Thursday, February 18, 2016

အလုပ်သမားများ သိမှတ်ထားသင့်သော ပကန်ဆာခွန် (လူမှုဖူလုံရေး)အကြောင်း




ပကန်ဆာခွန် (လူမှုဖူလုံရေး) ประกันสังคม 
  
လုပ်ငန်းခွင်ပြင်ပတွင်အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဒုက္ခိ တဖြစ်ခြင်း၊ သေဆုံးခြင်း၊ ကလေးမွေးဖွားခြင်း၊ ကလေးစာရိတ်ရရှိခြင်း၊ (ပင်စင်စားစာရိတ်ရရှိခြင်း၊ အလုပ် လက်မဲ့ဖြစ်ခြင်း ရွှေ့ပြောင်းအလုပ်သမားများမရနိုင်သေး) တို့တွင်ခံစားခွင့်များရရှိစေရန် စီစဉ်ဆောင် ရွက်ပေးသည့်အာမခံရန်ပုံငွေတစ်ခုဖြစ်သည်။
  
လူမှုဖူလုံရေးရန်ပုံငွေ(ပကန်ဆာခုမ်အားဥပဒေတစ်ရပ်အဖြစ်ပြဌာန်းထားပြီး အလုပ်ရှင်နှင့်တကွထိုင်းနိုင်ငံ အတွင်းအလုပ်လုပ်ကြသောမည်သည့်အလုပ်သမားများအားလုံးအတွက်လူမျိုး ဘာသာမခွဲခြားပဲလိုက်နာ လုပ်ဆောင် ရန်ရှိသည်။လိုက်နာဆောင်ရွက်ခြင်းမရှိသောအလုပ်ရှင်များအား ငွေဒဏ် ထောင်ဒဏ် အထိ အပြစ်ပေးနိုင်သည်။


  
အာမခံရန်ပုံငွေစုဆောင်းရမည့်စည်းကမ်း
အာမခံရန်ပုံငွေအလုပ်ရှင်နှင့် အလုပ်သမားတို့က လစဉ်ဝင်ငွေကိုတွက်ချက်ပြီးလစဉ်တိုင်းပေးသွင်းရမည်။ ထိုသို့တွက်ချက်ရာတွင် အနိမ့်ဆုံးဝင်ငွေ ၁၆၅၀ ဘတ်မှ အမြင့်ဆုံး ၁၅၀၀၀ ဘတ်ကို မူတည်၍ တွက်ချက် မည်ဖြစ်ပြီး အစိုးရကလည်း တစ်စိတ်တစ်ပိုင်းထည့်ဝင်ရမည်ဖြစ်သည်။
  
ထိုရန်ပုံငွေကိုထိုင်းအလုပ်သမားနှင့် ပတ်စ်ပို့်ရှိသော ရွှေ့ပြောင်းအလုပ်သမားတိုင်း မဖြစ်မနေထည့်ဝင် ရမည်ဟု အလုပ်သမားဥပဒေကပြဌာန်းထားရှိရမည်။



ဘယ်သူတွေက ဘယ်လို ဘယ်လောက်ထည့်ဝင်ရမလဲ….?
အလုပ်ရှင်အလုပ်သမားအစိုးရတို့က သုံးပွင့်ဆိုင်ထည့်ဝင်ရမည်ဖြစ်ပြီး အလုပ်သမားရရှိသော ဝင်ငွေ၏ ၅%ကိုအလုပ်ရှင်နှင့်အလုပ်သမားတို့က ညီတူညီမျှထည့်ဝင်ရမည်ဖြစ်ပြီး အစိုးရက ၂.၇၅%ကိုထည့်ဝင်ရ မည်ဖြစ် သည်။
  
