Thursday, July 09, 2020

တရားမဝင်နည်းလမ်းဖြင့်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၆ဦး မယ်ဆိုင်မြို့နယ်ဖမ်းဆီးရမိ



မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်စတင်တွေ့ရှိသည့်အချိန်မှစ၍ နှစ်နိုင်ငံနယ်စပ်ဂိတ်များပိတ်ထားသည်မှာ( ၄)လကျော်ခန့်ရှိလာခဲ့သော်လည်းယနေ့ထိ ထိုင်းနိုင်ငံသို့ပြန်လည်းဝင်ရောက်လိုသည့် အလုပ်သမားများကို နှစ်နိုင်ငံတာဝန်ရှိသူများက ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် မြန်မာအလုပ်သမားများ
အနေဖြင့် ရရာနည်းလမ်းများဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်ခဲ့ရာ ယနေ့ညနေပိုင်းအချိန်၌ မြန်မာနိုင်ငံသားအလုပ်သမား ၆ဦးသည်ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်၊ ဘန်ချန်ဆောင်ရပ်ကွက်၌ ဖမ်းဆီးခြင်းခံရကြောင်းသိရသည်။

ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ ယနေ့ နံနက်ပိုင်းတွင် မယ်ဆောက်မြို့နယ်၌ မြန်မာနိုင်ငံသားအလုပ်သမား ၁၂ဦးနှင့် မယ်ဆိုင်မြို့နယ်တွင်ယနေ့ညနေပိုင်း၌ ၆ဦး စုစုပေါင်း ၁၈ဦးတို့သည် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့်ဖမ်းဆီးခံရကြောင်းသိရသည်။

စောမောင်( အလုပ်သမားဟစ်တိုင်)



Subscribe Us