Thursday, July 09, 2020

တရားမဝင်နည်းဖြင့်ဝင်ရောက်သည့် မြန်မာအလုပ်သမားများဖမ်းဆီးခံရ


ယနေ့ (၉.၇.၂၀၂၀) မနက်တွင် မယ်ဆောက်မြို့ ဖုတ်ပရာ့နယ်မြေ၊ဝါလိမ်ရပ်ကွက် အုပ်စု (၁)၌ မြန်မာ နိုင်ငံဘက်ခြမ်းမှ တရားမဝင်နည်းဖြင့်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား အသက်(၁၈နှစ်မှ ၃၅နှစ်)အရွယ်ရှိ အမျိုးသား ၇ဦး၊ အမျိုးသမီး ၅ဦးတို့ကို နယ်မြေခံတာဝန်ရှိသူများကဖမ်းဆီးရမိကြောင်း 
သိရသည်။


ဖမ်းဆီးရမိသူများကို တရားဥပဒေအတိုင်ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ဖုတ်ပရာ့ရဲစခန်းသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

စောမောင်(အလုပ်သမားဟစ်တိုင်)

Subscribe Us