လူမှုဖူလုံရေး အာမခံရံပုံငွေ( ပကန်ဆာခုမ်) ကိုဘယ်လိုထည့်သွင်းရမလဲ…?
အလုပ်ရှင် အလုပ်သမား လုပ်အားခရှင်းပေးသည့်အခါ သတ်မှတ်ထားသောရာခိုင်နှုံးအတိုင်း လုပ်အားခထဲမှဖြတ်တောက်ပြီး အလုပ်ရှင်သည်လည်း အလုပ်သမားထည့်ဝင်သည့် ငွေပမာဏအတိုင်း ထပ်မံပေါင်းထည့်ကာ နယ်မြေ ခရိုင် ဌာနခွဲများသို့ လစဉ်(၁၅)ရက်နေ့နောက်ဆုံးထားပြီး ကိုယ်တိုင်ဖြစ်စေ စာတိုက်မှဖြစ်စေ ပို့ဆောင်ပေးသွင်းရမှာဖြစ်သည်။


အကယ်၍များသတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမပြုဘဲပျက်ကွက်ပါက ပျက်ကွက်သည့်ငွေပမာဏအား တစ်လလျှင်၂ % အတိုးပေါင်းကာ သက်ဆိုင်ရာ ပကန်ဆာခုမ်ရုံးတွင်သွားရောက်ပေးသွင်းရမည်။ အကယ်၍များ  လူမှုဖူလုံရေးအာမခံရန်ပုံငွေ(ပကန်ဆာခုမ်)အား(၆)လအထိဆက်တိုက်မသွင်းပါက လူမှုဖူ လုံရေး အာမခံရန်ပုံငွေ မှ အကျိုးခံစားခွင့်ရရှိတော့မှာမဟုတ်ပါ။

မှတ်ချက်// // အလုပ်ရှင်များက သူ့တို့အတွက်ပေးသွင်းထားသော်လည်း အလုပ်သမားများအတွက်မပေး သွင်းလိုသဖြင့် ပကန်ဆာခုမ်ပြုပေးခြင်းမရှိသလို အလုပ်သမားများကလည်း ငါနေကောင်းနေတာပဲ ဘာမှ မဖြစ်ဘူး ပကန်ဆာခုမ်သွင်းတာ ငွေသတ်သတ်ကုန်တာပဲဆိုပြီး မသွင်းခြင်ကြခြင်းကြောင့် အမှန်တကယ် တစ်စုံတစ်ခုဖြစ်ပွားလာပါက အလုပ်ရှင်ကလည်းတာဝန်မယူ ပကန်ဆာခုမ်လည်းမရှိ အတိဒုက္ခရောက်ရ သူမှာ အလုပ်သမားသာဖြစ်ခြင်းကြောင့် လူမှုဖူလုံရေး(ပကန်ဆာခုမ်)ကို မဖြစ်မနေလုပ်ထားသင့်သည်။



လူမှုဖူလုံရေး (ပကန်ဆာခုမ်)မှရရှိသောခံစားခွင့်များ
(၁)လုပ်ငန်းခွင်အတွင်းမဟုတ်သောထိခိုက်ဒဏ်ရာရရှိခြင်း ရောဂါဖြစ်ခြင်းများအတွက် ဆေးကုမှု လုပ်အားခခံစားခွင့် ဖျားနာ သွားနှုတ် သွားဖာ သွားချေးချွတ် သွားတုတပ် ခန္ဒာကိုယ်အစိတ် အပိုင်းအစားထိုး ခြင်းနှင့်ကုသခြင်း ကျောက်ကပ်တုဖြင့် ကျောက်ကပ်ဆေးခြင်း အူလမ်းကြောင်းဆေးခြင်း နှင့် ကျေ်ာပ်ပက် ဆီးချူခြင်း ရိုးတွင်းချဉ်ဆီလဲခြင်း မျက်ကြည်လွှာခွဲစိတ်ကုသခြင်းများကို လုပ်ဆောင်နိုင်ပြီး ထိုခံစားမှုများအတွက် လူမှုဖူလုံရေး ရန်ပုံငွေ (ပကန်ဆာခုမ်)သို့ အနည်းဆုံး(၃)လပေးသွင်းပြီးမှသာလျှင်ခံစားခွင့်ရှိသည်။


