Thursday, September 25, 2014

ကျမ်းသစ္စာကျိန်ဆိုမြဲ ကျမ်းစာ

ဆရာ ကျော်မျိုးသူ၏တောင်းဆိုချက်အရ မူရင်းအတိုင်း လေ့လာနိုင်စေရန်ပါ။
 

နမောတသ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
စိႏၱိတံ သတၱသေခၤ်ယ် ၊ န၀သေခၤ်ယ် ၀ါစကံ ၊ ကာယ၀ါစာ စတုခ်ာတံ ။


ဗုဒ္ဓတ္တံ သမုပါဂမိ၊ ဟူသော ပါဌ်ဂါထာနှင့်လျော်စွာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ခန္တီပါရမီ၊ ၀ီရိယပါရမီ၊ သစ္စာပါရမီ၊ အဓိဌာန်ပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီ၊ ပါရမီဆယ်ပါး ၊ အပြားသုံးဆယ် စွန့်ခြင်း ကြီးငါးပါး၊ စရိယသုံးပါးတရားတို့ကိုဖြည့်တော်မူ၍ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာတည်းဟူသော သစ္စာလေးပါးတရားတို့ကိုသိတော်မူ၍ ဂင်္ဂါ သဲလုံးနှင့်အမျှ ပွင့်တော်မူကုန်သော ပညာဓိကဘုရား၊ ၀ီရိယာဓိကဘုရား၊ သဒ္ဒါဓိကဘုရားအပေါင်း တို့ကို စောင့်ရှောက် ကုန်သော သမာဓိတိတည်သော စန္ဒီပါရမီသွာ၊ မဟာပိန္နဲ၊ ကုတဲ၊ ဂေါရမန္တနတ်ကြီး ၊ သာသနာတော် ကိုစောင့်သောနတ်ကြီး၊ ပဋိကတ်သုံးပုံ၊ ဗေဒင်လေးပုံကိုစောင့်သောနတ်ကြီး၊ စတုလောကပါလ နတ်ကြီး၊ မဟာမေဂလာနတ်ကြီး၊ ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုးနတ်ကြီး၊ ပြည်စောင့်နတ်၊ မြို့စောင့်နတ်၊ လေးမျက်နှာ ကိုစောင့်သောနတ်၊ ရှစ်မျက်နှာကိုစောင့်သောနတ်အပေါင်းတို့သည် အမြဲစောင့်ရှောက်တော်မူစေသတည်း။


ဟုတ်မှန်သည်ကိုသာဆိုပါမည်။ မဟုတ်မမှန်ဆိုပါချေလျှင်--------------

- လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတွက်ကိန်းပြည့်ထ ၊ လုံ့လသည်းစွာ၊ ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ခန္တီပါရမီ၊ ၀ီရိယပါရမီ၊ သစ္စာ ပါရမီ၊ အဓိဌာန်ပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီ၊ ပါရမီဆယ်ပါးအပြားသုံးဆယ်ကိုဖြည့်၍ ပြည့်ထကျင့်သော ဘုရားရှင်ကိုယ်တော်မြတ်ကို စောင့်သော နတ်လည်းသတ်၍မနေသေစေသော ၊ ဟူလေ။

သွားတော် လေးဆယ်၊ စွယ်တော် လေးချောင်း၊ ညှပ်ရိုးတော် နှစ်ချောင်း၊ ဓာတ်တော်ပေါင်း ရှစ်စရွတ်ကို စောင့်သောနတ်လည်း သတ်၍မနေသေစေသော၊ ဟူလေ။လက်ျာရံ ရှင်သာရိပုတ္တရာ၊ လက်ဝဲရံ ရှင်မောဂ္ဂလာန်စသော အသီတိ ရှစ်ကျိပ်သော ရဟန္တာမြတ်တို့၏ ဓာတ်တော်မွေတော် ကို စောင့် သောနတ်လည်း သတ်၍မနေသေစေသော၊ ဟူလေ။

ထိုမှတပါး ၊ ဘုရားသခင်ဟောတော်မူသော ၀ိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနှစ်ကျမ်း၊ ပဋိကတ် သုံးပုံဓမ္မခက္ခန္တာပေါင်း ရှစ်သောင်းလေးထောင် ။ ကျမ်းကုန်အောင်စောင့်သောနတ်လည်း သတ်၍မနေ

သေစေသော၊ ဟူလေ။

ထိုမှတပါး ၊ သာမဗေဒင်၊ ယဇုဗေဒင်၊ ဣသျှူဗေဒင်၊ အာတပ္ပနဗေဒင် လေးပုံကိုစောင့်သောနတ်လည်း သတ်၍မနေသေစေသော၊ ဟူလေ။

