Thursday, February 18, 2016

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ သိမှတ်ထားသင့်သော Work Permitနှင့် သက်ဆိုင်သည့် ပြစ်ဒဏ်များ



၁။ အလုပ် လုပ်ခွင့်လက်မှတ် ဝါခ်ပါမစ် (ခွင့်ပြုချက်မရှိဘဲ အလုပ် လုပ်ပါက) ပုဒ်မ ၅၁ အရ (၂၀၀၀၀)နှစ်သောင်း ထက်မကျော်သော ဒဏ်ငွေ သော် လည်းကောင်း ထောင်ဒဏ် (45)ရက်သော်လည်းကောင်းကျခံ ရမည်ဖြစ်သည်။

၂။ ပါမစ်ပြုလုပ်ထားသည့် အလုပ်ရုံ မှအခြားသော အလုပ်မျိုးကို လုပ်ဆောင် ပါက ပုဒ်မ ၂၆ အရ ၁၀၀၀၀(တစ်သောင်း)ထက်မကျော်သော ဒဏ်ငွေသော် လည်းကောင်း အချုပ်(၇)သော်လည်းကောင်း ကျခံရမည်ဖြစ်သည်။


၃။ သက်ဆိုင်ရာအစိုးရ တာဝန်ရှိပုဂ္ဂိုလ် တို့မှအစောတလျှင်ရှောင်တခင် ဝင်ရောက်စစ်ဆေးပါက အလုပ် လုပ်ခွင့်လက်မှတ်ရှိသော်လည်း (ပါမစ်မပြ သနိုင်ပါက) ပုဒ်မ ၂၄ အရ.............

၁ ။ ထောင်ဒဏ် (၄၅)ရက် သို့မဟုတ် ဒဏ်ငွေ ၂၀၀၀ (နှစ်ထောင်) မှ ၁၀၀၀၀ (တစ်သောင်း)ဘတ်အထိ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးပေါင်း၍ ကျခံနိုင်သည်။


ဥပဒေချိုးဖောက်မှုထင်ရှားပါက ရက်ပေါင်း (၃၀) တစ်လ အတွင်း နေရပ် အမိနိုင်ငံနယ်စပ်သို့ ပြန်ပို့ခံရမည်။

ထိုအတွက်ကြောင့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်တစ်ခု လုပ်ပါက သက်ဆိုင်ရာ စာရွက်စာတမ်း (စာချုပ်)အပြည့်အစုံရှိဖို့ ရန်လိုအပ်သည်။

2014 နှစ်ကုန်အထိ အမိမြန်မာပြည်တွင် အလုပ်ရုံများရှိလာသော်လည်း အလုပ်သမားများအတွက်အလုပ်ရှင် အလုပ်သမားဥပဒေ မရှိသေးခြင်းကြောင့် ဥပဒေရှိ၍ ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ကိုလည်းရကြသော ထိုင်းနိုင်ငံတွင် အလုပ် လုပ်ပါ မဖြစ်မနေလိုက်နာဖို့လိုသည်။

ရေးသာတင်ပြသူ- MWRN

Subscribe Us