ပြီးပြန်ခိုင်းလို့ ပြသနာစဖြစ်တာပါ။အခုလို MoUဖြစ်ကုန်တော့ အေဂျင်စီတွေရော၊သံရုံးကပါဝင်ကူညီကြတာတော့ ပိုအားရှိတာပေါ့။''

"ပြသနာစဖြစ်တော့ အလုပ်သမားတချို့က အဖွဲ့အစည်းတခုကို အကူအညီတောင်းတယ်။ အဲဒီအဖွဲ့အစည်းကို ရှေ့နေဌားဘို့ ဘတ်၁၅၀၀စီနဲ့ အလုပ်သမား ၇၄ယောက်ဆီက ဘတ် ၁သိန်းကျော်ပေးအပ်ခဲ့ရပါတယ်။ ကျွန်တော်တော့ မပါပါဘူး။ အခု အလုပ်သမားသံအရာရှိကြီး ဦးစန်းမောင်ဦးနဲ့ MOEAF က ကျွန်တော်တို့ဆီက တပြားမှ မယူပဲကူညီတဲ့အပြင် အခုလို လျော်ကြေးငွေတွေရရှိမယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်''ဟု လုပ်သက် ၁၀နှစ်ကျော်ကြာလုပ်ဆောင်ခဲ့သည့် ပရဟိတခေါင်းဆောင် ကိုနိုင်နိုင်ထိုက်က ပြောကြားခဲ့သည်။

ယင်းပြသနာကို အလုပ်သမားများမှ အလုပ်သမားသံအရာရှိနှင့် MOEAF(ဘန်ကောက်)Call Centreကိုတိုင်
ကြားခဲ့ခြင်းဖြစ်ပြီး အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးမှထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေး ရုံးမှအရာရှိများနှင့်အကြိမ်ကြိမ်အစည်းအဝေးများတွင်တိုက်ရိုက် အရေးဆိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


ယင်းစက်ရုံတွင် အလုပ်သမား ၄၅၈၅ဦးအလုပ်လုပ်ကိုင်လျက် ရှိပြီး၊ ထိုင်း၃၁၆၅ဦး၊ မြန်မာ CIအလုပ်သမားအများစု နှင့် MoU လုပ်သားလုပ်သာ၁၄၁၄ဦးနှင့် ကမ္ဘောဒီးယား ၅ဦး အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ယင်းဒိုလီထိုင်းလန်းစက်ရုံသို့ မြန်မာလုပ်သားခေါ်ယူခွင့် ကို အလုပ်သမားသံအရာရှိက ယခင်အပတ်က ရပ်စဲခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ ။

MOEAF ပြန်ကြားရေးကော်မတီ

Subscribe Us