Thursday, February 18, 2016

အမျိုးသမီးနှင့် ကိုယ်ဝန်ဆောင် ကလေးအလုပ်သမားများစေခိုင်ခြင်းဆိုင်ရာဥပဒေ


(၁) အမျိုးသမီး/ကလေး/ကိုယ်ဝန်ဆောင် များကို မြေအောက်၊ရေအောက်၊ဥမင်လှိုင်ခေါင်းထဲတွင်လုပ်ရသော ဓါတ်သတ္တုတူးဖေါ်ရေးလုပ်ငန်းများတွင်စေခိုင်းခြင်းမပြုရ

(၂) ဆောက်လုပ်ရေးတွင်လည်း ၁၀ မီတာ(၃၂)ပေခန့်နှင့်အထက်မြင့်သောငြမ်းစင်များပေါ်တွင် အလုပ် လုပ်ရန်စေခိုင်းခြင်းမပြုရပါ။

(၃) ပေါက်ကွဲမီးလောင်လွယ်ကူသော ပစ္စည်းများကို ထုတ်လုပ်(သို့)သယ်ယူခိုင်းစေခြင်း၊ တုန်ခါမှုရှိသော စက်ယန္တယားများနှင့် အလုပ် လုပ်ရသော အလုပ်များစေခိုင်းခြင်းမပြုရပါ။

(၄) သာမာန်အမျိုးသမီးအတွက် အလေးချိန်၂၅ ကီလိုထက်လေးသောပစ္စည်းများ ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ၁၅ ကီလိုထက်လေးသောပစ္စည်းများ ကလေးအလုပ်သမား အမျိုးသမီး(၁၅ နှစ်မှ ၁၈ နှစ်)အထိကို အလေးချိန်၂၀ ကီလိုထက်လေးသောပစ္စည်းများ၊ ကလေးအလုပ်သမားအမျိုးသား (၁၅နှစ်မှ ၁၈နှစ်)ကိုအလေးချိန်၂၅ ကီလိုထက်လေးသောပစ္စည်းများသယ်ပိုးထမ်းရွက်စေခြင်းမပြုလုပ်စေရပါ။



(၅) သတ်မှတ်ချက်ထက် လွန်စွာလေးလံသောပစ္စည်းများကိုသယ်ပိုးရာတွင် အကူပစ္စည်းများစီစဉ်ပေး ရမည်။(ဥပမာ-တွန်းလှည်းခါးပတ်အစရှိသည်)

(၆) အလုပ်ရှင်သည် အပါဝင်အလိုမတူဘဲ (မည်သည့်လူမျိုးမဆိုအလုပ်သမား) အမျိုးသမီး အလုပ်သမား များအပေါ် ဗလက္ကာပြုခြင်း ထိခိုက်စော်ကားခြင်း ကာယိနြေ္ဒပျက်ပြားအောင် နောက်ပြောင် ကျီစယ်ခြင်း ထိကပါးရိကပါးပြုလုပ်ခြင်း ပြောဆိုခြင်း မပြုလုပ်ရပါ။

(၇) ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်ကလေးအလုပ်သမားများကို ည ၁၀ နားရီမှ မနက် ၆ နာရီအတွင်းလုပ် လုပ်ရသော အလုပ်သမားများ ခိုင်းစေခြင်း၊အချိန်ပိုခိုင်းခြင်း၊ အလုပ်နားရက်များတွင် အလုပ် လုပ်ခိုင်းစေခြင်း။မပြုလုပ်ရပါ။

(၈) အမျိုးသမီးအလုပ်သမားများနှင့် ကလေးအလုပ်သမားများကို ယာဉ်မောင်းစေခြင်း ယာဉ်နောက်လိုက်
စေခြင်း နှင့်လှေထဲတွင် လုပ်ရသော အလုပ် မျိုးကိုစေခိုင်းခြင်းမပြုရပါ။

(၉) ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ရက်၉၀ ထက်မကျော်သော မီးဖွားခွင့်ရက်ကိုလည်းပိုင်ဆိုင်ခွင့်ရှိပြီး လုပ်အားခအတွက်(၄၅)ရက်စာကိုလည်းခံစားခွင့်ရှိသည်။

(၁၀) အလုပ်သည် ကိုယ်ဝန်ရှိသောအလုပ်သမားများကို အကြောင်းမျိုးစုံပြ၍ အလုပ်မှထုတ်ခြင်းမပြုလုပ်ရပါ။