(၂) ဒုက္ခိတဖြစ်ခြင်းအတွက် ဆေးကုသခြင်းနှင့် ဝန်ဆောင်မှုစာရိတ်ဝင်လျှော့ခြင်းအတွက် နစ်နာကြေး ခနွ္ဒာ ကိုယ်အစားထိုးတပ်ဆင်ခြင်း ခန္ဒာကိုယ်ပြန်လည်ကြံ့ခိုင်နိုင်ရေး လေ့ကျင့်ခြင်း အသက်ဆုံးရှုံးသွားပါက အသုဘစာရိတ်နှင့်ထောက်ပံ့ကြေးပေးအပ်ခြင်းတို့ကိုပကန်ဆာခုမ် သို့အနည်းဆုံး (၃)လပေးသွင့်းပြီးမှ ခံစားခွင့်ရှိသည်။

ဒုက္ခိတဖြစ်သူသည် ဝင်ငွေဆုံးရှုံးခြင်းကြောင့် နစ်နာကြေးအဖြစ် လုပ်အားခ၏ ၅၀%ကိုလစဉ်လတိုင်း ခံစား ခွင့်ရှိပြီး တစ်သက်စာရရှိမည်ဖြစ်သည်။ ဆေးကုသစာရိတ် အဖြစ်အမှန်တကယ်ကုန်ကျသည့် အတိုင်းတစ် ကြိမ်လျှင် ၂၀၀၀ ဘတ်ထက်မကျော်သော ငွေခံစားခွင့်ရရှိမည်ဖြစ်သည်။

စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကျန်းမာကြံ့ခိုင်မှုလေ့ကျင့်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ယူခြင်းတို့ အတွက် လူမှုဖူလုံရေး ရန်ပုံငွေမှ သတ်မှတ်ချက်များနှင့် ကိုက်ညီသော လေ့ကျင့်ရေးစာရိတ်ကို အမှန်တ ကယ် ကုန်သည့် အတိုင်း တစ်ဦးလျှင် (၄၀၀၀၀)ဘတ်ထက် မကျော်သော ခံစားခွင့်ရရှိမည်ဖြစ်သည်။
  
(၃)သေဆုံးခြင်းအတွက် အသုဘစာရိတ်နှင့်ထောက်ပံ့ကြေးအဖြစ် ၄၀၀၀၀ ကိုရရှိမည်ဖြစ်ပြီး ပကန်ဆာခုမ် ကိုအနည်းဆုံး(၁)လပေးသွင်းပြီးမှသာလျှင် ခံစားခွင့်ရရှိမည်ဖြစ်သည်။


(၄)မီးဖွားခြင်းများအတွက် ဆေးကုသခြင်းနှင့်ဝန်ဆောင်မှုစာရိတ်အဖြစ် ၁၃၀၀၀ ကိုရရှိမည်ဖြစ်ပြီး အနည်း ဆုံး (၇)လပေးသွင်းပြီးမှသာလျှင်ယခင် ဥပဒေ (ယခုလက်ရှိဥပဒေအရ ) အနည်းဆုံး ငါးလ ပေးသွင်း ထားပြီးမှသာခံစားခွင့်ရရှိမည်ဖြစ်သည်။


(၅) အသက် ၆ နှစ်ထက်မကျော်သေးသည့် တရားဝင်သားသမီးများအတွက် တစ်လလျှင် ၄၀၀ ဘတ်ကိုလည်း ရရှိမည်ဖြစ်ပြီး လူမှုဖူလုံရေး ပကန်ဆာခုမ်သို့အနည်းဆုံး(၁)နှစ်ပေးသွင့်းပြီးမှသာလျှင် ခံစားခွင့်ရရှိမည်ဖြစ် သည်။
  