ထိုမှတပါး ၊ သာသနာတော် ငါးထောင်ကိုစောင့်သောနတ်လည်း သတ်၍မနေသေစေသော၊ ဟူလေ။

ထိုမှတပါး ၊ ဇမ္ဗူဒီပါ၊ အပရဂေါယာ၊ ဥတ္တရကုရု၊ ပြုဗ္ဗ၀ိဒေဟာ၊ ကျွန်းကြီးလေးကျွန်း၊ ကျွန်းငယ်နှစ်ထောင်၊ အရံဆောင်သောကျွန်အပေါင်းကိုစောင့်သော နတ်လည်း သတ်၍မနေသေစေသော၊ ဟူလေ။

ထိုမှတပါး ၊ မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ဂင်္ဂါယမုနာ၊ အစီရ၀တီမဟီ၊ အရဘူ ဟူသည်မကြွင်း၊ အိုင်အင်းချောင်းမြောင်း၊ အပေါင်းစောင့်မှတ်၊ ခပ်သိမ်းနတ်လည်း သတ်၍မနေသေစေသော၊ ဟူလေ။

ထိုမှတပါး ၊ ဟိမ၀န္တာတောသုံးတောင်ကိုကုန်အောင်စောင့်သော၊အာကာသစိုး၊ဗိဿနိုး မလွတ်ဘုတ်ပြိတ်နတ် လည်းသတ်၍မနေသေစေသော၊ဟူလေ။

ထိုမှတပါး ၊ အဿမုက္ခိ၊ စန္ဒီပါရမီသွာ၊မဟာဂီရိစသော အရှိန်ပြင်းထန်၊ ဝေသ၀န် နှင့် ကုမ္ဘာန်ယက္ခ၊ ဂန္ဓဗ္ဗက စသည်ဒေ၀ိန်၊ အသူရိန်အလား ကျော်ထင်ရှား သည့် ၊ နတ်အများလည်း သတ်၍မနေသေစေသော၊ ဟူလေ။

ထိုမှတပါး ၊ သွေးခဲသွေးနက်၊ ပွက်ပွက်ထွက်၍ ၊ ကိုယ်လက်ပြောင်းပြန်၊သွေးခဲအန်၍ သေစေသော ၊ ဟူလေ။

ထိုမှတပါး ၊ ဘေးရှစ်ပါး၊ ဒဏ်ဆယ်ပါးလည်း ထင်ရှားသတ်၍ လတ်လတ်ချက်ချင်းသေစေသော၊ ဟူလေ။

ထိုမှတပါး ၊ သားမြေးဥစ္စာ၊ မကြာပျက်စီး၊ ဆီမီးတန်ဆောင်၊ တုံးသောရောင်သို့၊ ကုန်အောင်မကြွင်း ပျက်စီးခြင်းသို့ ရောက်စေသော၊ ဟူလေ။

ထိုမှတပါး ၊ ရေ၀ယ်သွားလည်း၊ ရေသားများတွေ၊ ဆယ်ကုဋေတွင် ရေနေအပေါင်း၊ မိကျောင်းလပိုင်၊ ညွံထိကိုင်၍ မကာန်းလိပ်ငါး၊ စား၍မနေသေစေသော၊ ဟူလေ။

ထိုမှတပါး ၊ ကြည်းဝယ်သွားလည်း၊ ကြည်းသားအပြား၊ များသည်အနေ၊ ကိုးကုဋေတွင် သစ်ကျားဆင်ရဲ၊ စိုင်းထီးငမွဲ ၊ ၀က်ရဲစား၍၊ ထွားထွား ညက်ညက် ကိုယ်လုံးပျက်၍၊ သေစေသော၊ ဟူလေ။

ထိုမှတပါး ၊ မြွေပွေးမြွေဟောက်၊ ငန်းပြောက်ငန်းကျား၊ ငန်းငါးပါးလည်း ပေါက်ထမနေသေစေသော၊ ဟူလေ။

ထိုမှတပါး ၊ သေတုံငြားလည်း၊ ငရဲကြီးရှစ်ထပ်၊ ငရဲငယ်တစ်ရာ့နှစ်ဆယ့်ရှစ်ထပ်၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ အပါယ် လေးပါးလားစေသောဟူလေ။

ထိုမှတပါး ၊ လူဖြစ်ငြားလည်း၊ လူချင်းမတူ၊ နူဖြူနူဆွတ်၊ မုံညင်းပွတ်အဆင်း ခရုသင်းမလွတ်၊ ဘက်သက ဘက်သချာ၊ ထိုအနာလည်းစွဲစေ သောဟူလေ။

ထိုမှတပါး ၊ မိခင်ဖခင်၊ ခေါ်ငင်ပြင်းထန်၊ ဆန့်တုံခြေလက်၊ မကွေးမိခင်သေစေသောဟူလေ။
ထိုမှတပါး ၊ မင်းကမလွတ်၊ အမတ်ဗိုလ်ပါ၊ စွဲစရာသား၊ အိမ်ထားလက်နက်၊ သုံးမည်စက်နှင့်ခြေလက်