(၁၁) ဆရာဝန်က ပုံမှန်လုပ်ငန်းခွင်နှင့်မသင့်တော်ဟုထောက်ခံလက်မှတ်ပေးလျှင် အလုပ်ရှင်သည် ကိုယ်ဝန်
ဆောင်အမျိုးသမီးအလုပ်သမားအတွက် သင့်တော်သော လုပ်ငန်းခွင်တွင် ကျန်းမာရေးမထိခိုက်လျှင် လည်းကောင်း အလုပ်သမားကလက်ခံလျှင်လည်းကောင်း အလုပ် လုပ်ရန်စေခိုင်းနိုင်သည်။

(၁၂) အမျိုးသမီးနှင့် အမျိုးသားအလုပ်သမားများတူညီသော အလုပ်ခွင်၌ တန်းတူညီမျှသော လုပ်အားခကို ရရှိရမည်။

(၁၃) အလုပ်ရှင်သည်၁၅ နှစ်အောက်ကလေးများကို အလုပ်သမားအဖြစ် စေခိုင်းခြင်းမပြုလုပ်ရပါ။

(၁၄) အလုပ်ရှင်သည် ၁၈ နှစ်အောက်ကလေးအလုပ်သမားများကို ငှားရမ်းမည်ဆိုပါက အလုပ်သမားကာကွယ်ရေးရုံးသို့ ၁၅ ရက်အတွင်းအကြောင်းကြားရမည်။

(၁၅) အလုပ်ရှင်သည် ၁၈ နှစ်အောက်ကလေးအလုပ်သမားများကို သံသတ္တု ပုံသွန်းလောင်းခြင်း ပွတ်တိုက်
ခြင်း သံဖြတ်ခြင်း သံသတ္တုပုံစံနှိပ်ခြင်း၊ဝန်ချီစက် ကရိန်းစက်များ မောင်းနှင့်ရသောအလုပ်များ လျှပ်စစ်လွှ အသုံးပြုရသောလုပ်ငန်းများ အလုပ်မခိုင်းစေရပါ။

(၁၆) ပူလွန်း အေးလွန်းသောနေရာ၌ အလုပ် လုပ်ရခြင်း အန္တရာယ်ရှိသော အလင်းရောင်များနှင့် လုပ်ရ
သောအလုပ်များ ရေဒီယို သတ္တိရောင်ပြန်ကြွသော လုပ်ငန်းများတွင် ကလေးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားများအား စေခိုင်းခြင်းမပြုလုပ်ရ။

(၁၇) အန္တရာယ်ရှိသော ဓါတုပစ္စည်းများကို အသုံးပြု၍ အလုပ် လုပ်ရခြင်း ဗိုင်းရပ်စ် ဘတ်တီးရီးယားရောဂါ ပိုးများနှင့် ပတ်သတ်သောအလုပ်များတွင် ကလေးနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်သမား အား စေခိုင်း
ခြင်း မပြုလုပ်ရပါ။

(၁၈) ကလေးအလုပ်သမားကို စက်ယန္တယား လည်ပတ်နေစဉ် စက်သန့်ရှင်းရေးပြုလုပ်ရန်စေ ခိုင်းခြင်း မပြုလုပ်ရ။

(၁၉)သားသတ်ရုံ လောင်းကစားဝိုင်း အကဖြင့်ဖျော်ဖြေရသည့်နေရာ အရက်သေစာရောင်းချသည့်နေရာ တည်းခိုခန်း အနှိပ်ခန်း စသည့်အလုပ်များကို ကလေးအလုပ်သမားများအားစေခိုင်းခြင်းမပြုလုပ်ရ။

(၂၀) ၁၈နှစ်အောက်ကလေားအလုပ်သမား၏ လုပ်အားခလစာကို အခြားသူများမှတဆင့်ပေးခြင်း ထိုကလေးအလုပ်သမားထံမှ အာမခံကြေးတောင်းခြင်းမပြုလုပ်ရ။

(၂၁)၁၈နှစ်အောက်ကလေးအလုပ်သမားများသည် ပညာရေးပိုင်းဆိုင်ရာတွင်ဖွံ့ဖြိုးရေးအတွက် ပညာေ၇း ဌာနမှပြုလုပ်သော အစည်းဝေးပွဲများ ဆွေးနွေးပွဲများ သင်တန်းများ ကိုတက်ရောက်ခြင်း ပညာေ၇းပိုင်းဆိုင် ရာတက်ရောက်သင်ကြားခြင်းအတွက် အလုပ်နားခွင့်ရှိပြီး အလုပ်ရှင်ကိုကြိုတင်ခွင့်တောင်းပြီးသွားပိုင် ခွင့်ရှိသည်။

Subscribe Us