(၆) အလုပ်လက်မဲ့ ထောက်ပံ့ကြေး အလုပ်ထုတ်ခံရပါက ထောက်ပံ့ကြေးအဖြစ်လစာ၏ ၅၀%ကိုတစ်ကြိမ် လျှင် ရက်ပေါင်း ၁၈၀ ထက်မကျော်ပဲခံစားခွင့်ရရှိမည်ဖြစ်သည်၊ အလုပ်မှနှုတ်ထွက်ခြင်း(သို့) စာချုပ်သက် တမ်းပြည့်၍ အလုပ်မှရပ်စဲခြင်းများအတွက် လစာ၏ ၃၀%ကိုရက်ပေါင်း (၉၀)ထက်မကျော်သောကာလ အထိရရှိမည်ဖြစ်ပြီး ပကန်ဆာခုမ်သို့အနည်းဆုံး(၆)လပေးသွင့်ပြီးမှသာလျှင်ခံစားခွင့်ရရှိမည်ဖြစ်သည်။
  
(၇) အသက်ကြီးပင်စင်အတွက် ပင်စင်စာရိတ်ကို အသက်(၅၅)နှစ်ပြည့်ပြီးလူမှုဖူလုံရေး ပကန်ဆာခုမ်သို့ အနည်းဆုံးလပေါင်း၁၈၀(၁၅)နှစ် ပေးသွင်းထားမှသာ ရရှိမည်ဖြစ်သည်၊ သက်ကြီးပင်စင် စာရိတ်အဖြစ်
နောက်ဆုံးလစာ လပေါင်း ၆၀ ၏ ၂၀%ရရှိမည်ဖြစ်ပြီး လူမှုဖူလုံရေးရန်ပုံငွေသို့ ငွေးပေးသွင်းသူ အဖြစ် ရပ်ဆိုင်းထားသူဖြစ်ရမည်။ လပေါင်း၁၈၀ အထက်ကျော်သည်အထိငွေပေးသွင်းထားသူဖြစ်ပါက အထက်
ဖော်ပြပါ ၂၀%အပြင်တစ်ရာလျှင် ၁.၅%ကိုတစ်နှစ်ပြည့်တိုင်း ထပ်ပေါင်းထောက်ပံ့ကြေး ရရှိမည်ဖြစ်ပြီး မိမိပေးသွင်းသောကာလ အလိုက် လစဉ်အငြိမ်းစား လခခံစားခွင့်ရရှိမည်ဖြစ်သည်။

မှတ်ချက်//………//အလုပ်လက်မဲ့ဖြစ်သည်နောက် ရက်ပေါင်း(၃၀)အတွင်း အလုပ်လက်မဲ့မှတ်ပုံတင်ကို အလုပ်သမားရှာဖွေရေးဌာနတွင်သွားရောက်ပြုလုပ်ထားမှသာ ထောက်ပံံကြေးတောင်းခံနိုင်မှာဖြစ်သည်။

******” အထူးမှတ်ချက် ” ********
အမှတ်စဉ် (၆-၇)တို့တွင်ရွှေ့ပြောင်းအလုပ်သမားများအတွက်ခံစားခွင့်ရရှိရန်မလွယ်ကူသေးပါအကြောင်း မှာ ရွှေ့ပြောင်းအလုပ်သမားအများစုသည် နေရာဌာနတစ်ခုသို့ပြောင်းရွှေ့ကြသလို အသက်ကြီးပင်စင်စား သည့်အထိလည်း အလုပ်မလုပ်လိုကြပေ။

မှတ်ချက်// // အလုပ်လက်မဲ့ဖြစ်သည့်နောက်မှစပြီး ရက်ပေါင်း(၃၀)အတွင်းအလုပ်လက်မဲ့မှတ်ပုံတင်ကို အလုပ်သမားရှာဖွေရေးဌာနသို့သွားရောက်ပြုလုပ်ထားမှသာထောက်ပံ့ကြေးများကိုခံစားခွင့်ရရှိမည်ဖြစ်သည်။

MWRN

Subscribe Us