တောင်းလောင်း၊လက်ဦးခေါင်းလည်း၊ ထောင်းထောင်းပြတ်၍သေစေသောဟူလေ။

ထိုမှတပါး ၊ မဟာသမုဒ္ဒရာပင်လယ်ကြောဝယ်၊ သဘောင်္လှေကြီး၊ ပျက်စီးမျောပါ၊ တွဲသောလားသို့၊ ထွားထွား ညက်ညက်ပျက်စေသော၊ ဟူလေ။

ထိုမှတပါး ၊ ဂွမ်းတလှည်းကို အကျွမ်းဘုတ်သော်၊ တဆုပ်လောက်မျှ၊ စမ်းမရသို့ဖြစ်သောဟူလေ။
ထိုမှတပါး ၊ သားမြေးကျေးကျွန်၊ ထွန်သည့်ကျွဲနွား၊ ခမ်းနားမကြွင်း၊ ပြုန်းတီးခြင်းနှင့် ဆင်းရဲကြီး သည်၊ မြေကြီးဝက်ခွဲ၊ ခွက်လက်စွဲ၍၊ ငရဲအရှင်၊ စားကျင်လှည့်ကာ၊ ဘုန်းစားရာဘ၀၊ တွင်းဆုံးကျ၍၊ အလှမဲ့ပါ၊ လူပြိတ္တာလည်း ဖြစ်စေသောဟူလေ။

ထိုမှတပါး ၊ မင်းနန်းသူကျိန်ခြင်း၊ ထုံနှယ်ဆင်းသည်၊ ထင်းမီးစကဲ့သို့ တစတစတိုစေသောဟူလေ။



ဟုတ်မှန်သည့်အတိုင်းဆိုချေလျှင် ၊------------

မှန်သောသစ္စာအာနုဘော်အကျိုးဆက်ကြောင့်၊ ယခင်ရေရွတ်ဆိုခဲ့ပြီးသော၊ နတ်ကောင်းနတ်မြတ် အပေါင်းတို့ သည်၊ ကောင်းသောကြည့်ခြင်းဖြင့်ကြည့်မြင်ကြလျက်၊ စောင့်ရှောက်တော်မူကြ သည်ဖြစ်၍ ၊ ကာယသုခ၊ စိတ္တသုခ၊ ချမ်းသာခြင်းဖြစ်စေသတည်း။

ထိုမှတပါး မှန်သောသစ္စာအာနုဘော်အကျိုးစက်ကြောင့် ၊အရှင်မင်းစသော မြို့ကွပ်ပြည်စိုး၊ အမှူးအမတ်၊ သူရဲသူခက်အပေါင်းတို့နှင့် ဆိုခဲ့သမျှ ကြည်းနေ၊ ရေနေ သတ္တ၀ါအပေါင်းတို့သည်၊ ရင်ဝယ်ဖြစ်သော သား ကဲ့သို့၊ သနားချစ်ခင်ခြင်းရှိကြကုန်လျက် ကိုယ်မှစ၍ သားမြေးမြစ်အဆွေခုနှစ်ဆက် တို့သည်၊ ဒါတ်လေးပါး တို့ ကောင်းသောတည်ကြည်ခြင်းဖြင့် တည်ကြည်ညီညွတ်၍ ၊ ကြမ္မာအပေါင်း၊ ဘေးဥပဒ် အပေါင်း၊ အပြစ် ဒဏ်ဟူသမျှ ရောဂါအနာမျိုး ကိုးဆယ့်ခြောက်ပါးတို့သည် မိထိမရောက်မကပ်မစွန်းမငြိ၊ ချမ်းသာ အတိပြည့်စုံ ကုံလုံကြွယ်ဝလျက် အသဒိသသဖွယ်ဖြစ်သော အလှူကြီးကို၊ ကြိမ်ဖန်များစွာ ၊ ဒါနသီလတို့ကို မပြတ်ဖြည့် စွမ်းနိုင်၍ ၊ သာသနာတော်မြတ်ကို ချီးပင့်နိုင်သူ ဖြစ်စေသတည်း။

သေတုံသော်လည်း ၊ အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ အရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါးသို့မလားမကပ်၊ မရောက် သည်ဖြစ်၍ ၊ လူ့ပြည်နတ်ရွာ၊ နိဗ္ဗာန် ချမ်းသာကြီး သုံးပါးကိုရသည်ဖြစ်စေသတည်း၊ ကိုယ်မှစ၍ ၊ သားမြေး ဥစ္စာ၊ ရတနာမျိုး ၊ တက်တိုးချမ်းသာ၊ မင်္ဂလာအပေါင်း၊ ကောင်းမြတ်သော ဂုဏ်ကျက်သရေ၊ တစ်နေ့တစ်ဆင့် ၊ ဆန်းလမြင့်သို့ ဖြစ်စေသောဝ် ။

မူရင်း

Subscribe Us